Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

နေတိုး နဲ့တူတယ်ဆိုတာကို ဖြေရှင်းလိုက်တဲ့ Travel Blogger နုမြတ်

Social Media အသုံးပြုသူတွေကြားမှာ နာမည်ကြီးလာတဲ့ Travel Blogger နုမြတ်ကိုတော့ တော်တော်များများလည်း ယခုနောက်ပိုင်းမှာ ရင်နှီးနေကြမှာပါ။ ထူးထူးဆန်းဆန်းခရီးအကြောင်းတွေကို ကျကျနနရှင်းပြရင်း ပရိသတ်တွေ အခိုင်အမာ ရရှိလာတဲ့ နုမြတ်ကတော့ သူ့ရဲ့ပုံစံကိုနေတိုးရဲ့မိန်းကလေးဗာရှင်းလို့် လူတော်တော်များများပြောနေကြတာလဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း နေတိုးမိန်းမလို ပြင်လိုက်တဲ့အချိန်မှာ သူနဲ့တူတယ်ဆိုတာကို လက်ခံပြီး အဲ့အပေါ်မှာလည်း စိတ်မဆိုးဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။

နေတိုးနဲ့တူတယ်လို့ ပြောကြတဲ့ အပေါ်မှာတော့ “အဲ့ဒါကတော့ အရင်ကတည်းက ပြောဖူးတယ်။ ကိုနေတိုး တာတေကြီး ဇာတ်ကားထဲမှာ သူမိန်းကလေးလို ဝတ်ကတည်းက ဖေ့ဘုတ်ကတောင် မှားပြီးတော့ Tag တယ်ဆိုတော့။ အဲ့မှာ Tag your photo ဆိုတော့ ညီမနာမည်နဲ့ ကိုနေတိုးပုံကြီး ဖြစ်နေတယ်။ အဲ့တော့ တခြားသူတွေကလည်း လာလာပြတယ်။ တူလို့ဖြစ်မှာပေါ့လို့။ ရင်းနှီးတဲ့ သူတွေ ကိုယ့်ဘာကိုယ်တော့ အရမ်းကြီးတူတယ်လို့တော့ မထင်မိပါဘူး။ တချို့ပုံတွေတော့ တူပါတယ်။

ပြီးတော့ တာတူးဆိုတဲ့ ဇာတ်ကားမှာလည်း သူက လုံးဝမိန်းကလေးလိုမျိုးလေး လှနေတော့ အဲ့မှာပိုပြီးတော့ တူတယ်လို့ ပြောကြပါတယ်။ အမ အဲ့တုန်းကလည်း သြစတေးလျခရီးသွားတဲ့ အကြောင်းကိုတင်တာပေါ့နော်။ အဲ့မှာ ခရီးသွားတဲ့အကြောင်း မဟုတ်တော့ပဲ ကိုနေတိုးနဲ့ တူတဲ့ Comment တွေကပိုများသွားတယ်ပေါ့နော်။ သတင်းတွေလည်း တော်တော်ကို များသွားပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှတော့ မပြောချင်ပါဘူး။ ကိုနေတိုးက မင်းသားလည်း ဖြစ်တယ်။

မိန်းကလေးလိုမျိုး ပြင်ထားရင်လည်း သူက ညီမထက်ပိုပြီးလှပါတယ်။ တကယ်ကို ပေါင်တံလေးတွေရော စင်းပြီး မျက်လုံး မျက်ခုံးတွေလည်း လှပါတယ်။ အမနဲ့တူတယ်လို့ ပြောတော့ သူ့ကိုတော့ အားတော့ အားနာမိတယ်။ တချို့ကျတော့လည်း ဒီလိုလိုက်ပြောနေတာ စိတ်မဆိုးဘူးလားလို့ပြောတယ်။ စိတ်မဆိုးပါဘူး ကျေနပ်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY