Zawgyi ျဖင့္ဖတ္ရန္

ေမလ ၂၀ ရက္ေန႔ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ခ်စ္သူမ်ားေန႔ ျဖစ္ပါတယ္။ အဲဒီေန႔မွာ တ႐ုတ္လူမႈကြန္ယက္ေတြေပၚမွာ “#520” (ေမ ၂၀ ကိုယ္စားျပဳ) တက္ခ္ေလးေတြခ်ိပ္ၿပီး ခ်စ္သူရည္းစားေတြ ၿပဳံးေပ်ာ္ျမဴးေနတဲ့ ဓါတ္ပုံေတြ ပလူပ်ံေနတာ ရွာၾကည့္ရင္ ေတြ႕ရမွာပါ။

ဒီလိုမ်ိဳး ခ်စ္သူမ်ားေန႔မွာမွ ခ်စ္သူေကာင္မေလးရဲ႕ ပါး ၅၂ ခ်က္ ႐ိုက္တာကို လူပုံအလယ္မွာ ခံလိုက္ရတဲ့ ေကာင္ေလးရဲ႕ အျဖစ္ကေတာ့ အမွတ္တရျဖစ္ေပမယ့္ သနားစရာလည္း ေကာင္းလြန္းသြားပါၿပီ။
မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ အဲဒီေန႔မွာ ေကာင္မေလးက ေကာင္ေလးကို ဖုန္းအသစ္တစ္လုံး လက္ေဆာင္ဝယ္ေပးဖို႔ ပူဆာတာကို မဝယ္ေပးတဲ့အတြက္ ဖုန္းေတြေရာင္းတဲ့ ဆိုင္တန္းေတြ ေရွ႕မွာပဲ ေအာ္ႀကီးဟစ္က်ယ္ ရန္ေတြ႕ၿပီး ေကာင္ေလးရဲ႕ ပါးကို အခ်က္ေပါင္းမ်ားစြာ ႐ိုက္ခဲ့ပါတယ္။

႐ုပ္သံမွာ ေတြ႕ရတာကေတာ့ ကုတ္အက်ႌ မီးခိုးေရာင္ ဝတ္စုံကို သပ္သပ္ရပ္ရပ္ ဝတ္ဆင္ထားတဲ့ လူငယ္ကို မီခိုးေရာင္ ဂါဝန္လိုက္ဖက္စြာ ဝတ္ထားၿပီး အေပၚထပ္ဂ်င္းအက်ႌနဲ႔ မိန္းကေလးက လက္ညိဳးေငါက္ေငါက္ထိုးၿပီး ငိုသံပါႀကီးနဲ႔ ရန္ေတြ႕ေနတာကို ျမင္ရပါတယ္။ သိပ္မၾကာမီမွာပဲ ေကာင္ေလးရဲ႕ ပါးကို ျဖန္းကနဲ ႐ိုက္ခ်လိုက္ပါတယ္။

လူအုပ္ႀကီးက ဝိုင္းၾကည့္ေနတဲ့ ၾကားမွာ သူတို႔စုံတြဲႏွစ္ေယာက္က ႐ုပ္ရွင္႐ိုက္ေနသလိုပါပဲ။ ဝိုင္းၾကည့္ေနၾကတဲ့ လူေတြ႐ိုက္ကူးထားတဲ့ ကင္မရာရႈေထာင့္ေပါင္းစုံကေန ၾကည့္ရင္ ေကာင္မေလးက ရန္ေတြ႕လိုက္ ျဖန္းကနဲ ပါးကို႐ိုက္လိုက္နဲ႔ပါ။ မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံခဲ့ရသူတစ္ဦးက သူေရထားတာ စုစုေပါင္း ၅၂ ခ်က္တိတိ ရွိတယ္လို႔ ဆိုပါတယ္။ (ေတာ္ေတာ္စပ္စု)

 

စိတ္ဝင္စားစရာေကာင္းတာက ရဲေတြေရာက္လာၿပီး သူတို႔ႏွစ္ေယာက္ကို လူခြဲခ်ိန္မွာ ေကာင္ေလးက ေနရာက လုံးဝမခြာပဲ ေကာင္မေလး ႐ိုက္တာကို ေပခံေနပါတယ္။ သူေျပာတာကေတာ့ ခ်စ္သူေကာင္မေလးကို ဖုန္းအသစ္မဝယ္ေပးမိတဲ့ သူ႔ရဲ႕အမွားအတြက္ ေကာင္မေလးရဲ႕ ေဒါသေတြ ေလ်ာ့ပါးေစတာ ဒီတစ္နည္းပဲရွိလို႔ စိတ္ႀကိဳက္႐ိုက္ပါေစဆိုၿပီး အ႐ိုက္ခံေနတာပါလို႔ ရွင္းျပခဲ့ပါတယ္။

ဝိုး..ဇာတ္သိမ္းမွာ ေၾကကြဲတာပဲေလ..။ ေနာက္ဆုံးမွာေတာ့ ေကာင္ေလးက ေကာင္မေလးကို ခြင့္လႊတ္ၿပီး ဒီကိစၥကို ရဲစခန္းမွာ အမႈမဖြင့္ဖူးလို႔ သိရပါတယ္။ အရမ္းခ်စ္တတ္တဲ့ေကာင္ေလးမို႔ အတုယူၾကပါေနာ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဖုန်း ဝယ်မပေးလို့ ရည်းစား ကို လူပုံလည် ပါး ၅၂ ချက် ရိုက်တဲ့ မိန်းကလေး (ရုပ်သံ)

မေလ ၂၀ ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ ချစ်သူများနေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ တရုတ်လူမှုကွန်ယက်တွေပေါ်မှာ “#520” (မေ ၂၀ ကိုယ်စားပြု) တက်ခ်လေးတွေချိပ်ပြီး ချစ်သူရည်းစားတွေ ပြုံးပျော်မြူးနေတဲ့ ဓါတ်ပုံတွေ ပလူပျံနေတာ ရှာကြည့်ရင် တွေ့ရမှာပါ။

ဒီလိုမျိုး ချစ်သူများနေ့မှာမှ ချစ်သူကောင်မလေးရဲ့ ပါး ၅၂ ချက် ရိုက်တာကို လူပုံအလယ်မှာ ခံလိုက်ရတဲ့ ကောင်လေးရဲ့ အဖြစ်ကတော့ အမှတ်တရဖြစ်ပေမယ့် သနားစရာလည်း ကောင်းလွန်းသွားပါပြီ။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ အဲဒီနေ့မှာ ကောင်မလေးက ကောင်လေးကို ဖုန်းအသစ်တစ်လုံး လက်ဆောင်ဝယ်ပေးဖို့ ပူဆာတာကို မဝယ်ပေးတဲ့အတွက် ဖုန်းတွေရောင်းတဲ့ ဆိုင်တန်းတွေ ရှေ့မှာပဲ အော်ကြီးဟစ်ကျယ် ရန်တွေ့ပြီး ကောင်လေးရဲ့ ပါးကို အချက်ပေါင်းများစွာ ရိုက်ခဲ့ပါတယ်။

ရုပ်သံမှာ တွေ့ရတာကတော့ ကုတ်အင်္ကျီ မီးခိုးရောင် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ လူငယ်ကို မီခိုးရောင် ဂါဝန်လိုက်ဖက်စွာ ဝတ်ထားပြီး အပေါ်ထပ်ဂျင်းအင်္ကျီနဲ့ မိန်းကလေးက လက်ညိုးငေါက်ငေါက်ထိုးပြီး ငိုသံပါကြီးနဲ့ ရန်တွေ့နေတာကို မြင်ရပါတယ်။ သိပ်မကြာမီမှာပဲ ကောင်လေးရဲ့ ပါးကို ဖြန်းကနဲ ရိုက်ချလိုက်ပါတယ်။

လူအုပ်ကြီးက ဝိုင်းကြည့်နေတဲ့ ကြားမှာ သူတို့စုံတွဲနှစ်ယောက်က ရုပ်ရှင်ရိုက်နေသလိုပါပဲ။ ဝိုင်းကြည့်နေကြတဲ့ လူတွေရိုက်ကူးထားတဲ့ ကင်မရာရှုထောင့်ပေါင်းစုံကနေ ကြည့်ရင် ကောင်မလေးက ရန်တွေ့လိုက် ဖြန်းကနဲ ပါးကိုရိုက်လိုက်နဲ့ပါ။ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ဦးက သူရေထားတာ စုစုပေါင်း ၅၂ ချက်တိတိ ရှိတယ်လို့ ဆိုပါတယ်။ (တော်တော်စပ်စု)

စိတ်ဝင်စားစရာကောင်းတာက ရဲတွေရောက်လာပြီး သူတို့နှစ်ယောက်ကို လူခွဲချိန်မှာ ကောင်လေးက နေရာက လုံးဝမခွာပဲ ကောင်မလေး ရိုက်တာကို ပေခံနေပါတယ်။ သူပြောတာကတော့ ချစ်သူကောင်မလေးကို ဖုန်းအသစ်မဝယ်ပေးမိတဲ့ သူ့ရဲ့အမှားအတွက် ကောင်မလေးရဲ့ ဒေါသတွေ လျော့ပါးစေတာ ဒီတစ်နည်းပဲရှိလို့ စိတ်ကြိုက်ရိုက်ပါစေဆိုပြီး အရိုက်ခံနေတာပါလို့ ရှင်းပြခဲ့ပါတယ်။

ဝိုး..ဇာတ်သိမ်းမှာ ကြေကွဲတာပဲလေ..။ နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ခွင့်လွှတ်ပြီး ဒီကိစ္စကို ရဲစခန်းမှာ အမှုမဖွင့်ဖူးလို့ သိရပါတယ်။ အရမ်းချစ်တတ်တဲ့ကောင်လေးမို့ အတုယူကြပါနော်။

Credit : popolay

LEAVE A REPLY