Zawgyi ဖြင့်ဖတ်ရန်

 




Unicode ဖြင့်ဖတ်ရန်

Crush ကို ဓာတ်ပုံ ခိုးရိုက်မိလို့ အရှက်ကွဲခဲ့တယ်ဆိုတဲ့ နေခြည်ဦး

နေခြည်ဦးကတော့ မိတ်ကပ် Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ယောက်ုဖြစ်ပါတယ်။ Blogger တစ်ယောက်ဖြစ်နေစဉ်တည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုလက်ခံလာပြီး သူမရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ကားကို ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သဘာရင့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်တာတောင် ပရိသတ်အမြင်မှာ သရုပ်ဆောင်သစ်တစ်ယောက်လို ဖြစ်မနေတဲ့ ခြည်ခြည်ရဲ့ အနုပညာပါရမီကတော့ အံ့မခန်းပါပဲနော်။

လတ်တလောမှာတော့ ရုပ်ရှင်ကားတွေရိုက်ကူးနေပြီးကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ မေလ(၃၀)ရက်နေ့မှာလည်း ” ဧည့်သည်” ရုပ်ရှင်ကားကိုတစ်နိုင်ငံလုံး ပြသတော့မှာပဲ ဖြစ်ပါတယ်။ မပြသခင်တည်းက ွှရမ်းအားပေးမှု အပြည့်ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်။သူမကိုယ်တိုင်ကလည်း ” ဧည့်သည်” ရုပ်ရှင်ကားကို ” ပရိသတ်အာ့လောက်စိတ်ဝင်စားမယ်လို့နေခြည်မထင်ခဲ့ဘူး။ရွှေမှုံရွှေထူးအားကအရမ်းကောင်းနေလို့ ပရိသတ်စိတ်ဝင်စားမှုအရမ်းကောင်းနေတယ်”လို့ပြောပြခဲ့ပါတယ်။ အမှတ်တရအနေနဲ့ ငယ်ငယ်က တစ်ဖက်သတ်Crush အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။” ငယ်ငယ်က ကိုယ်ကြိုက်နေတဲ့ Crush တစ်ယောက် နိုင်ငံခြားကျောင်းတက်နေတုန်း အာ့ကောင်လေးကိုအရမ်းကြိုက်တာ ။ဖြစ်ချင်တော့ နေခြည်တို့ရထားစီးတာ သူကနေခြည်ရှေ့မှာထိုင်တော့ ဖုန်းလေးကိုထုတ်ပြီးခိုးရိုက်တာ မှောင်နေတော့ Flash ကထွက်သွားတယ်။အရှက်တွေကွဲတာပေါ့နော်။ကျောင်းမှာတစ်တန်းထဲဆိုတော့ သူကသူငယ်ချင်းတွေကိုလျှောက်ပြောတော့ အဲ့ဒါလေးကအမှတ်တရပေါ့နော် ” ဆိုပြီးပြောပြခဲ့ပါတယ်။ နောက်ပိုင်းဆိုနေခြည်က သူမရဲ့ Crusn တွေကိုဓာတ်ပုံမရိုက်တော့ဘဲ ဗီဒီယိုပဲရိုက် ပါတော့တယ်တဲ့နော်။

share from : burmese.asia

LEAVE A REPLY