Zawgyi ျဖင့္ဖတ္ရန္

 

ၿပီးခဲ့တဲ့ ေမလ ၂ ရက္ေန႔မွာ တရုတ္ႏုိင္ငံ Changshu ေရွာ့ပင္းေမာလ္တြင္ ကြန္ဖူးေက်ာင္းသားမ်ားနဲ႔ တုိက္ကြမ္ဒိုေက်ာင္းသားမ်ား အျငင္းပြားစကားမ်ားခဲ့ရာက ရန္ပြဲတစ္ခု အျပင္းအထန္ျဖစ္ပြားခဲ့ပါတယ္။ ကြန္ဖူးဆိုတာကေတာ့ တရုတ္ႏုိင္ငံ ရုိးရာသိုင္းပညာျဖစ္ၿပီး တုိက္ကြမ္ဒိုကေတာ့ ေတာင္ကိုးရီးယားရဲ႕ ရုိးရာ တုိက္ခုိက္နည္းတစ္မ်ိဳးျဖစ္ပါတယ္။ တိုက္ကြမ္ဒို နဲ႔ကြန္ဖူးမွာ ဘယ္သိုင္းပညာက ပိုေကာင္းသလဲဆိုတာ သိဖို႔ ဆက္လက္ဖတ္ရွုၾကည္႔လုိက္ၾကရေအာင္။

ျပႆနာကေတာ့ ကြန္ဖူးေက်ာင္းသားမ်ားကို တိုက္ကြမ္ဒိုေက်ာင္းသားမ်ားက အမွန္တကယ္ သိုင္းပညာတတ္တာ မဟုတ္ပဲ Gym trainer ေတြသာျဖစ္ေၾကာင္း ေျပာၾကရာက စတင္ခဲ့တာျဖစ္ပါတယ္။ ကြန္ဖူးေက်ာင္းသားမ်ားဟာ ကြန္ဖူးပညာအသုံးခ်ၿပီး ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ေပးတဲ့ သင္တန္းဖြင့္ခဲ့ပါတယ္။ အမွန္တကယ္ သိုင္းပညာ မတတ္ဘူးလို႔ ေျပာခံလုိက္ရတဲ့အခါ အျငင္းပြားမွုျပင္းထန္လာၿပီး ရန္ပြဲျဖစ္ပြားခဲ့ပါတယ္။

 

 

ေရွာ့ပင္းေမာလ္ လုံၿခဳံေရး ဝန္ထမ္းမ်ားက တားဆီးဖို႔ေရာက္ရွိလာေပမဲ့ ႏွစ္ဖက္လုံးက သိုင္းသမားေတြျဖစ္ေနတာေၾကာင့္ မည္သူမွ ဝင္မဆြဲရဲဘဲ ေဘးကေန ၾကည္႔ေနခဲ့ရပါတယ္။ ရဲေရာက္လာတဲ့ အခ်ိန္မွာသာ တုိက္ကြမ္ဒို သမားမ်ား ၾကမ္းျပင္ေပၚ လဲက်ေနၿပီး အေရးနိမ့္ေနေၾကာင္းေတြ႕ရွိရပါတယ္။ သုိ႔ေပမဲ့ မ်က္ျမင္သက္ေသ ေတြေျပာၾကားခ်က္အရ တုိက္ကြမ္ဒိုသမားေတြဟာ ကြန္ဖူး သမားေတြထက္ ပိုေတာ္ေၾကာင္း ရဲေရာက္လာတဲ့အခ်ိန္ သူတို႔အခ်င္းခ်င္း အခ်က္ျပၿပီး ၾကမ္းျပင္ေပၚ အလုိလုိ လဲခ်လုိက္တာျဖစ္ေၾကာင္း သိရပါတယ္။

တုိက္ကြမ္ဒိုနဲ႔ ကြန္ဖူး ရန္ျဖစ္တဲ့ဗြီဒီယုိဖိုင္ youtube မွာတက္လာၿပီး ဘယ္ဟာက ပိုေကာင္းတဲ့ သိုင္းပညာျဖစ္သလဲဆိုတာ အျငင္းပြားမွုေတြျဖစ္လာပါတယ္။ Changshu City Mall မွာ တုိက္ကြမ္ဒိုနဲ႔ ကြန္ဖူး ဖုိက္တင္ပေလး ၾကတဲ့ ဗြီဒီယို ဖိုင္ကိုၾကည္႔ၿပီး ဘယ္သိုင္းပညာကပိုေကာင္းသလဲဆိုတာ သုံးသပ္ေပးပါဦး ပရိတ္သတ္ႀကီးေရ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

 

ကွန်ဖူး နဲ့ တိုက်ကွမ်ဒို ကျောင်းသားများရှောပင်းမောလ် တစ်ခုတွင် ရန်ဖြစ်ရာ လုံခြုံရေးများဝင်မဆွဲနိုင်ခဲ့

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ တရုတ်နိုင်ငံ Changshu ရှော့ပင်းမောလ်တွင် ကွန်ဖူးကျောင်းသားများနဲ့ တိုက်ကွမ်ဒိုကျောင်းသားများ အငြင်းပွားစကားများခဲ့ရာက ရန်ပွဲတစ်ခု အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ကွန်ဖူးဆိုတာကတော့ တရုတ်နိုင်ငံ ရိုးရာသိုင်းပညာဖြစ်ပြီး တိုက်ကွမ်ဒိုကတော့ တောင်ကိုးရီးယားရဲ့ ရိုးရာ တိုက်ခိုက်နည်းတစ်မျိုးဖြစ်ပါတယ်။ တိုက်ကွမ်ဒို နဲ့ကွန်ဖူးမှာ ဘယ်သိုင်းပညာက ပိုကောင်းသလဲဆိုတာ သိဖို့ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

ပြဿနာကတော့ ကွန်ဖူးကျောင်းသားများကို တိုက်ကွမ်ဒိုကျောင်းသားများက အမှန်တကယ် သိုင်းပညာတတ်တာ မဟုတ်ပဲ Gym trainer တွေသာဖြစ်ကြောင်း ပြောကြရာက စတင်ခဲ့တာဖြစ်ပါတယ်။ ကွန်ဖူးကျောင်းသားများဟာ ကွန်ဖူးပညာအသုံးချပြီး ကိုယ်အလေးချိန် လျော့ချပေးတဲ့ သင်တန်းဖွင့်ခဲ့ပါတယ်။ အမှန်တကယ် သိုင်းပညာ မတတ်ဘူးလို့ ပြောခံလိုက်ရတဲ့အခါ အငြင်းပွားမှုပြင်းထန်လာပြီး ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှော့ပင်းမောလ် လုံခြုံရေး ဝန်ထမ်းများက တားဆီးဖို့ရောက်ရှိလာပေမဲ့ နှစ်ဖက်လုံးက သိုင်းသမားတွေဖြစ်နေတာကြောင့် မည်သူမှ ဝင်မဆွဲရဲဘဲ ဘေးကနေ ကြည့်နေခဲ့ရပါတယ်။ ရဲရောက်လာတဲ့ အချိန်မှာသာ တိုက်ကွမ်ဒို သမားများ ကြမ်းပြင်ပေါ် လဲကျနေပြီး အရေးနိမ့်နေကြောင်းတွေ့ရှိရပါတယ်။ သို့ပေမဲ့ မျက်မြင်သက်သေ တွေပြောကြားချက်အရ တိုက်ကွမ်ဒိုသမားတွေဟာ ကွန်ဖူး သမားတွေထက် ပိုတော်ကြောင်း ရဲရောက်လာတဲ့အချိန် သူတို့အချင်းချင်း အချက်ပြပြီး ကြမ်းပြင်ပေါ် အလိုလို လဲချလိုက်တာဖြစ်ကြောင်း သိရပါတယ်။

တိုက်ကွမ်ဒိုနဲ့ ကွန်ဖူး ရန်ဖြစ်တဲ့ဗွီဒီယိုဖိုင် youtube မှာတက်လာပြီး ဘယ်ဟာက ပိုကောင်းတဲ့ သိုင်းပညာဖြစ်သလဲဆိုတာ အငြင်းပွားမှုတွေဖြစ်လာပါတယ်။ Changshu City Mall မှာ တိုက်ကွမ်ဒိုနဲ့ ကွန်ဖူး ဖိုက်တင်ပလေး ကြတဲ့ ဗွီဒီယို ဖိုင်ကိုကြည့်ပြီး ဘယ်သိုင်းပညာကပိုကောင်းသလဲဆိုတာ သုံးသပ်ပေးပါဦး ပရိတ်သတ်ကြီးရေ။

Credit : popolay

LEAVE A REPLY