Zawgyi ျဖင့္ဖတ္ရန္

ၾကက္ဥျပဳတ္ တစ္လုံးမွာ ဗီတာမင္ ေအ ၊ ဗီတာမင္ အီး ၊ ဗီတာမင္ ေက ၊ ဗီတာမင္ B6 ၊ ဗီတာမင္ B5 ၊ ဗီတာမင္ B12 ၊ ဗီတာမင္ B 2 စတဲ့ ဗီတာမင္ဓာတ္ေတြ ပါဝင္သလို ကယ္လစီယမ္ နဲ႔ဇင့္ဓာတ္တို႔လည္း ပါဝင္ပါတယ္။ ၾကက္ဥတစ္လုံး စားတဲ့အခါ ပ႐ိုတင္းဓာတ္ ၆ ဂရမ္ ၊ က်န္းမာေရးနဲ႔ညီၫႊတ္တဲ့ အဆီဓာတ္ ၅ ဂရမ္နဲ႔ ကယ္လိုရီဓာတ္ ၇၇ ကယ္လိုရီရရွိႏိုင္ပါတယ္။

ၾကက္ဥ တစ္လုံးတည္းမဟုတ္ဘဲ ၾကက္ဥ ၂ လုံးကို ေန႔တိုင္း စားသုံးမယ္ဆိုရင္ ဘယ္လိုအရာေတြကို ေတြ႕ႀကဳံခံစားရမလဲဆိုတာကို ဆက္ဖတ္ၾကည့္ရေအာင္။

ႏွလုံးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးျခင္း

ၾကက္ဥေန႔စဥ္စားသုံးျခင္းကခႏၶာကိုယ္အတြက္ဆိုးက်ိဳးျဖစ္ေစတဲ့ကိုလက္စေတာေတြကိုေလွ်ာ့ခ်ေပးတာေၾကာင့္ႏွလုံးေရာဂါခံစားရျခင္းကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ႀကံ့ခိုင္သန္မာတဲ့ ႂကြက္သားမ်ားကို ပိုင္ဆိုင္ႏိုင္ျခင္း

ၾကက္ဥအႀကီးစားတစ္လုံးမွာ ပ်မ္းမွ်အားျဖင့္ ၇၂ ကယ္လိုရီပါဝင္ပါတယ္။ ထိုကယ္လိုရီမ်ားထဲတြင္ ပ႐ိုတင္းဓာတ္ေတြ ရရွိႏိုင္ပါတယ္။ သင့္ခႏၶာကိုယ္က ႂကြက္သားဆဲလ္မ်ား အားနည္းျခင္းကို ျပန္လည္အားျဖည့္ေပးဖို႔အတြက္ ပ႐ိုတင္းဓာတ္ေတြ လိုအပ္ပါတယ္။ ၾကက္ဥကေတာ့ သင့္ႂကြက္သားအတြက္ အေကာင္းဆုံးေလာင္စာပဲျဖစ္ပါတယ္။

အ႐ိုးက်န္းမာေရးအတြက္ အထူးေကာင္းမြန္ျခင္း

ေရွးယခင္တုန္းကေတာ့ ၾကက္ဥ စားသုံးျခင္းက အ႐ိုးက်န္းမာေရးကို ထိခိုက္ေစတယ္လို႔ အယူရွိခဲ့ဖူးပါတယ္။ ဒါေပမဲ့ မၾကာေသးခင္ကမွ စမ္းသပ္ေလ့လာခ်က္အရ ၾကက္ဥရဲ႕ ပ႐ိုတင္းပမာဏက အ႐ိုးသိပ္သည္းဆအတြက္ အေထာက္အကူျပဳေပးႏိုင္တယ္ဆိုတာပါပဲ။

မ်က္လုံး အားေကာင္းေစျခင္း

ၾကက္ဥမွာ မ်က္လုံးက်န္းမာေရးအတြက္ ေကာင္းက်ိဳးျဖစ္ေစတဲ့ Lutein နဲ႔ Zeaxanthin ဆိုတဲ့ Antioxidants မ်ား ပါဝင္ပါတယ္။ မ်က္ၾကည္လႊာမွာ စုေဝးေနတဲ့ ထိုစြမ္းအားျပင္း Antioxidants မ်ားက မ်က္စိကို ထိခိုက္ေစတဲ့ ဘယ္လိုျဖစ္စဥ္မ်ိဳးကိုမဆို တိုက္ထုတ္ေပးဖို႔ အသင့္ရွိေနၾကတာပါ။

မၾကာခဏ အစားစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးျခင္း

အစားအေသာက္က လူတိုင္းအတြက္ အာဟာရျဖစ္ေစပါတယ္။ ဒါေပမဲ့ မရပ္မနားနဲ႔ တရစပ္စားသုံးေနမယ္ဆိုရင္ေတာ့ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားပါတယ္။ ၾကက္ဥကို စားသုံးေပးမယ္ဆိုရင္ေတာ့ ခဏခဏ ဗိုက္ဆာတဲ့ဒဏ္က ကင္းေဝးမွာပဲျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၾကက္ဥထဲမွာ ပါဝင္တဲ့ ပ႐ိုတင္းဓာတ္က ဗိုက္ျပည့္ျမန္ေစၿပီး မရပ္မနားအစားစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

အခ်ိန္ကုန္ျခင္းကို သက္သာေစၿပီး စြမ္းအင္ျပည့္ဝေစျခင္း

ၾကက္ဥကို ေၾကာ္ပဲ စားစား၊ ျပဳတ္ပဲစားစား ခ်က္ျပဳတ္ျပင္ဆင္ရတာ လြယ္ကူသက္သာတဲ့အတြက္ေၾကာင့္ မအားမလပ္တဲ့သူေတြအေနနဲ႔ ၾကက္ဥက အသင့္ေတာ္ဆုံးပါပဲ။ ဒါတင္မကေသးပါဘူး၊ မနက္ခင္းမွာ ၾကက္ဥစားသုံးျခင္းက တစ္ေန႔တာလုံး စြမ္းအင္ျပည့္ဝေနေအာင္ ကူညီေပးပါလိမ့္မယ္။

ဒီလို ေကာင္းက်ိဳးေတြ အမ်ားႀကီးရေနမွေတာ့ ၾကက္ဥကို တစ္ေန႔ ၃ လုံး မွန္မွန္စားသင့္တယ္မဟုတ္လား။

Credit:myfoodmyanmar

Unicode ဖြင့်ဖတ်ရန်

ကြက်ဥ ၃ လုံးကို နေ့တိုင်း စားသုံးမယ်ဆိုရင် ဘာတွေခံစားရမလဲ

ကြက်ဥပြုတ် တစ်လုံးမှာ ဗီတာမင် အေ ၊ ဗီတာမင် အီး ၊ ဗီတာမင် ကေ ၊ ဗီတာမင် B6 ၊ ဗီတာမင် B5 ၊ ဗီတာမင် B12 ၊ ဗီတာမင် B 2 စတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်သလို ကယ်လစီယမ် နဲ့ဇင့်ဓာတ်တို့လည်း ပါဝင်ပါတယ်။ ကြက်ဥတစ်လုံး စားတဲ့အခါ ပရိုတင်းဓာတ် ၆ ဂရမ် ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီဓာတ် ၅ ဂရမ်နဲ့ ကယ်လိုရီဓာတ် ၇၇ ကယ်လိုရီရရှိနိုင်ပါတယ်။

ကြက်ဥ တစ်လုံးတည်းမဟုတ်ဘဲ ကြက်ဥ ၂ လုံးကို နေ့တိုင်း စားသုံးမယ်ဆိုရင် ဘယ်လိုအရာတွေကို တွေ့ကြုံခံစားရမလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။

နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးခြင်း

ကြက်ဥနေ့စဉ်စားသုံးခြင်းကခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေတဲ့ကိုလက်စတောတွေကိုလျှော့ချပေးတာကြောင့်နှလုံးရောဂါခံစားရခြင်းကိုလျှော့ချပေးနိုင်ပါတယ်။

ကြံ့ခိုင်သန်မာတဲ့ ကြွက်သားများကို ပိုင်ဆိုင်နိုင်ခြင်း

ကြက်ဥအကြီးစားတစ်လုံးမှာ ပျမ်းမျှအားဖြင့် ၇၂ ကယ်လိုရီပါဝင်ပါတယ်။ ထိုကယ်လိုရီများထဲတွင် ပရိုတင်းဓာတ်တွေ ရရှိနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က ကြွက်သားဆဲလ်များ အားနည်းခြင်းကို ပြန်လည်အားဖြည့်ပေးဖို့အတွက် ပရိုတင်းဓာတ်တွေ လိုအပ်ပါတယ်။ ကြက်ဥကတော့ သင့်ကြွက်သားအတွက် အကောင်းဆုံးလောင်စာပဲဖြစ်ပါတယ်။

အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

ရှေးယခင်တုန်းကတော့ ကြက်ဥ စားသုံးခြင်းက အရိုးကျန်းမာရေးကို ထိခိုက်စေတယ်လို့ အယူရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ စမ်းသပ်လေ့လာချက်အရ ကြက်ဥရဲ့ ပရိုတင်းပမာဏက အရိုးသိပ်သည်းဆအတွက် အထောက်အကူပြုပေးနိုင်တယ်ဆိုတာပါပဲ။

မျက်လုံး အားကောင်းစေခြင်း

ကြက်ဥမှာ မျက်လုံးကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတဲ့ Lutein နဲ့ Zeaxanthin ဆိုတဲ့ Antioxidants များ ပါဝင်ပါတယ်။ မျက်ကြည်လွှာမှာ စုဝေးနေတဲ့ ထိုစွမ်းအားပြင်း Antioxidants များက မျက်စိကို ထိခိုက်စေတဲ့ ဘယ်လိုဖြစ်စဉ်မျိုးကိုမဆို တိုက်ထုတ်ပေးဖို့ အသင့်ရှိနေကြတာပါ။

မကြာခဏ အစားစားချင်စိတ်ကို လျှော့ချပေးခြင်း

အစားအသောက်က လူတိုင်းအတွက် အာဟာရဖြစ်စေပါတယ်။ ဒါပေမဲ့ မရပ်မနားနဲ့ တရစပ်စားသုံးနေမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။ ကြက်ဥကို စားသုံးပေးမယ်ဆိုရင်တော့ ခဏခဏ ဗိုက်ဆာတဲ့ဒဏ်က ကင်းဝေးမှာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဥထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က ဗိုက်ပြည့်မြန်စေပြီး မရပ်မနားအစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

အချိန်ကုန်ခြင်းကို သက်သာစေပြီး စွမ်းအင်ပြည့်ဝစေခြင်း

ကြက်ဥကို ကြော်ပဲ စားစား၊ ပြုတ်ပဲစားစား ချက်ပြုတ်ပြင်ဆင်ရတာ လွယ်ကူသက်သာတဲ့အတွက်ကြောင့် မအားမလပ်တဲ့သူတွေအနေနဲ့ ကြက်ဥက အသင့်တော်ဆုံးပါပဲ။ ဒါတင်မကသေးပါဘူး၊ မနက်ခင်းမှာ ကြက်ဥစားသုံးခြင်းက တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝနေအောင် ကူညီပေးပါလိမ့်မယ်။

ဒီလို ကောင်းကျိုးတွေ အများကြီးရနေမှတော့ ကြက်ဥကို တစ်နေ့ ၃ လုံး မှန်မှန်စားသင့်တယ်မဟုတ်လား။

Credit:myfoodmyanmar

LEAVE A REPLY