Zawgyi ျဖင့္ဖတ္ရန္

Running Man အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ လီကြမ္ဆူးဟာဆိုရင္ တီဗြီ ႐ုပ္သံအစီအစဥ္ေတြမွာသာမက သ႐ုပ္ေဆာင္ေလာကမွာလဲ ေအာင္ျမင္ေက်ာ္ၾကားသူတစ္ေယာက္ပဲျဖစ္ပါတယ္။ လီကြမ္ဆူးဟာ လတ္တေလာမွာ သ႐ုပ္ေဆာင္ Shin Ha Kyun , Lee Som တို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Inseperable bros အတြက္ ပ႐ိုမိုးရွင္းဆင္းေနရတာပဲျဖစ္ပါတယ္။ လီကြမ္ဆူးတစ္ေယာက္ စက္႐ုပ္ဝတ္စုံကို ဘာေၾကာင့္ဝတ္ျဖစ္တယ္ဆိုတဲ့ အေၾကာင္းအရင္းေလးကို ပိုပိုေလးနဲ႔အတူ လိုက္ပါၾကည့္ရႈလိုက္ၾကရေအာင္။

 

ေမလ ၅ရက္ေန႔မွာက်ေရာက္ခဲ့တဲ့ ကိုးရီးယားကေလးမ်ားေန႔မွာ လီကြမ္ဆူးဟာ Shin Ha Kyun , Lee Som တို႔နဲ႔အတူ ဇာတ္လမ္းပ႐ိုမိုးရွင္းဆင္းဖို႔ seoul, suwon, jukjeon, bundang ၿမိဳ႕ေတြကို လွည့္လည္သြားလာခဲ့ပါတယ္။

 

 

ကေလးမ်ားေန႔ျဖစ္တဲ့အတြက္ လီကြမ္ဆူးမွာ ကေလးေတြအတြက္ အထူးအစီအစဥ္ရွိေနခဲ့တာပါ။ Transformer စက္႐ုပ္ Bumblebee လိုဝတ္စားၿပီး အထက္ပါၿမိဳ႕ေတြမွာရွိတဲ့ ႐ုပ္ရွင္႐ုံေတြကို လွည့္လည္သြားလာခဲ့ပါတယ္။

Shin Ha Kyun နဲ႔ Lee Som တို႔လဲ လီကြမ္ဆူးနဲ႔အတူ လွည့္လည္သြားလာခဲ့ေပမဲ့ စက္႐ုပ္အဝတ္အစားနဲ႔ လီကြမ္ဆူးကို ကေလးေတြအႀကိဳက္ေတြ႕ခဲ့ၾကပါတယ္။

ဒီလို ပူအိုက္တဲ့ ရာသီဥတုမွာ ကေလးေတြေပ်ာ္႐ႊင္ေစဖို႔အတြက္ စက္႐ုပ္အဝတ္အစားကို အေလးခံဝတ္ၿပီး လွည့္လည္သြားလာေပးေနတဲ့ လီကြမ္ဆူးကိုေတာ့ မေလးစားပဲမေနႏိုင္ပါဘူး။ လူေတြေပ်ာ္ေအာင္ ဘယ္လိုလုပ္မယ္ဆိုတဲ့ အေတြးေတြပဲ သူ႔ေခါင္းထဲ ရွိေနေလသလားလို႔ေျပာရရမွာပါပဲ။ တကယ္ကို အဖိုးတန္တဲ့ပေရာ္ဖက္ရွင္နယ္ ဟာသပညာရွင္တစ္ဦးပါပဲ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကလေးများနေ့မှာ စက်ရုပ်လို ဝတ်စားပြီး လျှောက်သွားပြခဲ့တဲ့ လီကွမ်ဆူး

Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီကွမ်ဆူးဟာဆိုရင် တီဗွီ ရုပ်သံအစီအစဉ်တွေမှာသာမက သရုပ်ဆောင်လောကမှာလဲ အောင်မြင်ကျော်ကြားသူတစ်ယောက်ပဲဖြစ်ပါတယ်။ လီကွမ်ဆူးဟာ လတ်တလောမှာ သရုပ်ဆောင် Shin Ha Kyun , Lee Som တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ Inseperable bros အတွက် ပရိုမိုးရှင်းဆင်းနေရတာပဲဖြစ်ပါတယ်။ လီကွမ်ဆူးတစ်ယောက် စက်ရုပ်ဝတ်စုံကို ဘာကြောင့်ဝတ်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းလေးကို ပိုပိုလေးနဲ့အတူ လိုက်ပါကြည့်ရှုလိုက်ကြရအောင်။

 

မေလ ၅ရက်နေ့မှာကျရောက်ခဲ့တဲ့ ကိုးရီးယားကလေးများနေ့မှာ လီကွမ်ဆူးဟာ Shin Ha Kyun , Lee Som တို့နဲ့အတူ ဇာတ်လမ်းပရိုမိုးရှင်းဆင်းဖို့ seoul, suwon, jukjeon, bundang မြို့တွေကို လှည့်လည်သွားလာခဲ့ပါတယ်။

ကလေးများနေ့ဖြစ်တဲ့အတွက် လီကွမ်ဆူးမှာ ကလေးတွေအတွက် အထူးအစီအစဉ်ရှိနေခဲ့တာပါ။ Transformer စက်ရုပ် Bumblebee လိုဝတ်စားပြီး အထက်ပါမြို့တွေမှာရှိတဲ့ ရုပ်ရှင်ရုံတွေကို လှည့်လည်သွားလာခဲ့ပါတယ်။

Shin Ha Kyun နဲ့ Lee Som တို့လဲ လီကွမ်ဆူးနဲ့အတူ လှည့်လည်သွားလာခဲ့ပေမဲ့ စက်ရုပ်အဝတ်အစားနဲ့ လီကွမ်ဆူးကို ကလေးတွေအကြိုက်တွေ့ခဲ့ကြပါတယ်။

ဒီလို ပူအိုက်တဲ့ ရာသီဥတုမှာ ကလေးတွေပျော်ရွှင်စေဖို့အတွက် စက်ရုပ်အဝတ်အစားကို အလေးခံဝတ်ပြီး လှည့်လည်သွားလာပေးနေတဲ့ လီကွမ်ဆူးကိုတော့ မလေးစားပဲမနေနိုင်ပါဘူး။ လူတွေပျော်အောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အတွေးတွေပဲ သူ့ခေါင်းထဲ ရှိနေလေသလားလို့ပြောရရမှာပါပဲ။ တကယ်ကို အဖိုးတန်တဲ့ပရော်ဖက်ရှင်နယ် ဟာသပညာရှင်တစ်ဦးပါပဲ။

Credit : popolay

LEAVE A REPLY