Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယားႏိုင္ငံရွိ ထိပ္တန္းစာရင္းဝင္ မင္းသား ေတြထဲကတစ္ဦးအပါအဝင္ျဖစ္တဲ့ ေဆာင္းဂြၽန္ကီဟာ လတ္တေလာ tvN ကထုတ္လႊင့္မယ့္ Arthal Chronicles ဇာတ္ကားမွာပါဝင္ အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္ သ႐ုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္။ ဒီဇာတ္ကားဟာဆိုရင္ ေဆာင္းဂြၽန္ကီ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္း ပထမဦးဆုံး ႐ိုက္ကူးတဲ့ ဇာတ္လမ္းတြဲျဖစ္ပါတယ္။ ေဆာင္းဂြၽန္ကီဟာ Arthdal Chronicles ဇာတ္လမ္းတြဲရဲ႕ press confrence ကို တက္ေရာက္ခဲ့ၿပီး အင္တာဗ်ဴးေမးခြန္းေတြကို ေျဖဆိုခဲ့ပါတယ္။ ေဆာင္းဂြၽန္ကီတစ္ေယာက္ ဇနီးသည္နဲ႔ပတ္သတ္ၿပီး ေမးခြန္းအထုတ္ခံရတဲ့အခါ ဘယ္လိုေျဖၾကားသြားလဲသိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ၾကရေအာင္။

ေဆာင္းဂြၽန္ကီဟာ Arthdal Chronicles ရဲ႕ press conference ပြဲကို က်န္သ႐ုပ္ေဆာင္မ်ားျဖစ္တဲ့ ဂ်န္ေဒါင္ဂန္၊ ကင္မ္ဂ်ီဝန္၊ ကင္မ္အုပ္ဘင္ တို႔နဲ႔အတူ တက္ေရာက္လာပါတယ္။ ေဆာင္ဂြၽန္ကီဟာ Descendants of the sun ဇာတ္လမ္းတြဲမွ မင္းသမီး­­­­­­­­ ေဆာင္းဟယ္က်ိဳနဲ႔ လက္ထပ္ၿပီးေနာက္ပိုင္း ဇာတ္လမ္းတြဲ ႐ိုက္ကူးျခင္းမ်ိဳးမရွိေသးပါဘူး။ ဒါဟာ dots အၿပီး ၃ ႏွစ္ေက်ာ္ၾကာမွ ႐ိုက္ကူးတဲ့ဇာတ္လမ္းတြဲအသစ္ပါ။ မင္းသားအေနနဲ႔ ဇာတ္လမ္းတြဲေတြနဲ႔ အလွမ္းေဝးေနခဲ့တာ သုံးႏွစ္နီးပါးရွိေနခဲ့ပါၿပီ။ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္း မ႐ိုက္ျဖစ္ေတာ့တာေၾကာင့္ ‘ဘာေၾကာင့္လဲ’ဆိုတာ ပရိတ္သတ္ေတြက စိတ္ဝင္စားေနၾကပါတယ္။

ေဆာင္းဟယ္က်ိဳနဲ႔ ျဖတ္သန္းခဲ့ရတဲ့ အိမ္ေထာင္ေရးနဲ႔ ပတ္သတ္ၿပီး အင္တာဗ်ဴးတဲ့အခါမွာေတာ့ “အမ်ားႀကီး ေျပာင္းလဲသြားတယ္ရယ္လို႔ေတာ့ မရွိပါဘူး အိမ္ေထာင္က်ၿပီးေနာက္ပိုင္းအရင္ကထက္ပိုတည္ၿငိမ္ၿပီး ပိုရင့္က်က္သြားတယ္လို႔ဆိုရမယ္၊ အိမ္ေထာင္ရွိတဲ့သူေတြဆိုရင္ ဒီခံစားခ်က္ကို ေကာင္းေကာင္းနားလည္ပါလိမ့္မယ္” ဆိုၿပီးေျပာၾကားလာပါတယ္။

တစ္ဖန္ လာမယ့္ ဇြန္လမွာ ထုတ္လႊင့္ျပသမယ့္ Arthdal chronicles ဇာတ္လမ္းတြဲနဲ႔ ပတ္သတ္ၿပီး ဇနီးသည္ရဲ႕ အျမင္ကိုလဲ ေအာက္ပါအတိုင္းေျပာၾကားလာပါတယ္။ “သူက ဒီဇာတ္ကားရဲ႕ ဇာတ္ၫႊန္းဆရာမနဲ႔ ဒါ႐ိုက္တာကို အရမ္းႀကိဳက္တာ၊ ဒီကား႐ိုက္ကူးေနစဥ္အေတာအတြင္း သူမအားေပးစကားေတြကို အၿမဲၾကားရတယ္။ ၿပီးေတာ့ အခ်ိန္အၾကာႀကီးေနမွ ႐ိုက္ျဖစ္တဲ့ ဇာတ္လမ္းတြဲဆိုေတာ့ ကြၽန္ေတာ္လဲ အရင္ကထက္ပိုၿပီး ႀကိဳးစားသြားသင့္တယ္လို႔ထင္ပါတယ္” ဆိုၿပီးေျပာသြားပါတယ္။

ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းဟယ္က်ိဳတို႔ဟာ ၂၀၁၇ ေအာက္တိုဘာ ၃၁ မွာလက္ထပ္ထိမ္းျမားခဲ့ၿပီး အိမ္ေထာင္သက္တမ္း တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္နီးပါးရွိခဲ့ပါၿပီ။ ဒီၾကားထဲ ႏွစ္ေယာက္သား ကြာရွင္းလိုက္ၿပီဆိုတဲ့ သတင္းမ်ိဳးေတြ ထြက္လာေပမယ့္ သူတို႔ႏွစ္ဦးရဲ႕ အခ်စ္ေတြက ခိုင္မာေၾကာင္းကိုလဲ သက္ေသျပႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ပရိတ္သတ္ႀကီးအတြက္ ထာဝရ song-song couple ပါပဲေနာ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဆောင်းဟယ်ကျို နဲ့ လက်ထပ်ပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ သူ့အပြုအမူတွေအကြောင်း ပြောပြလာတဲ့ ဆောင်းဂျွန်ကီ

တောင်ကိုးရီးယားနိုင်ငံရှိ ထိပ်တန်းစာရင်းဝင် မင်းသား တွေထဲကတစ်ဦးအပါအဝင်ဖြစ်တဲ့ ဆောင်းဂျွန်ကီဟာ လတ်တလော tvN ကထုတ်လွှင့်မယ့် Arthal Chronicles ဇာတ်ကားမှာပါဝင် အဓိကဇာတ်ဆောင်အဖြစ်ပါဝင် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ဆောင်းဂျွန်ကီ အိမ်ထောင်ပြုပြီးနောက်ပိုင်း ပထမဦးဆုံး ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဆောင်းဂျွန်ကီဟာ Arthdal Chronicles ဇာတ်လမ်းတွဲရဲ့ press confrence ကို တက်ရောက်ခဲ့ပြီး အင်တာဗျူးမေးခွန်းတွေကို ဖြေဆိုခဲ့ပါတယ်။ ဆောင်းဂျွန်ကီတစ်ယောက် ဇနီးသည်နဲ့ပတ်သတ်ပြီး မေးခွန်းအထုတ်ခံရတဲ့အခါ ဘယ်လိုဖြေကြားသွားလဲသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

ဆောင်းဂျွန်ကီဟာ Arthdal Chronicles ရဲ့ press conference ပွဲကို ကျန်သရုပ်ဆောင်များဖြစ်တဲ့ ဂျန်ဒေါင်ဂန်၊ ကင်မ်ဂျီဝန်၊ ကင်မ်အုပ်ဘင် တို့နဲ့အတူ တက်ရောက်လာပါတယ်။ ဆောင်ဂျွန်ကီဟာ Descendants of the sun ဇာတ်လမ်းတွဲမှ မင်းသမီး­­­­­­­­ ဆောင်းဟယ်ကျိုနဲ့ လက်ထပ်ပြီးနောက်ပိုင်း ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းမျိုးမရှိသေးပါဘူး။ ဒါဟာ dots အပြီး ၃ နှစ်ကျော်ကြာမှ ရိုက်ကူးတဲ့ဇာတ်လမ်းတွဲအသစ်ပါ။ မင်းသားအနေနဲ့ ဇာတ်လမ်းတွဲတွေနဲ့ အလှမ်းဝေးနေခဲ့တာ သုံးနှစ်နီးပါးရှိနေခဲ့ပါပြီ။ အိမ်ထောင်ပြုပြီးနောက်ပိုင်း မရိုက်ဖြစ်တော့တာကြောင့် ‘ဘာကြောင့်လဲ’ဆိုတာ ပရိတ်သတ်တွေက စိတ်ဝင်စားနေကြပါတယ်။

ဆောင်းဟယ်ကျိုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး အင်တာဗျူးတဲ့အခါမှာတော့ “အများကြီး ပြောင်းလဲသွားတယ်ရယ်လို့တော့ မရှိပါဘူး အိမ်ထောင်ကျပြီးနောက်ပိုင်းအရင်ကထက်ပိုတည်ငြိမ်ပြီး ပိုရင့်ကျက်သွားတယ်လို့ဆိုရမယ်၊ အိမ်ထောင်ရှိတဲ့သူတွေဆိုရင် ဒီခံစားချက်ကို ကောင်းကောင်းနားလည်ပါလိမ့်မယ်” ဆိုပြီးပြောကြားလာပါတယ်။

တစ်ဖန် လာမယ့် ဇွန်လမှာ ထုတ်လွှင့်ပြသမယ့် Arthdal chronicles ဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီး ဇနီးသည်ရဲ့ အမြင်ကိုလဲ အောက်ပါအတိုင်းပြောကြားလာပါတယ်။ “သူက ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းဆရာမနဲ့ ဒါရိုက်တာကို အရမ်းကြိုက်တာ၊ ဒီကားရိုက်ကူးနေစဉ်အတောအတွင်း သူမအားပေးစကားတွေကို အမြဲကြားရတယ်။ ပြီးတော့ အချိန်အကြာကြီးနေမှ ရိုက်ဖြစ်တဲ့ ဇာတ်လမ်းတွဲဆိုတော့ ကျွန်တော်လဲ အရင်ကထက်ပိုပြီး ကြိုးစားသွားသင့်တယ်လို့ထင်ပါတယ်” ဆိုပြီးပြောသွားပါတယ်။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ ၂၀၁၇ အောက်တိုဘာ ၃၁ မှာလက်ထပ်ထိမ်းမြားခဲ့ပြီး အိမ်ထောင်သက်တမ်း တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိခဲ့ပါပြီ။ ဒီကြားထဲ နှစ်ယောက်သား ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းမျိုးတွေ ထွက်လာပေမယ့် သူတို့နှစ်ဦးရဲ့ အချစ်တွေက ခိုင်မာကြောင်းကိုလဲ သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအတွက် ထာဝရ song-song couple ပါပဲနော်။

Credit : popolay

LEAVE A REPLY