Zawgyi ျဖင့္ဖတ္ရန္

 

မကစ္မကစ္နဲ႔ တစ္ႏိုင္ငံလုံးကပရိသတ္ေတြအျပင္ အိမ္နီးခ်င္းႏိုင္ငံကပရိသတ္ေတြပါ သည္းသည္းလႈပ္ခ်စ္ရတဲ့ ဝတ္မႈန္ေ႐ႊရည္ေလးဟာအခုလက္ရွိမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေနတဲ့ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္ၿပီး က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္တဲ့အရည္အခ်င္းရွိသ႐ုပ္ေဆာင္တစ္ဦးဆိုရင္လည္းမမွားပါဘူး။ ကစ္ေလးက ဆယ္ေက်ာ္သက္မဟုတ္ေတာ့ေပမယ့္ ဆယ္ေက်ာ္သက္ေကာင္မေလးေတြထိုင္ငိုရေလာက္ေအာင္ ဖူးသစ္ႏု႐ြလတ္ဆတ္လွပေနလြန္းလို႔ ပရိသတ္ေတြက ကစ္ေလးကို လူစင္စစ္မဟုတ္ပဲ နတ္မိမယ္ေလးမ်ားလားလို႔အထင္မွားေနရတာလည္းအမွန္ပါပဲ။ကစ္ေလးက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ သူလတ္တေလာစားျဖစ္ေနတဲ့ အစားအေသာက္ေတြအေၾကာင္းနဲ႔ဝိတ္မတက္ေအာင္ထိန္းတဲ့လ်ိဳ႕ဝွက္ခ်က္ေလးေတြကိုပါမွ်ေဝေပးလိုက္ပါတယ္။

ကစ္က ဂ်ပန္စာေလးေတြႀကိဳက္တယ္ဆိုတဲ့အေၾကာင္း “ကစ္က ဂ်ပန္စာႀကိဳက္တယ္။ J’s Kitchen ဆိုတဲ့ဆိုင္ကို အခုမွစားဖူးေတာ့အရမ္းေကာင္းတယ္။ ကစ္အႀကိဳက္လည္းျဖစ္တယ္ေပါ့ေနာ္။ အရသာေလးကလည္းတစ္ခုနဲ႔တစ္ခုကမတူဘူး။ ေတာ္ေတာ္ေကာင္းပါတယ္”လို႔ ေျပာျပထားပါတယ္။

ကစ္က ဝိတ္ထိန္းတဲ့လ်ိဳ႕ဝွက္ခ်က္ေလးကိုလည္း “ကစ္က တစ္ခါတစ္ေလ ဝိတ္ေတြဘာေတြတက္လာရင္ေတာ့ ကစ္ ဂ်ပန္စာစားျဖစ္တာမ်ားတယ္။ ဆူရွီစားတယ္။ Salmon Sashimi စားတယ္။ အကုန္စားတယ္။အမဲသားကင္တာေတြဘာေတြလည္းႀကိဳက္တယ္။ အစားအေသာက္ကေတာ့အကုန္စားတယ္။ဝိတ္နည္းနည္းတက္လာရင္ေတာ့ ဂ်ပန္စာ Healthy ျဖစ္တဲ့အစားေလးေတြေ႐ြးစားျဖစ္တယ္ေပါ့ေနာ္။အသီးအ႐ြက္ salad တို႔ဘာတို႔စားျဖစ္တယ္။ကိုယ့္ကိုယ္ကိုယ္ fit ျဖစ္ေအာင္ေနတယ္။ အရမ္းလည္းမဝ၊အရမ္းလည္းမပိန္ေအာင္ေနျဖစ္တယ္ေပါ့ေနာ္။ အဲ့လိုမ်ိဳးေနျဖစ္ပါတယ္”လို႔ ေျပာျပထားပါတယ္။

ကစ္က လက္တေလာခဏခဏသြားစားျဖစ္ေနတဲ့ J’s Kitchen ဆိုတဲ့ဆိုင္ေလးအေၾကာင္းကို “ဒီဆိုင္ကအခု J’s Kitchen က မိုးေကာင္းဘုရားလမ္းမွာရွိပါတယ္။ ဆိုင္ကအသစ္ေပါ့ေနာ္။ ေတာ္ေတာ္လည္းအရသာရွိပါတယ္။ ဂ်ပန္စာႀကိဳက္တဲ့လူေတြ လာစားဖို႔ဖိတ္ေခၚခ်င္ပါတယ္။ ေက်းဇူးတင္ပါတယ္”လို႔ေျဖၾကားထားပါေသးတယ္။

ကစ္က ေလာေလာဆယ္မွာ ႐ုပ္ရွင္ကားႀကီးေတြဇယ္ဆက္သလို႐ိုက္ကူးေနရၿပီးမအားမလပ္ႏိုင္တဲ့ၾကားက ပရိသတ္ေတြအတြက္အခ်ိန္ေပးၿပီး သူမရဲ႕ လူမႈကြန္ယက္မွာ Live video ေလးေတြလႊင့္ေပးတာကိုလည္း မပ်က္မကြက္လုပ္ေနဆဲပါ။ကစ္ရဲ႕လိပ္ျပာစံအိမ္ဇာတ္ကားႀကီးဟာဆိုရင္လည္း အာရွတစ္ခြင္ၿပဲၿပဲစင္ေအာင္ ေအာင္ျမင္မႈသရဖူေဆာင္းသြားႏိုင္ခဲ့လို႔

ကစ္အေနနဲ႔ အႏုပညာေလာကမွာအေအာင္ျမင္ဆုံးအခ်ိန္ကိုေရာက္ေနတယ္ဆိုရင္မမွားပါဘူး။ ပရိသတ္ေတြကေတာ့ ကစ္ကို ေနာက္ထပ္အမ်ိဳးမ်ိဳးေသာဇာတ္႐ုပ္ေတြနဲ႔ မတူညီတဲ့သ႐ုပ္ေဆာင္မႈေလးေတြျမင္ေတြ႕ခ်င္ေနၾကပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ကစ္ကိုခ်စ္ၾကလား။ ကစ္ရဲ႕ ေနာက္ထပ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကိုေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit : Can’t Wait To Say

Unicode ဖြင့်ဖတ်ရန်

ဝိတ်မတက်အောင်ထိန်းတဲ့ လျို့ဝှက်ချက်ကို ပြောပြလိုက်တဲ့ ဝတ်မှုန်ရွှေရည်

မကစ်မကစ်နဲ့ တစ်နိုင်ငံလုံးကပရိသတ်တွေအပြင် အိမ်နီးချင်းနိုင်ငံကပရိသတ်တွေပါ သည်းသည်းလှုပ်ချစ်ရတဲ့ ဝတ်မှုန်ရွှေရည်လေးဟာအခုလက်ရှိမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အရည်အချင်းရှိသရုပ်ဆောင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ ကစ်လေးက ဆယ်ကျော်သက်မဟုတ်တော့ပေမယ့် ဆယ်ကျော်သက်ကောင်မလေးတွေထိုင်ငိုရလောက်အောင် ဖူးသစ်နုရွလတ်ဆတ်လှပနေလွန်းလို့ ပရိသတ်တွေက ကစ်လေးကို လူစင်စစ်မဟုတ်ပဲ နတ်မိမယ်လေးများလားလို့အထင်မှားနေရတာလည်းအမှန်ပါပဲ။ကစ်လေးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ သူလတ်တလောစားဖြစ်နေတဲ့ အစားအသောက်တွေအကြောင်းနဲ့ဝိတ်မတက်အောင်ထိန်းတဲ့လျို့ဝှက်ချက်လေးတွေကိုပါမျှဝေပေးလိုက်ပါတယ်။

ကစ်က ဂျပန်စာလေးတွေကြိုက်တယ်ဆိုတဲ့အကြောင်း “ကစ်က ဂျပန်စာကြိုက်တယ်။ J’s Kitchen ဆိုတဲ့ဆိုင်ကို အခုမှစားဖူးတော့အရမ်းကောင်းတယ်။ ကစ်အကြိုက်လည်းဖြစ်တယ်ပေါ့နော်။ အရသာလေးကလည်းတစ်ခုနဲ့တစ်ခုကမတူဘူး။ တော်တော်ကောင်းပါတယ်”လို့ ပြောပြထားပါတယ်။

ကစ်က ဝိတ်ထိန်းတဲ့လျို့ဝှက်ချက်လေးကိုလည်း “ကစ်က တစ်ခါတစ်လေ ဝိတ်တွေဘာတွေတက်လာရင်တော့ ကစ် ဂျပန်စာစားဖြစ်တာများတယ်။ ဆူရှီစားတယ်။ Salmon Sashimi စားတယ်။ အကုန်စားတယ်။အမဲသားကင်တာတွေဘာတွေလည်းကြိုက်တယ်။ အစားအသောက်ကတော့အကုန်စားတယ်။ဝိတ်နည်းနည်းတက်လာရင်တော့ ဂျပန်စာ Healthy ဖြစ်တဲ့အစားလေးတွေရွေးစားဖြစ်တယ်ပေါ့နော်။အသီးအရွက် salad တို့ဘာတို့စားဖြစ်တယ်။ကိုယ့်ကိုယ်ကိုယ် fit ဖြစ်အောင်နေတယ်။ အရမ်းလည်းမဝ၊အရမ်းလည်းမပိန်အောင်နေဖြစ်တယ်ပေါ့နော်။ အဲ့လိုမျိုးနေဖြစ်ပါတယ်”လို့ ပြောပြထားပါတယ်။

ကစ်က လက်တလောခဏခဏသွားစားဖြစ်နေတဲ့ J’s Kitchen ဆိုတဲ့ဆိုင်လေးအကြောင်းကို “ဒီဆိုင်ကအခု J’s Kitchen က မိုးကောင်းဘုရားလမ်းမှာရှိပါတယ်။ ဆိုင်ကအသစ်ပေါ့နော်။ တော်တော်လည်းအရသာရှိပါတယ်။ ဂျပန်စာကြိုက်တဲ့လူတွေ လာစားဖို့ဖိတ်ခေါ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်”လို့ဖြေကြားထားပါသေးတယ်။

ကစ်က လောလောဆယ်မှာ ရုပ်ရှင်ကားကြီးတွေဇယ်ဆက်သလိုရိုက်ကူးနေရပြီးမအားမလပ်နိုင်တဲ့ကြားက ပရိသတ်တွေအတွက်အချိန်ပေးပြီး သူမရဲ့ လူမှုကွန်ယက်မှာ Live video လေးတွေလွှင့်ပေးတာကိုလည်း မပျက်မကွက်လုပ်နေဆဲပါ။ကစ်ရဲ့လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာဆိုရင်လည်း အာရှတစ်ခွင်ပြဲပြဲစင်အောင် အောင်မြင်မှုသရဖူဆောင်းသွားနိုင်ခဲ့လို့

ကစ်အနေနဲ့ အနုပညာလောကမှာအအောင်မြင်ဆုံးအချိန်ကိုရောက်နေတယ်ဆိုရင်မမှားပါဘူး။ ပရိသတ်တွေကတော့ ကစ်ကို နောက်ထပ်အမျိုးမျိုးသောဇာတ်ရုပ်တွေနဲ့ မတူညီတဲ့သရုပ်ဆောင်မှုလေးတွေမြင်တွေ့ချင်နေကြပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကစ်ကိုချစ်ကြလား။ ကစ်ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit : Can’t Wait To Say

LEAVE A REPLY