Zawgyi ျဖင့္ဖတ္ရန္

လူတစ္ေယာက္စိတ္ကုန္သြားတယ္ဆိုတာ သူ႔ရဲ႕တိတ္ဆိတ္မႈကေန သိႏိုင္ပါတယ္။ ခါတိုင္းဆို ၿပဳံးေပ်ာ္ေနတတ္တဲ့ သူတစ္ေယာက္၊ ပြစိပြစိေျပာေနတတ္တဲ့သူတစ္ေယာက္၊ အဆူညံဆုံးသူတစ္ေယာက္က တိတ္ဆိတ္သြားတယ္ဆိုရင္ ဒါဟာသင့္ကို စိတ္ကုန္သြားတာပါ။ ဘာေၾကာင့္လဲဆိုတာ ဖတ္ၾကည့္လိုက္ပါဦး။

(၁) စိတ္ပ်က္လြန္းလို႔

မိန္းကေလးတစ္ေယာက္ဟာ ေတာ္႐ုံတန္႐ုံ စိတ္မပ်က္တတ္ပါဘူး။ အထူးသျဖင့္ ခ်စ္တဲ့သူေတြနဲ႔ ပတ္သက္ရင္ ေတာ္ေတာ္ေလးကို စိတ္ရွည္ၾကတဲ့သူေတြပါ။ ဒါေပမယ့္လည္း ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား၊ ဘယ္ေလာက္ပဲ ေမွ်ာ္လင့္ေနလည္း ဘာမွထူးမလာေတာ့တဲ့အခါ စိတ္ပ်က္သြားၾကပါတယ္။ ဒါေၾကာင့္ပဲ တိတ္ဆိတ္မႈကို ေ႐ြးခ်ယ္လိုက္ၾကတာပါ။

(၂) စကားလုံးနဲ႔မေဖာ္ျပႏိုင္ေတာ့လို႔

မိန္းကေလးတစ္ေယာက္ဟာ သင့္အေပၚမွာ ဆူတယ္၊ ေငါက္တယ္၊ ပြစိပြစိေျပာတယ္ဆိုတာ သင့္ကို ေတာ္ေတာ္ခ်စ္လို႔ပါ။ ဒါေပမယ့္ သင့္ကိုစိတ္ကုန္သြားတဲ့အခါမွာေတာ့ အဲလိုမ်ိဳးေတြ ၾကားရေတာ့မွာ မဟုတ္ပါဘူး။ သူ႔ရင္ထဲက စိတ္ဒဏ္ရာေတြ၊ စိတ္ပ်က္ဝမ္းနည္းမႈေတြကို ေဖာ္ျပႏိုင္တဲ့ စကားလုံးေတြမရွိေတာ့တဲ့အခါ တိတ္ဆိတ္ျခင္းကိုသာ ၾကားရေတာ့မွာပါ။

(၃) ေျပာၿပီးသားကို ထပ္ခါတလဲလဲ မေျပာခ်င္ေတာ့လို႔

ေျပာၿပီးသားစကားကို တစ္ဖက္လူ နားမဝင္မခ်င္း ထပ္ခါတလဲလဲေျပာႏိုင္တာ မိန္းကေလးေတြပါပဲ။ ျဖစ္ေစခ်င္တဲ့စိတ္၊ ေမတၱာထားတဲ့စိတ္ေတြနဲ႔ တစ္ဖက္လူကို ထပ္ခါတလဲလဲ ခြင့္လႊတ္၊ ထပ္ခါတလဲလဲေျပာေနတတ္တဲ့သူေတြပါ။ ဒါေပမယ့္လည္း ဘယ္ေလာက္ပဲေျပာေျပာ ဘယ္လိုမွ ထူးလာေတာ့မွာမဟုတ္တဲ့ သူတစ္ေယာက္ကို စိတ္ကုန္သြားတဲ့အခါ တိတ္ဆိတ္သြားပါေတာ့တယ္။

(၄) ကိုယ့္ တန္ဖိုး ကိုယ္မခ်ခ်င္ေတာ့လို႔

တစ္ဖက္လူက ကိုယ့္ရဲ႕တန္ဖိုးကိုနားမလည္တဲ့အျပင္ ကိုယ့္ကိုနင္းေျခဖို႔ ႀကိဳးစားေနတဲ့အခါေတြမွာလည္း မိန္းကေလးတစ္ေယာက္ဟာ စိတ္ကုန္သြားပါေတာ့တယ္။ ကိုယ့္ရဲ႕သည္းခံမႈ၊ ခြင့္လႊတ္မႈ၊ နားလည္ေပးမႈေတြကို မထီမဲ့ျမင္ျပဳၿပီး ကိုယ့္ကိုေစာ္ကားပါမ်ားလာတဲ့အခါ၊ ကိုယ့္ရဲ႕စည္းကို ေက်ာ္လာတဲ့အခါေတြမွာေတာ့ မိန္းကေလးတစ္ေယာက္ဟာ လုံးဝစိတ္ကုန္သြားတာေၾကာင့္မို႔လို႔ တိတ္ဆိတ္သြားတာျဖစ္ပါတယ္။

(၅) ႐ုန္းထြက္ခ်င္ေနၿပီမို႔လို႔

မိန္းကေလးတစ္ေယာက္ဟာ လူတစ္ေယာက္အေပၚတကယ္စိတ္ကုန္ၿပီ၊ ဒီလူနဲ႔ဆက္ၿပီးမပတ္သက္ခ်င္ေတာ့ဘူး၊ ဒီလူရဲ႕ ဘဝထဲကေန ထြက္သြားခ်င္ၿပီဆိုရင္ေတာ့ လုံးဝတိတ္ဆိတ္သြားမွာပါ။ ေနာက္ထပ္လုံးဝမပတ္သက္ခ်င္ေတာ့တဲ့အခါမွာ ဒီလူကို ေျပာဖို႔စကားလုံးေတြ ကုန္ခမ္းၿပီး တိတ္ဆိတ္မႈေတြသာ က်န္ခဲ့မွာပါ။

Credit : Aunty May

Unicode ဖြင့်ဖတ်ရန်

မိန်းကလေး တစ်ယောက် တိတ်ဆိတ်သွားပြီဆိုရင် သင့်ကိုစိတ်ကုန်သွားတာပါ….

လူတစ်ယောက်စိတ်ကုန်သွားတယ်ဆိုတာ သူ့ရဲ့တိတ်ဆိတ်မှုကနေ သိနိုင်ပါတယ်။ ခါတိုင်းဆို ပြုံးပျော်နေတတ်တဲ့ သူတစ်ယောက်၊ ပွစိပွစိပြောနေတတ်တဲ့သူတစ်ယောက်၊ အဆူညံဆုံးသူတစ်ယောက်က တိတ်ဆိတ်သွားတယ်ဆိုရင် ဒါဟာသင့်ကို စိတ်ကုန်သွားတာပါ။ ဘာကြောင့်လဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

(၁) စိတ်ပျက်လွန်းလို့

မိန်းကလေးတစ်ယောက်ဟာ တော်ရုံတန်ရုံ စိတ်မပျက်တတ်ပါဘူး။ အထူးသဖြင့် ချစ်တဲ့သူတွေနဲ့ ပတ်သက်ရင် တော်တော်လေးကို စိတ်ရှည်ကြတဲ့သူတွေပါ။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ မျှော်လင့်နေလည်း ဘာမှထူးမလာတော့တဲ့အခါ စိတ်ပျက်သွားကြပါတယ်။ ဒါကြောင့်ပဲ တိတ်ဆိတ်မှုကို ရွေးချယ်လိုက်ကြတာပါ။

(၂) စကားလုံးနဲ့မဖော်ပြနိုင်တော့လို့

မိန်းကလေးတစ်ယောက်ဟာ သင့်အပေါ်မှာ ဆူတယ်၊ ငေါက်တယ်၊ ပွစိပွစိပြောတယ်ဆိုတာ သင့်ကို တော်တော်ချစ်လို့ပါ။ ဒါပေမယ့် သင့်ကိုစိတ်ကုန်သွားတဲ့အခါမှာတော့ အဲလိုမျိုးတွေ ကြားရတော့မှာ မဟုတ်ပါဘူး။ သူ့ရင်ထဲက စိတ်ဒဏ်ရာတွေ၊ စိတ်ပျက်ဝမ်းနည်းမှုတွေကို ဖော်ပြနိုင်တဲ့ စကားလုံးတွေမရှိတော့တဲ့အခါ တိတ်ဆိတ်ခြင်းကိုသာ ကြားရတော့မှာပါ။

(၃) ပြောပြီးသားကို ထပ်ခါတလဲလဲ မပြောချင်တော့လို့

ပြောပြီးသားစကားကို တစ်ဖက်လူ နားမဝင်မချင်း ထပ်ခါတလဲလဲပြောနိုင်တာ မိန်းကလေးတွေပါပဲ။ ဖြစ်စေချင်တဲ့စိတ်၊ မေတ္တာထားတဲ့စိတ်တွေနဲ့ တစ်ဖက်လူကို ထပ်ခါတလဲလဲ ခွင့်လွှတ်၊ ထပ်ခါတလဲလဲပြောနေတတ်တဲ့သူတွေပါ။ ဒါပေမယ့်လည်း ဘယ်လောက်ပဲပြောပြော ဘယ်လိုမှ ထူးလာတော့မှာမဟုတ်တဲ့ သူတစ်ယောက်ကို စိတ်ကုန်သွားတဲ့အခါ တိတ်ဆိတ်သွားပါတော့တယ်။

(၄) ကိုယ့် တန်ဖိုး ကိုယ်မချချင်တော့လို့

တစ်ဖက်လူက ကိုယ့်ရဲ့တန်ဖိုးကိုနားမလည်တဲ့အပြင် ကိုယ့်ကိုနင်းခြေဖို့ ကြိုးစားနေတဲ့အခါတွေမှာလည်း မိန်းကလေးတစ်ယောက်ဟာ စိတ်ကုန်သွားပါတော့တယ်။ ကိုယ့်ရဲ့သည်းခံမှု၊ ခွင့်လွှတ်မှု၊ နားလည်ပေးမှုတွေကို မထီမဲ့မြင်ပြုပြီး ကိုယ့်ကိုစော်ကားပါများလာတဲ့အခါ၊ ကိုယ့်ရဲ့စည်းကို ကျော်လာတဲ့အခါတွေမှာတော့ မိန်းကလေးတစ်ယောက်ဟာ လုံးဝစိတ်ကုန်သွားတာကြောင့်မို့လို့ တိတ်ဆိတ်သွားတာဖြစ်ပါတယ်။

(၅) ရုန်းထွက်ချင်နေပြီမို့လို့

မိန်းကလေးတစ်ယောက်ဟာ လူတစ်ယောက်အပေါ်တကယ်စိတ်ကုန်ပြီ၊ ဒီလူနဲ့ဆက်ပြီးမပတ်သက်ချင်တော့ဘူး၊ ဒီလူရဲ့ ဘဝထဲကနေ ထွက်သွားချင်ပြီဆိုရင်တော့ လုံးဝတိတ်ဆိတ်သွားမှာပါ။ နောက်ထပ်လုံးဝမပတ်သက်ချင်တော့တဲ့အခါမှာ ဒီလူကို ပြောဖို့စကားလုံးတွေ ကုန်ခမ်းပြီး တိတ်ဆိတ်မှုတွေသာ ကျန်ခဲ့မှာပါ။

Credit : Aunty May

LEAVE A REPLY