Zawgyi ျဖင့္ဖတ္ရန္

 

ထိုင္းႏိုင္ငံ က လီဗာပူးအသင္းရဲ႕ ပရိသတ္ တစ္ေယာက္က ခ်ံပီယံလိဂ္ပြဲ မစခင္မွာ သူေပးခဲ့တဲ့ ကတိအတိုင္း လီဗာပူးအသင္းရဲ႕ ဖန္ေတြက ဘယ္ေလာက္ကတိတည္ေၾကာင္းကို လူမႈကြန္ယက္ေပၚကေန Live လႊင့္ၿပီး သက္ေသျပခဲ့ပါတယ္။

Panya Sainet ဆိုသူက ၿပီးခဲ့တဲ့ အဂၤါေန႔က ခ်ံပီယံလိဂ္ပြဲမွာ လီဗာပူးအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ မကစားခင္မွာ “ဒီည လီဗာပူးက ဘာစီလိုနာကိုႏိုင္ၿပီး ခ်ံပီယဲလိဂ္ဖိုင္နယ္တက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့မယ္ဆိုရင္ ငါ ကိုယ္လုံးတီးခြၽတ္ေျပးျပမယ္ ေသာက္႐ူးေရ..” လို႔ လက္တေလာမွာ ေဖ့စ္ဘြတ္ခ္က အေကာင့္ပိတ္ထားခံရတဲ့ Alex Jones ကို ေဒါသနဲ႔ ေရးသားတုံ႔ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီေန႔ညက ပြဲစဥ္မွာ လီဗာပူးအသင္းက ဘာစီလိုနာအသင္းကို ၄ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရၿပီး ဖိုင္နယ္ကို တက္သြားခဲ့တဲ့အတြက္ သူ႔ရဲ႕ကတိအတိုင္း ဝတ္လစ္စလစ္နဲ႔ ေျပးျပခဲ့တာပါ။
ကိုယ္လုံးတီးလို႔ ဆိုေပ့မယ့္လည္း အတြင္းခံေရကူးေဘာင္းဘီ အတိုေလး ဝတ္ထားၿပီး ညလူေျခတိတ္ခ်ိန္လမ္းမေပၚမွာ ေျပးျပခဲ့တာပါ။

 

ဒီ႐ုပ္သံကို ၾကည့္ရႈသူ ၁ သန္းေက်ာ္ရွိေနၿပီး မနက္ ၈ နာရီေလာက္ေျပးပါလား၊ ဘာလို႔ လူမရွိတဲ့အခ်ိန္မွ ေျပးရတာလဲလို႔ ေနာက္ေျပာင္ေဝဖန္သူေတြရွိသလို၊ တစ္သက္လုံး ကတိမတည္တဲ့ေကာင္ ဒါက်ေတာ့ ကတိတည္သားလို႔ သူ႔ရဲ႕သူငယ္ခ်င္းေတြက က်ီစယ္ခဲ့ၾကပါတယ္။ဘာပဲျဖစ္ျဖစ္ လီဗာပူးရဲ႕ ဖန္ေတြကေတာ့ အခုလို ကတိတည္တဲ့အတြက္ သူ႔ကိုခ်ီးက်ဴးေနၾကပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

လီဗာပူး အသင်းနိုင်လို့ ကတိအတိုင်း ဝတ်လစ်စလစ် လမ်းမပေါ် ပြေးပြခဲ့သူ(ရုပ်သံ)

ထိုင်းနိုင်ငံ က လီဗာပူးအသင်းရဲ့ ပရိသတ် တစ်ယောက်က ချံပီယံလိဂ်ပွဲ မစခင်မှာ သူပေးခဲ့တဲ့ ကတိအတိုင်း လီဗာပူးအသင်းရဲ့ ဖန်တွေက ဘယ်လောက်ကတိတည်ကြောင်းကို လူမှုကွန်ယက်ပေါ်ကနေ Live လွှင့်ပြီး သက်သေပြခဲ့ပါတယ်။

Panya Sainet ဆိုသူက ပြီးခဲ့တဲ့ အင်္ဂါနေ့က ချံပီယံလိဂ်ပွဲမှာ လီဗာပူးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ မကစားခင်မှာ “ဒီည လီဗာပူးက ဘာစီလိုနာကိုနိုင်ပြီး ချံပီယဲလိဂ်ဖိုင်နယ်တက်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ငါ ကိုယ်လုံးတီးချွတ်ပြေးပြမယ် သောက်ရူးရေ..” လို့ လက်တလောမှာ ဖေ့စ်ဘွတ်ခ်က အကောင့်ပိတ်ထားခံရတဲ့ Alex Jones ကို ဒေါသနဲ့ ရေးသားတုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့ညက ပွဲစဉ်မှာ လီဗာပူးအသင်းက ဘာစီလိုနာအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဖိုင်နယ်ကို တက်သွားခဲ့တဲ့အတွက် သူ့ရဲ့ကတိအတိုင်း ဝတ်လစ်စလစ်နဲ့ ပြေးပြခဲ့တာပါ။
ကိုယ်လုံးတီးလို့ ဆိုပေ့မယ့်လည်း အတွင်းခံရေကူးဘောင်းဘီ အတိုလေး ဝတ်ထားပြီး ညလူခြေတိတ်ချိန်လမ်းမပေါ်မှာ ပြေးပြခဲ့တာပါ။

ဒီရုပ်သံကို ကြည့်ရှုသူ ၁ သန်းကျော်ရှိနေပြီး မနက် ၈ နာရီလောက်ပြေးပါလား၊ ဘာလို့ လူမရှိတဲ့အချိန်မှ ပြေးရတာလဲလို့ နောက်ပြောင်ဝေဖန်သူတွေရှိသလို၊ တစ်သက်လုံး ကတိမတည်တဲ့ကောင် ဒါကျတော့ ကတိတည်သားလို့ သူ့ရဲ့သူငယ်ချင်းတွေက ကျီစယ်ခဲ့ကြပါတယ်။ဘာပဲဖြစ်ဖြစ် လီဗာပူးရဲ့ ဖန်တွေကတော့ အခုလို ကတိတည်တဲ့အတွက် သူ့ကိုချီးကျူးနေကြပါတယ်။

Credit : popolay

LEAVE A REPLY