Zawgyi ျဖင့္ဖတ္ရန္

 

ဩစေတးလ် အမ်ိဳးသား တစ္ဦးဟာ ဩစေတးလ်ႏိုင္ငံအေနာက္ပိုင္းက ေ႐ႊမိုင္းေတြရဲ႕အနီးတဝိုက္မွာ ဝါသနာအရ သတၳဳရွာေဖြေနရင္း အဖိုးတန္ပစၥည္းတစ္ခုကို မထင္မွတ္ဘဲေတြ႕ရွိခဲ့ပါတယ္။

ကယ္လ္ေဂၚလိုင္းေဒသ ( Kalgoorlie) က ေဈးဆိုင္ပိုင္ရွင္တစ္ဦးက ဒီျဖစ္ရပ္ရဲ႕မွတ္တမ္းပုံေတြကို အြန္လိုင္းမွာတင္ခဲ့တာေၾကာင့္ အဲဒီပစၥည္းက ဘာလဲဆိုတာ သိခြင့္ရခဲ့ပါတယ္။ တကယ့္ကိုအံ့ဩစရာပါပဲ…အဲဒီပစၥည္းက ၾသစေတးလ်ေဒၚလာ (၁၀၀, ၀၀၀)/ အေမရိကန္ေဒၚလာ (၆၉, ၀၀၀) ေလာက္တန္တဲ့ (၁.၄) ကီလိုဂရမ္အေလးခ်ိန္ရွိေ႐ႊတုံးတစ္တုံး ျဖစ္ေနခဲ့ပါတယ္။

ေ႐ႊတုံးကိုရွာေတြခဲ့တဲ့ အမည္မသိအမ်ိဳးသားဟာ ဟိုးအရင္ကတည္းက အေပ်ာ္တမ္းအေနနဲ႔ သတၳဳရွာေဖြေလ့ရွိသူေဒသခံတစ္ဦးျဖစ္တယ္လို႔ စတိုးဆိုင္ပိုင္ရွင္ မတ္ကြတ္ခ္ (Matt Cook) က ဘီဘီစီကို ေျပာျပခဲ့ပါတယ္။

သတၳဳရွာေဖြသူေတြအေနနဲ႔ အခုလို တန္ဖိုးမ်ားလြန္းတဲ့ေ႐ႊအစအနရွာေတြ႕တတ္တာမ်ိဳးဟာ တစ္ႏွစ္ကို အႀကိမ္ေရနည္းနည္းေလာက္ပဲရွိတတ္ေၾကာင္း ကြၽမ္းက်င္သူေတြက ဆိုထားပါတယ္။

သတၳဳရွာသူအမ်ိဳးသားဟာ အခုေ႐ႊတုံးကို ေျမျပင္ရဲ႕ေအာက္ဘက္ ၄၅ စင္တီမီတာ (၁၈ လက္မ) ေလာက္မွာရွိေနတဲ့ ဆားခဲျပင္ခ်ပ္ေပၚမွာ ရွာေဖြေတြရွိ႕ခဲ့တာပါ။ အဲဒီေနာက္ေတာ့ သူက မႈိရတဲ့မ်က္ႏွာေပးနဲ႔ ဆိုင္ထဲကိုဝင္လာၿပီး ေ႐ႊတုံးကို လာျပခဲ့ေၾကာင္း သတၳဳရွာသူေတြကို ကိရိယာတန္ဆာပလာေတြေရာင္းခ်ေနတဲ့ မတ္က ေျပာျပခဲ့ပါတယ္။

“အဲဒါက ေဆးလိပ္ဗူးတစ္ဗူးထက္ နည္းနည္းေလးပိုႀကီးၿပီး အေတာ္လည္း အႏွစ္ရွိတယ္ဗ်”လို႔ မတ္က ျပန္ေျပာျပခဲ့ပါေသးတယ္။

ေ႐ႊမိုင္းထဲမွာ ႂကြင္းက်န္ေနရစ္ခဲ့တဲ့ေ႐ႊအစအနေလးေတြကို သတၳဳရွာသူေတြက ခဏခဏရတတ္ၾကေၾကာင္းနဲ႔ သတၳဳမိုင္းေတြမွာလွည့္လည္ၿပီးသတၳဳရွာေဖြသူေတြထဲမွာ တခ်ိဳ႕က အပ်င္းေျပအလုပ္တစ္ခုအျဖစ္လုပ္တဲ့သူေတြျဖစ္ၿပီး တခ်ိဳ႕ကေတာ့ အသက္ေမြးဝမ္းေၾကာင္းအလုပ္အေနနဲ႔ အခ်ိန္ျပည့္လုပ္ေနၾကသူေတြျဖစ္ေၾကာင္း ကာတင္းတကၠသိုလ္က သတၳဳတြင္းပညာရပ္ဆိုင္ရာပါေမာကၡ ဆမ္ စပီးယားရင္း (Sam Spearing) က ရွင္းျပခဲ့ပါတယ္။

သတၳဳရွာသူေတြေတြ႕ေလ့ရွိတဲ့ ေ႐ႊအစအနအမ်ားစုဟာ ေအာင္စဝက္ထက္နည္းတဲ့ ေ႐ႊစေတြသာျဖစ္ေလ့ရွိေပမဲ့ မၾကာခဏဆိုသလိုပဲ ဒီလိုေ႐ႊစခပ္ေသးေသးေတြကို ရွာေတြ႕ၾကတတ္တယ္လို႔လည္း သိရပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

သတ္တုရှာစက်လေးကြောင့် အချီကြီးကံကောင်းသွားတဲ့ အမျိုးသား

ဩစတေးလျ အမျိုးသား တစ်ဦးဟာ ဩစတေးလျနိုင်ငံအနောက်ပိုင်းက ရွှေမိုင်းတွေရဲ့အနီးတဝိုက်မှာ ဝါသနာအရ သတ္ထုရှာဖွေနေရင်း အဖိုးတန်ပစ္စည်းတစ်ခုကို မထင်မှတ်ဘဲတွေ့ရှိခဲ့ပါတယ်။

ကယ်လ်ဂေါ်လိုင်းဒေသ ( Kalgoorlie) က ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဒီဖြစ်ရပ်ရဲ့မှတ်တမ်းပုံတွေကို အွန်လိုင်းမှာတင်ခဲ့တာကြောင့် အဲဒီပစ္စည်းက ဘာလဲဆိုတာ သိခွင့်ရခဲ့ပါတယ်။ တကယ့်ကိုအံ့ဩစရာပါပဲ…အဲဒီပစ္စည်းက သြစတေးလျဒေါ်လာ (၁၀၀, ၀၀၀)/ အမေရိကန်ဒေါ်လာ (၆၉, ၀၀၀) လောက်တန်တဲ့ (၁.၄) ကီလိုဂရမ်အလေးချိန်ရှိရွှေတုံးတစ်တုံး ဖြစ်နေခဲ့ပါတယ်။

ရွှေတုံးကိုရှာတွေခဲ့တဲ့ အမည်မသိအမျိုးသားဟာ ဟိုးအရင်ကတည်းက အပျော်တမ်းအနေနဲ့ သတ္ထုရှာဖွေလေ့ရှိသူဒေသခံတစ်ဦးဖြစ်တယ်လို့ စတိုးဆိုင်ပိုင်ရှင် မတ်ကွတ်ခ် (Matt Cook) က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

သတ္ထုရှာဖွေသူတွေအနေနဲ့ အခုလို တန်ဖိုးများလွန်းတဲ့ရွှေအစအနရှာတွေ့တတ်တာမျိုးဟာ တစ်နှစ်ကို အကြိမ်ရေနည်းနည်းလောက်ပဲရှိတတ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

သတ္ထုရှာသူအမျိုးသားဟာ အခုရွှေတုံးကို မြေပြင်ရဲ့အောက်ဘက် ၄၅ စင်တီမီတာ (၁၈ လက်မ) လောက်မှာရှိနေတဲ့ ဆားခဲပြင်ချပ်ပေါ်မှာ ရှာဖွေတွေရှိ့ခဲ့တာပါ။ အဲဒီနောက်တော့ သူက မှိုရတဲ့မျက်နှာပေးနဲ့ ဆိုင်ထဲကိုဝင်လာပြီး ရွှေတုံးကို လာပြခဲ့ကြောင်း သတ္ထုရှာသူတွေကို ကိရိယာတန်ဆာပလာတွေရောင်းချနေတဲ့ မတ်က ပြောပြခဲ့ပါတယ်။

“အဲဒါက ဆေးလိပ်ဗူးတစ်ဗူးထက် နည်းနည်းလေးပိုကြီးပြီး အတော်လည်း အနှစ်ရှိတယ်ဗျ”လို့ မတ်က ပြန်ပြောပြခဲ့ပါသေးတယ်။

ရွှေမိုင်းထဲမှာ ကြွင်းကျန်နေရစ်ခဲ့တဲ့ရွှေအစအနလေးတွေကို သတ္ထုရှာသူတွေက ခဏခဏရတတ်ကြကြောင်းနဲ့ သတ္ထုမိုင်းတွေမှာလှည့်လည်ပြီးသတ္ထုရှာဖွေသူတွေထဲမှာ တချို့က အပျင်းပြေအလုပ်တစ်ခုအဖြစ်လုပ်တဲ့သူတွေဖြစ်ပြီး တချို့ကတော့ အသက်မွေးဝမ်းကြောင်းအလုပ်အနေနဲ့ အချိန်ပြည့်လုပ်နေကြသူတွေဖြစ်ကြောင်း ကာတင်းတက္ကသိုလ်က သတ္ထုတွင်းပညာရပ်ဆိုင်ရာပါမောက္ခ ဆမ် စပီးယားရင်း (Sam Spearing) က ရှင်းပြခဲ့ပါတယ်။

သတ္ထုရှာသူတွေတွေ့လေ့ရှိတဲ့ ရွှေအစအနအများစုဟာ အောင်စဝက်ထက်နည်းတဲ့ ရွှေစတွေသာဖြစ်လေ့ရှိပေမဲ့ မကြာခဏဆိုသလိုပဲ ဒီလိုရွှေစခပ်သေးသေးတွေကို ရှာတွေ့ကြတတ်တယ်လို့လည်း သိရပါတယ်။

share from : burmese.asia

LEAVE A REPLY