Zawgyi ျဖင့္ဖတ္ရန္

အဆိုေတာ္ အစၥဏီ နဲ႔ ေမာ္ဒယ္ စူးရွထက္ရဲ႕အမႈကေတာ့ မသိသူမရွိေအာင္ တိုင္းသိျပည္သိဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ သတင္းတစ္ခုျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အခ်ိန္တစ္ခုထိသမီးရည္းစားေတြျဖစ္ခဲ့ၾကၿပီးေနာက္ အစၥဏီမွ စူးရွထက္အား ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္နာက်င္ေစမႈ၊ အဓၶမျပဳက်င့္ခဲ့မႈတို႔ေၾကာင့္ စူးရွထက္ဘက္မွ တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၁၂) ရက္ေန႔မွာျဖစ္ပြားခဲ့တဲ့ ထိုအမႈေၾကာင့္ အဆိုေတာ္အစၥဏီတစ္ေယာက္ အဓၶမျပဳက်င့္မႈ နာက်င္ေစမႈတို႔အပါအဝင္ အမႈတြဲ (၃) ခုျဖင့္ တရားစြဲဆိုခံထားရတာျဖစ္ၿပီး တာေမြၿမိဳ႕နယ္တရား႐ုံးတြင္ အမႈရင္ဆိုင္ေနတာ (၁) ႏွစ္ေက်ာ္ၾကာျမင့္သြားၿပီျဖစ္ပါတယ္။ အမႈရင္ဆိုင္ေနစဥ္ကာလအတြင္း အမ်ိဳးမ်ိဳးေသာသတင္းေတြထြက္ေပၚခဲ့ေပမယ့္လည္း အမႈမွန္ကေတာ့ ယခုခ်ိန္ထိမေပၚေပါက္ေသးပဲ ရွည္ၾကာေနဆဲျဖစ္ပါတယ္။

ထို႔ေၾကာင့္ တရားခံျဖစ္သူ အစၥဏီမွလည္း အမႈမွန္အျမန္ဆုံးေပၚေပါက္ခ်င္ေနၿပီျဖစ္ေၾကာင္း ႐ုံးခ်ိန္းတက္ေရာက္ခ်ိန္ မီဒီယာေတြႏွင့္ေတြ႕ဆုံခိုက္တြင္ မၾကာခဏေျပာၾကားေလ့ရွိသလို သူတို႔ႏွစ္ေယာက္ရဲ႕အမႈကို စိတ္ပါဝင္စားစြာေစာင့္ၾကည့္ေနၾကတဲ့ ပရိသတ္ေတြကလည္း အမွန္တရားကိုအျမန္ဆုံးသိခ်င္ေနၾကၿပီျဖစ္ပါတယ္။

ယခုေနာက္ပိုင္း႐ုံးခ်ိန္းမ်ားတြင္ စူးရွထက္ တက္ေရာက္မလာမႈတို႔ေၾကာင့္ ပရိသတ္တစ္ခ်ိဳ႕ကေဝဖန္ျခင္းျပဳခဲ့ၿပီး စူးရွထက္ကေတာ့ တရား႐ုံးကသူမကိုမလိုအပ္လို႔မေခၚတာေၾကာင့္ တရား႐ုံးမွာမတ္တပ္သြားရပ္ရမွာလားလို႔ တုန႔္ျပန္ေျပာဆိုခဲ့ပါတယ္။ သို႔ေပမယ့္လည္း ေမလ (၃) ရက္ေန႔က ျပဳလုပ္ခဲ့တဲ့႐ုံးခ်ိန္းမွာေတာ့ စူးရွထက္ရဲ႕ ေနရပ္လိပ္စာအသစ္ကို တရားလိုရဲ႕ဥပေဒအရာရွိမွ မတင္ျပႏိုင္ေသးတာေၾကာင့္ ဆင့္ေခၚစာေပးမရလို႔ ေရာက္မလာခဲ့တာလို႔ သိရပါတယ္။

ထို႐ုံးခ်ိန္းတြင္ အစၥဏီရဲ႕ေရွ႕ေနျဖစ္သူ ဦးေက်ာ္ဇင္ဦးက “တရား႐ုံးကိုကူညီခ်င္တယ္၊ အမႈကိုမွန္မွန္ကန္ကန္ ျမန္ျမန္ဆန္ဆန္ၿပီးခ်င္တယ္ဆိုရင္ ျဖဴစင္စြာနဲ႔တရား႐ုံးကိုလာေရာက္ အစစ္ခံသင့္တယ္လို႔” တရားလိုအား မွတ္ခ်က္ေပးခဲ့ပါေသးတယ္။

အမႈမွန္မေပၚေပါက္ေသးပဲ ရွည္ၾကာေနရတဲ့အေၾကာင္းကိုေတာ့ စူးရွထက္ကေတာ့ထုတ္ေျပာလိုက္ပါၿပီ။ တရားခံအစၥဏီအေနျဖင့္ အမွားလုပ္ခဲ့ေၾကာင္းဝန္ခံလိုက္ပါက ေျပလည္သြားႏိုင္ဖြယ္ရွိတယ္လို႔ စူးရွထက္ဘက္မွ ဖြင့္ဟေျပာဆိုလာတာျဖစ္ပါတယ္။

စူးရွထက္က “ညီမရဲ႕ေရွ႕ေနဆီကိုေတာ့ သူတို႔ဘက္က သြားေျပာၾကတယ္လို႔ ၾကားပါတယ္။ ညီမလည္း ေသခ်ာမသိေသးဘူး။ ညီမက ဘယ္ကိစၥတစ္ခုမွ မေျပာလိုက္ဘူး။ အမွားပါသြားမွာေၾကာက္လို႔ေလ။ အဲဒီလိုမ်ိဳးကအေစာႀကီးကတည္းကျဖစ္သင့္ေနတာပါ။ အမွားလုပ္ၿပီးသြားရင္ မွားတယ္ဆိုတာကိုဝန္ခံရင္ ညီမတို႔ကလည္းသူမ်ားလိုယုတ္မာတဲ့သူမဟုတ္ဘူး။ အခုဟာကအမႈႀကီးကရွည္ေနၿပီးေတာ့ သူတို႔ပဲလုပ္ေနတာ။ ညီမေရွ႕ေနကိုေတာ့ ေတာင္းပန္တယ္လို႔ေတာ့ေျပာပါတယ္။ အဆင္ေျပဖို႔ေတာ့မ်ားပါတယ္။ ညီမေရွ႕ေနေတြအရေပါ့” ဆိုကာ မီဒီယာတစ္ခုကေန ေျပာၾကားသြားတာျဖစ္ပါတယ္။

စူးရွထက္ရဲ႕ေရွ႕ေနျဖစ္သူ ဦးေရာဘတ္စန္းေအာင္မွလည္း “လြန္ခဲ့တဲ့၂ရက္ေလာက္ကေပါ့။ သူ႔အေမရဲ႕မိတ္ေဆြဘက္ကလာတာပါ။ ညႇိႏႈိင္းလိုတယ္လို႔လာကမ္းလွမ္းတာပါ။ အဲဒါကလည္း မျပတ္ေသးပါဘူး။ သူတို႔သြားၿပီးေတာ့ေမးၿပီးေတာ့မွ ျပန္လာပါ့မယ္ေျပာတယ္။ ဘယ္ပုံစံဘာညာဆိုတာ ဘာမွ လာျပန္မေျပာေသးဘူး” လို႔ဆိုပါတယ္။

ေနာက္ထပ္႐ုံးခ်ိန္းကိုေတာ့ မတ္လ (၁၃) ရက္ေန႔တြင္ ျပဳလုပ္မွာျဖစ္ၿပီး အစၥဏီဟာဆိုရင္ တာေမြၿမိဳ႕နယ္တရား႐ုံး၌ ရာဇသတ္ႀကီးပုဒ္မ (၃၇၆၊ ၃၂၄၊ ၃၂၅) တို႔ျဖင့္ တရားစြဲဆိုခံထားရျဖစ္ပါတယ္။ အမႈမွန္ေပၚေပါက္ဖို႔ကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကပါဦးစို႔လား…

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အမှုမှန်မပေါ်ပေါက်ပဲ ရှည်ကြာနေရတဲ့အကြောင်းကို စူးရှထက်ထုတ်ပြော

အဆိုတော် အစ္စဏီ နဲ့ မော်ဒယ် စူးရှထက်ရဲ့အမှုကတော့ မသိသူမရှိအောင် တိုင်းသိပြည်သိဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အချိန်တစ်ခုထိသမီးရည်းစားတွေဖြစ်ခဲ့ကြပြီးနောက် အစ္စဏီမှ စူးရှထက်အား ကိုယ်ထိလက်ရောက် ရိုက်နှက်နာကျင်စေမှု၊ အဓ္ဓမပြုကျင့်ခဲ့မှုတို့ကြောင့် စူးရှထက်ဘက်မှ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလ (၁၂) ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ထိုအမှုကြောင့် အဆိုတော်အစ္စဏီတစ်ယောက် အဓ္ဓမပြုကျင့်မှု နာကျင်စေမှုတို့အပါအဝင် အမှုတွဲ (၃) ခုဖြင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး တာမွေမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေတာ (၁) နှစ်ကျော်ကြာမြင့်သွားပြီဖြစ်ပါတယ်။ အမှုရင်ဆိုင်နေစဉ်ကာလအတွင်း အမျိုးမျိုးသောသတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အမှုမှန်ကတော့ ယခုချိန်ထိမပေါ်ပေါက်သေးပဲ ရှည်ကြာနေဆဲဖြစ်ပါတယ်။

ထို့ကြောင့် တရားခံဖြစ်သူ အစ္စဏီမှလည်း အမှုမှန်အမြန်ဆုံးပေါ်ပေါက်ချင်နေပြီဖြစ်ကြောင်း ရုံးချိန်းတက်ရောက်ချိန် မီဒီယာတွေနှင့်တွေ့ဆုံခိုက်တွင် မကြာခဏပြောကြားလေ့ရှိသလို သူတို့နှစ်ယောက်ရဲ့အမှုကို စိတ်ပါဝင်စားစွာစောင့်ကြည့်နေကြတဲ့ ပရိသတ်တွေကလည်း အမှန်တရားကိုအမြန်ဆုံးသိချင်နေကြပြီဖြစ်ပါတယ်။

ယခုနောက်ပိုင်းရုံးချိန်းများတွင် စူးရှထက် တက်ရောက်မလာမှုတို့ကြောင့် ပရိသတ်တစ်ချို့ကဝေဖန်ခြင်းပြုခဲ့ပြီး စူးရှထက်ကတော့ တရားရုံးကသူမကိုမလိုအပ်လို့မခေါ်တာကြောင့် တရားရုံးမှာမတ်တပ်သွားရပ်ရမှာလားလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း မေလ (၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ရုံးချိန်းမှာတော့ စူးရှထက်ရဲ့ နေရပ်လိပ်စာအသစ်ကို တရားလိုရဲ့ဥပဒေအရာရှိမှ မတင်ပြနိုင်သေးတာကြောင့် ဆင့်ခေါ်စာပေးမရလို့ ရောက်မလာခဲ့တာလို့ သိရပါတယ်။

ထိုရုံးချိန်းတွင် အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက “တရားရုံးကိုကူညီချင်တယ်၊ အမှုကိုမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ပြီးချင်တယ်ဆိုရင် ဖြူစင်စွာနဲ့တရားရုံးကိုလာရောက် အစစ်ခံသင့်တယ်လို့” တရားလိုအား မှတ်ချက်ပေးခဲ့ပါသေးတယ်။

အမှုမှန်မပေါ်ပေါက်သေးပဲ ရှည်ကြာနေရတဲ့အကြောင်းကိုတော့ စူးရှထက်ကတော့ထုတ်ပြောလိုက်ပါပြီ။ တရားခံအစ္စဏီအနေဖြင့် အမှားလုပ်ခဲ့ကြောင်းဝန်ခံလိုက်ပါက ပြေလည်သွားနိုင်ဖွယ်ရှိတယ်လို့ စူးရှထက်ဘက်မှ ဖွင့်ဟပြောဆိုလာတာဖြစ်ပါတယ်။

စူးရှထက်က “ညီမရဲ့ရှေ့နေဆီကိုတော့ သူတို့ဘက်က သွားပြောကြတယ်လို့ ကြားပါတယ်။ ညီမလည်း သေချာမသိသေးဘူး။ ညီမက ဘယ်ကိစ္စတစ်ခုမှ မပြောလိုက်ဘူး။ အမှားပါသွားမှာကြောက်လို့လေ။ အဲဒီလိုမျိုးကအစောကြီးကတည်းကဖြစ်သင့်နေတာပါ။ အမှားလုပ်ပြီးသွားရင် မှားတယ်ဆိုတာကိုဝန်ခံရင် ညီမတို့ကလည်းသူများလိုယုတ်မာတဲ့သူမဟုတ်ဘူး။ အခုဟာကအမှုကြီးကရှည်နေပြီးတော့ သူတို့ပဲလုပ်နေတာ။ ညီမရှေ့နေကိုတော့ တောင်းပန်တယ်လို့တော့ပြောပါတယ်။ အဆင်ပြေဖို့တော့များပါတယ်။ ညီမရှေ့နေတွေအရပေါ့” ဆိုကာ မီဒီယာတစ်ခုကနေ ပြောကြားသွားတာဖြစ်ပါတယ်။

စူးရှထက်ရဲ့ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်မှလည်း “လွန်ခဲ့တဲ့၂ရက်လောက်ကပေါ့။ သူ့အမေရဲ့မိတ်ဆွေဘက်ကလာတာပါ။ ညှိနှိုင်းလိုတယ်လို့လာကမ်းလှမ်းတာပါ။ အဲဒါကလည်း မပြတ်သေးပါဘူး။ သူတို့သွားပြီးတော့မေးပြီးတော့မှ ပြန်လာပါ့မယ်ပြောတယ်။ ဘယ်ပုံစံဘာညာဆိုတာ ဘာမှ လာပြန်မပြောသေးဘူး” လို့ဆိုပါတယ်။

နောက်ထပ်ရုံးချိန်းကိုတော့ မတ်လ (၁၃) ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပြီး အစ္စဏီဟာဆိုရင် တာမွေမြို့နယ်တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ (၃၇၆၊ ၃၂၄၊ ၃၂၅) တို့ဖြင့် တရားစွဲဆိုခံထားရဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ကိုတော့ ဆက်လက်စောင့်ကြည့်ကြပါဦးစို့လား…

Credit : popolay

LEAVE A REPLY