Zawgyi ဖြင့်ဖတ်ရန်
Credit : Nanmalgyi
Unicode ဖြင့်ဖတ်ရန်
စင်ပေါ်ရောက်ရင်နောက်လူတစ်ယောက်ဖြစ်ဖြစ်သွားတယ်ဆိုတဲ့ ဇဏ်ခီ
ဇဏ်ခီ ခီမောင်နှံ
သက်ဆိုင်ရာအနုပညာမှာ ဝမ်းစာအပြည့်နဲ့ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်လုပ်တဲ့ ဇနီးမောင်နှံဖြစ်တဲ့ ခီမောင်နှံ ကိုတော့ မြန်မာပြည်သူပြည်သားတွေကောင်းကောင်းကြီးသိပြီးသာပါ ။ သူတို့နှစ်ယောက်ရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်တွေကြည့်ရင်လည်း တစ်ယောက်နဲ့တစ်ယောက်ကြားအလေးနက်ထားတဲ့ ပုံစံအပြည့်ကိုလည်းတွေ့ရှိနိုင်မှာပါ ။ အခု Myanmar Celebrity နဲ့အင်တာဗျူးမှာသူတို့နှစ်ယောက်ပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ။
သီချင်းဆိုတာနဲ့ပတ်သက်ပြီး ခရစ္စတီးနားခီက “အဲ့ဒါအစ်မUSမှာနေတုန်းက Community နဲ့ပတ်သက်တဲ့Show တွေ Fund Raising Show တွေ အလှူနဲ့ပတ်သက်တဲ့Showတွေဆိုရင် လိုက်ဆိုဖြစ်ပါတယ်။ ဒါပါပဲ Professionally လည်းအစ်မရဲ့အသံကိုကောင်းတယ်လို့အစ်မမသတ်မှတ်ဘူး ။သူကတော့(ဇဏ်ခီကိုလက်ညိုှးထိုးပြပြီး)Music ကို Major ယူလာတာဆိုတော့သူကအသ်မထက်စာရင် Musicနဲ့ပတ်သက်ရင်ပိုပြီးတော့ကျွမ်းကျင်တယ် ။”လို့ ပြောသွားပြီး ဇဏ်ခီက ” အခုလောလောဆယ်တော့ ကျနော်ရဲ့ ဒုတိယမြောက်စီးရီးကိုယ်တိုင်ရေးကိုယ်ဆိုပေါ့ ပထမစီးရီးလိုပဲနောက်တစ်ခွေထုတ်ဖို့ကြိုးစားနေတယ်။ အတီးပိုင်းတွေတော့တော်တော်ပြီးသွားပါပြီ။ ကျနော်အဆိုပိုင်းပဲကျန်တော့တယ်။ ပွင့်လင်းရာသီတော့ကျနော်ထွက်နိုင်အောင်ကြိုးစားနေပါတယ်။
ဂီတအပိုင်းကြောင့်ကျ စိမ်ခေါ်မှုကဘာရှိလည်းဆိုတော့ ဘယ်လောက်ပဲခွေထဲမှာ သွင်းထားတာကောင်းကောင်း Live Performance ကအရေးကြီးဆုံးပဲလေ။ Live Performance မှာဂွမ်းရင်ဂွမ်းတာပဲလေ ။ ကျနော်စင်ပေါ်မရောက်တာကတော့ တော်တော်ကြာသွားပြီ ၈နှစ်၉နှစ်လောက်ရှိပြီဆိုတော့ စိုးရိမ်မှုရှိတာပေါ့နော် စင်ပေါ်ပြန်တက်ရမှာကြောက်တယ်။ ကျနော်က အစကတည်းကstageကိုကြောက်တယ် Public Speaking ကိုလည်းကြောက်တယ် ဒီလိုမျိုးအင်တာဗျူးဖြေရမှာကိုလည်းကြောက်တယ်။ အဲ့ဒီလိုမျိုးစကားပြောအရမ်းကြီးကောင်းတဲ့သူမဟုတ်ဘူး ။ပိုဆိုးတာက Stage စင်ပေါ်ရောက်ရင်ကြောက်တယ် ဒါပေမယ့်သီချင်းစပြီး တီးပြီဆိုပြီဆိုရင်တော့ လူနောက်တစ်ယောက်ဖြစ်သွားတတ်တယ် ဒါပေမယ့်ပြောင်းသွားတဲ့အချိန်မှာမှန်မှန်ကန်ကန်ပြောင်းသွားဖို့ပဲလိုတာဆိုတော့ အဲ့ဒါလေးကျနော်ပြန်ပြီးလေ့ကျင့်ဖို့လိုတာပေါ့ ။ Show အကြီးကြီးတွေမဆိုခင်မှာ Showသေးသေးလေးတွေစပြီးတော့လုပ်မလားလို့စဉ်းစားထားတာ။
ကျနော့်ဒုတိယခွေ Title ကို Satellite အိပ်မက်များလို့ပေးထားတယ် ။ခွေထဲမှာလည်း Satellilte ဆိုတဲ့သီချင်းတစ်ပုဒ်ပါတယ်။ အဲ့ဒီသီချင်းကတော့ စီးရီးရဲ့ Titleစီးရီးပေါ့ တစ်ခွေလုံးကိုတော့ ကိုဇော်လတ်တို့ ROS Band ကပဲတာဝန်ယူပြီးတီးခတ်ထားပါတယ်။ အကုန်လုံးကလည်းကိုယ်ပိုင်သံစဉ်တွေဆိုတော့ ကိုယ့်ခေါင်းထဲမှာရှိတာတွေပြောပြတာပေါ့ သူတို့ကလည်း သူတို့ခေါင်းထဲမှာရှိထားတဲ့ဟာတွေကိုပြန်တီးပြနဲ့ဆိုတော့ ညှိနှိုင်းပြီးလုပ်ကြတာဆိုတော့တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပျော်ဖို့လည်းကောင်းတယ်။ စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်။ကျနော်တို့ကတော့ ရထားတဲ့သီချင်းတွေကိုအရမ်းကြိုက်တယ်။ ကြိုက်တာလုပ်ထားတဲ့သီချင်းတွေဆိုတော့ ပရိသတ်အားလုံးနားထောင်လို့ရတဲ့သီချင်းတွေလည်းပါပါတယ်။ ၂ပုဒ်၃ပုဒ်လောက်တော့ပါမယ်ထင်တယ်။ တခြားဟာတွေကတော့ကျနော်တို့ကြိုက်တာလုပ်ထားတာ အဲ့ဒီထဲမှာဆိုသီချင်းတစ်ပုဒ်က ၈မိနစ်နီးပါးလောက်ရှိတယ် အဲ့ဒီလိုမျိုးတွေပေ့ါ လုပ်ချင်တာလုပ်ထားတဲ့ဟာကိုချပြထားတာ။အဲ့ဒါကိုခံစားစေချင်တာ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
Credit : Nanmalgyi
LEAVE A REPLY