Zawgyi ျဖင့္ဖတ္ရန္

ကမာၻအႏွ႔ံမွာေတာ့ ႏိုင္ငံတကာကို ဆိုင္ကယ္န႔ဲ ပတ္သြားေနတဲ့ သူေတြ အေျမာက္အမ်ားရွိပါတယ္။ ဒါကေတာ့ စံခ်ိန္တခုလိုမ်ိဳးဆိုလည္း မမွားပါဘူး။ ဆိုင္ကယ္ စီးရတာကေတာ့ ခဏေလးစီးတာေတာင္ တကိုယ္လံုးေညာင္းကိုက္ျပီး ေလဒဏ္မိုးဒဏ္ကလည္း ခံရပါေသးတယ္။ ဒီလိုမ်ိဳးကိုမွ တႏိုင္ငံနဲ႔ တႏိုင္ငံ ကူးျပီးသြားဖို႔ဆိုတာကေတာ့ ေတာ္ေတာ္ေလးကို မလြယ္တဲ့အရာပါပဲ။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ မိုင္ေပါင္း သံုးေသာင္း ႏိုင္ငံေပါင္း ၃၀ ေက်ာ္ကို ၅ လအတြင္း ဆိုင္ကယ္နဲ႔ ခရီးႏွင္မယ့္ ျမန္မာႏိုင္ငံသား ႏွစ္ဦးေပၚထြက္လာခဲ့ပါျပီ။ သူတို႔ႏွစ္ေယာက္ကေတာ့ ကိုေအာင္ေက်ာ္ဝင္းနဲ႔ ကိုဝိုင္းဇြန္ဖတို႔ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ ဆိုင္ကယ္နဲ႔ပဲ ႏိုင္ငံေပါင္း ၃၀ ေက်ာ္ကို ခရီးႏွင္ၾကမွာ ျဖစ္ပါတယ္။ ျမိဳ႔တျမိဳ႔ရဲ့ အစအဆံုးကို ဆိုင္ကယ္နဲ႔သြားရင္ေတာင္ အေတာ္ပင္ပန္းတဲ့ ကိစၥမွာ သူတို႔ႏွစ္ေယာက္ကေတာ့ ႏိုင္ငံေပါင္း ၃၀ ေက်ာ္ကို ဆိုင္ကယ္နဲ႔ ခရီးႏွင္မယ္ဆိုတာကေတာ့ ေလးစားစရာ ကိစၥတခုပါပဲ။

ျမန္မာႏုိင္ငံသား နွစ္ဦးျဖစ္တဲ့ ကုိေအာင္ေက်ာ္၀င္း နဲ႔ ကိုစုိင္းဇြန္ဖတုိ႔ ႏွစ္ဦးဟာ လာမယ့္ ဇြန္ ၂၆ ရက္ေန႔ကေနစတင္ၿပီး ရန္ကုန္ၿမိဳ႕မွ ထြက္ခြာကာ ႏုိင္ငံေပါင္း ၃၀ ေက်ာ္ ကုိ ဆုိင္ကယ္ႏွစ္စီး နဲ႔ ခရီးစတင္ ႏွင္မွာျဖစ္ပါတယ္။ ဒီကိစၥကိုေတာ့ စာနာဇင္းရွင္းလင္းပြဲ အခမ္းအနားလုပ္ခဲ့ျပီး ယင္းအခမ္းအနားကိုေတာ့ ျမန္မာႏုိင္ငံတြင္ ပထမဦးဆုံး ခရီးရွည္ဆုိင္ကယ္ ေမာင္းႏွင္ၿပီးခရီးထြက္ခဲ့ဖူးသူ ေဒၚတင္တင္စိန္ လည္းတတ္ေရာက္ခဲ့ၿပီး ဂုဏ္ျပဳအမွတ္တရ စကားေျပာခဲ့ပါေသးတယ္။

ေဒၚတင္တင္စိန္ဟာ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ျမန္မာႏုိင္ငံနဲ႔ ကမာၻတစ္လႊားမွာ ကမာၻ႕လွည့္ ေဒၚတင္တင္စိန္ ဆုိၿပီး နာမည္ႀကီး မွတ္တမ္းတင္ခံထားရသူျဖစ္ၿပီး စစ္က်န္ BSA ( Birmingham Small Arms Company Limited ) ဆုိင္ကယ္ေဟာင္းတစ္စီးျဖင့္ ႏုိင္ငံ ၃၀ ကုိ တစ္ႏွစ္အတြင္း ျဖတ္သန္းခဲ့သူျဖစ္ပါတယ္။ ဒါကလည္း တကယ္ကို ခ်ီးက်ဴးစရာ ကိစၥတခုပါပဲ။ လက္ရွိမွာေတာ့ ဒီျမန္မာႏိုင္ငံသား ႏွစ္ဦးကေရာ ဆိုင္ကယ္ေလာကမွာ မွတ္ေက်ာက္တခုတင္ထားႏိုင္ခဲ့မွာလား။ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးေရာ ဘယ္လိုျမင္ၾကလဲဗ်ာ။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

နိုင်ငံပေါင်း ၃၀ ကျော်ကို ၅ လအတွင်း ဆိုင်ကယ် နဲ့ ခရီးနှင်မယ့် မြန်မာနိုင်ငံသားနှစ်ဦး

ကမ္ဘာအနှံ့မှာတော့ နိုင်ငံတကာကို ဆိုင်ကယ်နဲ့ ပတ်သွားနေတဲ့ သူတွေ အမြောက်အများရှိပါတယ်။ ဒါကတော့ စံချိန်တခုလိုမျိုးဆိုလည်း မမှားပါဘူး။ ဆိုင်ကယ် စီးရတာကတော့ ခဏလေးစီးတာတောင် တကိုယ်လုံးညောင်းကိုက်ပြီး လေဒဏ်မိုးဒဏ်ကလည်း ခံရပါသေးတယ်။ ဒီလိုမျိုးကိုမှ တနိုင်ငံနဲ့ တနိုင်ငံ ကူးပြီးသွားဖို့ဆိုတာကတော့ တော်တော်လေးကို မလွယ်တဲ့အရာပါပဲ။

ဒါပေမယ့်လည်း လက်ရှိမှာတော့ မိုင်ပေါင်း သုံးသောင်း နိုင်ငံပေါင်း ၃၀ ကျော်ကို ၅ လအတွင်း ဆိုင်ကယ်နဲ့ ခရီးနှင်မယ့် မြန်မာနိုင်ငံသား နှစ်ဦးပေါ်ထွက်လာခဲ့ပါပြီ။ သူတို့နှစ်ယောက်ကတော့ ကိုအောင်ကျော်ဝင်းနဲ့ ကိုဝိုင်းဇွန်ဖတို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ဆိုင်ကယ်နဲ့ပဲ နိုင်ငံပေါင်း ၃၀ ကျော်ကို ခရီးနှင်ကြမှာ ဖြစ်ပါတယ်။ မြို့တမြို့ရဲ့ အစအဆုံးကို ဆိုင်ကယ်နဲ့သွားရင်တောင် အတော်ပင်ပန်းတဲ့ ကိစ္စမှာ သူတို့နှစ်ယောက်ကတော့ နိုင်ငံပေါင်း ၃၀ ကျော်ကို ဆိုင်ကယ်နဲ့ ခရီးနှင်မယ်ဆိုတာကတော့ လေးစားစရာ ကိစ္စတခုပါပဲ။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ဝင်း နဲ့ ကိုစိုင်းဇွန်ဖတို့ နှစ်ဦးဟာ လာမယ့် ဇွန် ၂၆ ရက်နေ့ကနေစတင်ပြီး ရန်ကုန်မြို့မှ ထွက်ခွာကာ နိုင်ငံပေါင်း ၃၀ ကျော် ကို ဆိုင်ကယ်နှစ်စီး နဲ့ ခရီးစတင် နှင်မှာဖြစ်ပါတယ်။ ဒီကိစ္စကိုတော့ စာနာဇင်းရှင်းလင်းပွဲ အခမ်းအနားလုပ်ခဲ့ပြီး ယင်းအခမ်းအနားကိုတော့ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ခရီးရှည်ဆိုင်ကယ် မောင်းနှင်ပြီးခရီးထွက်ခဲ့ဖူးသူ ဒေါ်တင်တင်စိန် လည်းတတ်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှတ်တရ စကားပြောခဲ့ပါသေးတယ်။

ဒေါ်တင်တင်စိန်ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားမှာ ကမ္ဘာ့လှည့် ဒေါ်တင်တင်စိန် ဆိုပြီး နာမည်ကြီး မှတ်တမ်းတင်ခံထားရသူဖြစ်ပြီး စစ်ကျန် BSA ( Birmingham Small Arms Company Limited ) ဆိုင်ကယ်ဟောင်းတစ်စီးဖြင့် နိုင်ငံ ၃၀ ကို တစ်နှစ်အတွင်း ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဒါကလည်း တကယ်ကို ချီးကျူးစရာ ကိစ္စတခုပါပဲ။ လက်ရှိမှာတော့ ဒီမြန်မာနိုင်ငံသား နှစ်ဦးကရော ဆိုင်ကယ်လောကမှာ မှတ်ကျောက်တခုတင်ထားနိုင်ခဲ့မှာလား။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ဘယ်လိုမြင်ကြလဲဗျာ။

Credit : Nanmalgyi

LEAVE A REPLY