Zawgyi ဖြင့်ဖတ်ရန်

 


 


ယခုလက်ရှိပုံ


အရင်တုန်းကပုံ


Credit : popolay

Unicode ဖြင့်ဖတ်ရန်

နောက်တစ်ကြိမ် မျက်နှာခွဲစိတ်ခြင်းထားခြင်းမရှိကြောင်းငြင်းဆိုလိုက်တဲ့ လီဒါဟေး အေဂျင်စီ

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသမီး တစ်ဦးဖြစ်တဲ့ လီဒါဟေးဟာဆိုရင် မြန်မာနိုင်ငံမှာ “ချိုဝမ်” ဆိုပြီးလူသိများတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ လီဒါဟေး ဟာ မျက်နှာခွဲစိတ်ပြုပြင်ထားကြောင်း ဝန်ခံဖူးတဲ့ သရုပ်ဆောင်တစ်ဦးလဲဖြစ်ပါတယ်။ မျက်နှာခွဲစိတ်ထားတယ်ဆိုပေမဲ့လဲ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေ၊ ရှိရင်းစွဲ အောင်မြင်ကျော်ကြားမှုတွေကြောင့် ဆက်လက်အောင်မြင်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လီဒါဟေး အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပုံတစ်ပုံကြောင့် ပြည်သူလူထု ပရိတ်သတ်တွေရဲ့ ပြင်းထန်စွာ ဝေဖန်ရှုံ့ချခြင်းကို ခံခဲ့ရပါတယ်။

 

မေလ ၇ ရက်နေ့မှာ လီဒါဟေးတင်ခဲ့တဲ့ အင်စတာဂရမ်ပုံကတော့ ဆယ်ဖီရိုက်ထားတဲ့ ပုံတစ်ပုံဖြစ်ပြီး သူမမျက်နှာဟာ ပုံမှန်နဲ့ မတူပဲအနည်းငယ်ပြောင်းလဲနေတယ် ထင်ရတယ်လို့ ပရိတ်သတ်တွေ မှတ်ချက်ပေးခဲ့ပါတယ်။

ယခုလက်ရှိပုံ

“သူ နှာခေါင်းထပ်ပြင်ထားပြန်ပြီလား” “မျက်နှာကို ဒီထက်မပြင်ပါနဲ့တော့ အရင်ကတောင် ပိုကြည့်ကောင်းသေးတယ်” “သူ့မျက်နှာကြီး ကကြည့်ရဆိုးလိုက်တာ တစ်ခုခုလိုအပ်နေသလိုပဲ” အစရှိသဖြင့် ဝေဖန်ခဲ့ကြပါတယ်။ အရင်က ပုံက ပိုလှကြောင်း ထပ်မပြင်ကြဖို့ ပရိတ်သတ်အများက တားမြစ်တဲ့ ဂရုဏာဒေါသော စကားတွေပြောဆိုခဲ့ပါတယ်။

အရင်တုန်းကပုံ

ဒီကိစ္စနဲ့ စပ်လျဉ်းပြီး လီဒါဟေး အေဂျင်စီ ဖြစ်တဲ့ FN Entertainment ကရှင်းလင်းချက်ထုတ်ပြန်လာပါတယ်။ “ကျွန်တော်တို့ ကုမ္ပဏီက မင်းသမီး လီဒါဟေးဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မျက်နှာခွဲစိတ်ခြင်း မလုပ်ခဲ့တာတော်တော်ပဲကြာခဲ့ပါပြီ” ဟု ထုတ်ပြန်ကြေငြာလာပါတယ်။

Credit : popolay

LEAVE A REPLY