Zawgyi ျဖင့္ဖတ္ရန္

အဂၤလန္ႏိုင္ငံ ေနမဝင္အင္ပါယာႀကီးရဲ႕ မင္းသား တစ္ဦးျဖစ္တဲ့ ဟယ္ရီ ရဲ႕ ဇနီးသည္ မီဂန္မာကယ္လ္ ဟာၿပီးခဲ့တဲ့ ေမလ ၆ ရက္ေန႔မွာ သားဦးရတနာေလးကို ဖြားျမင္လိုက္ၿပီျဖစ္ေၾကာင္း ၿဗိတိန္ေတာ္ဝင္နန္းေတာ္မွ သတင္းအတိအက်ထုတ္ျပန္ခဲ့ပါတယ္။ ဟယ္ရီနဲ႔ မီဂန္တို႔ရဲ႕ သားေလးဟာ ၇ ေပါင္ရွိၿပီး ထီးနန္းဆက္ခံဖို႔ (၇) ေယာက္ေျမာက္ေတာ္ဝင္မ်ိဳးဆက္အျဖစ္ လ်ာထားျခင္းခံထားရၿပီပဲျဖစ္ပါတယ္။ ဒီသားေလး ဖြားျမင္ခဲ့တဲ့အတြက္ ဟယ္ရီနဲ႔ မီဂန္တို႔ဟာ ဘြဲ႕ထူးဂုဏ္ထူးေတြ ထပ္တိုးဦးမွာပါ။ ဒါေၾကာင့္ သူ႔အေနနဲ႔ ပထမဦးဆုံး အေဖျဖစ္ရတဲ့ ခံစားခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားလာပါတယ္။

 

“မနက္အေစာပိုင္းမွာပဲ ကေလးေလးက လူ႔ေလာကထဲေရာက္လာခဲ့တာပါ ကေလးေရာ အေမပါ ေနေကာင္းၾကတဲ့အတြက္ ကြၽန္ေတာ္ဝမ္းသာပါတယ္။ အေဖျဖစ္ရတဲ့ ပထမဆုံးအေတြ႕အႀကဳံဆိုေတာ့ စိတ္လႈပ္ရွားမိတယ္၊ ဒီေလာကႀကီးမွာ သားသမီးေတြကို မီးဖြားေပးတဲ့ အေမတိုင္းကို ကြၽန္ေတာ္ေလးစားမိတယ္

အေဖတစ္ေယာက္ျဖစ္ရတဲ့ ခံစားခ်က္က ဘာနဲ႔မွမတူဘူး၊ ဒီလူေသးေသးေလး ကိုယ့္ဘဝထဲ ဝင္လာကတည္းက ဘဝကို ဘယ္လိုေကာင္းေအာင္ေရွ႕ဆက္မယ္ ဘာေတြလုပ္မလဲဆိုတာကိုပဲေတြးေနမိတယ္” ဆိုၿပီး အရယ္အၿပဳံးမပ်က္ပဲ ေျပာၾကားသြားပါတယ္။

လက္ရွိမွာေတာ့ ဟယ္ရီနဲ႔ မီဂန္တို႔ရဲ႕ သားဦးရတနာေလးကို နာမည္ေပးကင္ပြန္းတပ္ဖို႔ အယ္လီဇဘတ္ဘုရင္မႀကီးမွ နာမည္ေ႐ြးေနၿပီ လို႔ သိရွိရပါတယ္။ သားဦးေလးေမြးတာကို ေပ်ာ္ေနတဲ့ ဟယ္ရီရဲ႕ ဗြီဒီယိုဖိုင္ကို ၾကည့္ရႈခံစားၾကည့္လိုက္ပါဦး ပရိတ္သတ္ႀကီးေရ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဇနီးသည် မီးဖွားတာနဲ့ ပတ်သတ်ပြီးသူ့ခံစားချက်ကို ပြောပြလာတဲ့ မင်းသားဟယ်ရီ

အင်္ဂလန်နိုင်ငံ နေမဝင်အင်ပါယာကြီးရဲ့ မင်းသား တစ်ဦးဖြစ်တဲ့ ဟယ်ရီ ရဲ့ ဇနီးသည် မီဂန်မာကယ်လ် ဟာပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ သားဦးရတနာလေးကို ဖွားမြင်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်တော်ဝင်နန်းတော်မှ သတင်းအတိအကျထုတ်ပြန်ခဲ့ပါတယ်။ ဟယ်ရီနဲ့ မီဂန်တို့ရဲ့ သားလေးဟာ ၇ ပေါင်ရှိပြီး ထီးနန်းဆက်ခံဖို့ (၇) ယောက်မြောက်တော်ဝင်မျိုးဆက်အဖြစ် လျာထားခြင်းခံထားရပြီပဲဖြစ်ပါတယ်။ ဒီသားလေး ဖွားမြင်ခဲ့တဲ့အတွက် ဟယ်ရီနဲ့ မီဂန်တို့ဟာ ဘွဲ့ထူးဂုဏ်ထူးတွေ ထပ်တိုးဦးမှာပါ။ ဒါကြောင့် သူ့အနေနဲ့ ပထမဦးဆုံး အဖေဖြစ်ရတဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။

 

“မနက်အစောပိုင်းမှာပဲ ကလေးလေးက လူ့လောကထဲရောက်လာခဲ့တာပါ ကလေးရော အမေပါ နေကောင်းကြတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ အဖေဖြစ်ရတဲ့ ပထမဆုံးအတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားမိတယ်၊ ဒီလောကကြီးမှာ သားသမီးတွေကို မီးဖွားပေးတဲ့ အမေတိုင်းကို ကျွန်တော်လေးစားမိတယ်

အဖေတစ်ယောက်ဖြစ်ရတဲ့ ခံစားချက်က ဘာနဲ့မှမတူဘူး၊ ဒီလူသေးသေးလေး ကိုယ့်ဘဝထဲ ဝင်လာကတည်းက ဘဝကို ဘယ်လိုကောင်းအောင်ရှေ့ဆက်မယ် ဘာတွေလုပ်မလဲဆိုတာကိုပဲတွေးနေမိတယ်” ဆိုပြီး အရယ်အပြုံးမပျက်ပဲ ပြောကြားသွားပါတယ်။

လက်ရှိမှာတော့ ဟယ်ရီနဲ့ မီဂန်တို့ရဲ့ သားဦးရတနာလေးကို နာမည်ပေးကင်ပွန်းတပ်ဖို့ အယ်လီဇဘတ်ဘုရင်မကြီးမှ နာမည်ရွေးနေပြီ လို့ သိရှိရပါတယ်။ သားဦးလေးမွေးတာကို ပျော်နေတဲ့ ဟယ်ရီရဲ့ ဗွီဒီယိုဖိုင်ကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး ပရိတ်သတ်ကြီးရေ။

Credit : popolay

LEAVE A REPLY