Zawgyi ျဖင့္ဖတ္ရန္

ဘယ္သူဘာေျပာေျပာ နားေထာင္ခ်င္မွ နားေထာင္ေပမယ့္ ေဗဒင္ဆရာေတြ ေျပာစကားဆိုရင္ေတာ့ တေသြမတိမ္းလိုက္နာတတ္ၾကတဲ့ သူေတြကို ေတြ႕ဖူးၾကမယ္ထင္ပါတယ္။ လူအေတာ္မ်ားမ်ား (အထူးသျဖင့္) အမ်ိဳးသမီးအမ်ားစုက ေဗဒင္ေမးရတာ ဝါသနာပါေလ့ရွိပါတယ္။ လူမႈေရး၊ စီးပြားေရးေတြမွာ အခက္အခဲနဲနဲေလာက္ႀကဳံတာနဲ႔ ခ်က္ျခင္းဆိုသလို ကိုယ္ယုံၾကည္ရာ ေဗဒင္ဆရာေတြဆီ အားကိုးတႀကီး ေျပးၾကေတာ့တာပါပဲ။

ဒါေပမယ့္ အခ်ိဳ႕ေဗဒဆရာေတြ လမ္းၫႊန္ေပးတဲ့ ယၾတာေတြဟာ ကာယကံရွင္ေတြကို လမ္းမွားေရာက္ၿပီး မေမွ်ာ္လင့္ပဲ ရာဇဝတ္မႈက်ဴးလြန္မိသြားတဲ့ထိ ျဖစ္တတ္ပါတယ္။ အဲဒီအထဲမွာ တ႐ုတ္ႏိုင္ငံက ‘ဟီေရွာင္းဖင္’ ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးလည္း ပါဝင္ခဲ့ရပါတယ္။

၁၉၉၂ ခုႏွစ္မွာ ‘ဟီေရွာင္းဖင္’ ရဲ႕ သားႏွစ္ေယာက္ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ အဲဒီအတြက္ ေသာကေပြေနတဲ့ သူမက သူသားေလးေတြကို ျပန္ရွာေတြ႕ႏိုင္ဖို႔ ေဗဒင္သြားေမးခဲ့ပါတယ္။ ေဗဒင္ဆရာက သူမမွာ ကံၾကမၼာဆိုးေတြ ဝင္ေနတဲ့အတြက္ ျဖစ္ရတာျဖစ္ၿပီး ဒီလိုကံမေကာင္းျခင္းေတြကို ဖယ္ရွားဖို႔ဆိုရင္ တစ္ေယာက္ေယာက္ဆီကေန ကေလးကို ျပန္ခိုးမွ လြတ္မယ္လို႔ ေဟာလိုက္ပါတယ္။

 

ေဗဒင္ဆရာကို ယုံၾကည္တဲ့ ‘ဟီေရွာင္းဖင္’ ဟာ အဲဒီအခ်ိန္ကစၿပီး မွတ္ပုံတင္အတု လုပ္ကာ ကေလးခိုးဖို႔ ႀကိဳတင္ႀကံစည္ခဲ့ပါတယ္။ ကေလးထိန္းအျဖစ္ ဟန္ေဆာင္ကာ ေခ်ာင္းကြင္းစီရင္စုမွာ ေနထိုင္တဲ့ “က်ဴရွကြမ္း” ဆိုတဲ့ အမ်ိဳးသမီးရဲ႕အိမ္မွာ ကေလးထိန္းဝင္လုပ္ခဲ့ပါတယ္။ သူမထိန္းရတဲ့ ကေလးက ၁၅ လသားအ႐ြယ္ ေယာက္်ားေလးျဖစ္ပါတယ္။

ကေလးထိန္းဝင္လုပ္ၿပီး တစ္ပတ္ေလာက္အၾကာမွာေတာ့ ကေလးခိုးမယ့္အစီစဥ္ကို စတင္ခဲ့ပါတယ္။ ကေလးနဲ႔အတူ ေဈးဝယ္ထြက္မယ္လို႔ “က်ဴရွကြမ္း” ကို အေၾကာင္းျပၿပီး ကေလးကို ေခၚထုတ္ကာ နန္ေခ်ာင္း စီရင္စုမွာရွိတဲ့ သူမရဲ႕အိမ္ကို အၿပီးအပိုင္ ခိုးယူသြားခဲ့ပါတယ္။

ကေလးကို “လွ်ိဳက်င္ရွင္း” လို႔ နာမည္ေပးလိုက္ပါတယ္။ အဲဒီနာမည္က သူမရဲ႕ ေပ်ာက္သြားတဲ့ သားအငယ္ေလးရဲ႕ နာမည္ျဖစ္ပါတယ္။ သူမဟာ ကိုယ္ပိုင္စီးပြားေရး တစ္ခုကို မထူေထာင္ႏိုင္ေသးခင္ အခ်ိန္ထဲက ဒီကေလးကို ၂၆ ႏွစ္လုံးလုံး သူမရဲ႕သားအရင္းေလးလို သေဘာထားကာ ဒုကၡေတြခံ အလုပ္ႏွစ္ခုသုံးခုလုပ္ၿပီး ရင္အုပ္မကြာေစာင့္ေရွာက္ရင္း အတန္းပညာေတြလည္း သင္ၾကားေပးခဲ့ပါတယ္။

“ဟီေရွာင္းဖင္”

၁၉၉၅ ခုႏွစ္မွာေတာ့ “ဟီေရွာင္းဖင္” သမီးေလးတစ္ေယာက္ ေမြးဖြားခဲ့ပါတယ္။ ဒီအခ်က္ေၾကာင့္ ေဗဒင္ဆရာေျပာတဲ့အတိုင္း ယၾတာေခ်လို႔ အခုလို ကံဆိုးကံညံ့ေတြ လြတ္သြားတာ ျဖစ္တယ္လို႔ ပိုၿပီး ယုံၾကည္သြားခဲ့ပါတယ္။

ဒါေပမယ့္ ၂၂ ႏွစ္ေလာက္ အၾကာ၊ တစ္ရက္မွာေတာ့ အမ်ိဳးသမီးႀကီးတစ္ေယာက္ သားေပ်ာက္တာကိုလိုက္ရွာရင္းနဲ႔ သူမရဲ႕တစ္ဘဝလုံး အခ်ိန္ေတြကုန္ဆုံးခဲ့ရတဲ့ ျဖစ္ရပ္မွန္ ႐ုပ္သံအစီစဥ္ကို ၾကည့္ၿပီး သူ ကေလးကို ခိုးယူခဲ့တဲ့ လုပ္ရပ္ဟာ အမွားႀကီးတစ္ခု က်ဴးလြန္ခဲ့မိတာပါလားလို႔ သေဘာေပါက္လာၿပီး အျပစ္ရွိသလို ခံစားလာရပါတယ္။

“လွ်ိဳက်င္ရွင္း”

အဲဒီအခ်ိန္ကစၿပီး ကေလးရဲ႕ မိခင္ရင္းျဖစ္တဲ့ “က်ဴရွကြမ္း” ကို အဆက္အသြယ္ရေအာင္ ႀကိဳးစားခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ သူတို႔ အဆက္အသြယ္ရခဲ့ၾကပါတယ္။ သူမ ခိုးယူခဲ့တဲ့ ကေလးကို မိခင္ရင္းထံ ျပန္အပ္မယ္အလုပ္မွာ မေမွ်ာ္လင့္တဲ့ အျဖစ္ပ်က္တစ္ခု ေပၚလာခဲ့ပါတယ္။ အဲဒါကေတာ့ “က်ဴရွကြမ္း” ဟာ သူမရဲ႕ ေပ်ာက္သြားတဲ့ ကေလးကို ၁၉၉၅ ခုႏွစ္မွာ ျပန္ေတြ႕ခဲ့ၿပီ ဆိုတာပါပဲ။ အဲဒီကေလးကို “ပန္ပန္” နာမည္ေပးထားပါတယ္။

“ပန္ပန္” ဟာ တစ္ကယ့္ကိုပဲ “က်ဴရွကြမ္း” ရဲ႕ သားအရင္းျဖစ္တဲ့ “လွ်ိဳက်င္ရွင္း” နဲ႔ အေတာ္ေလး ဆင္တူပါတယ္။ “က်ဴရွကြမ္း” ဟာ သူမရဲ႕ တစ္ဘဝလုံး “ပန္ပန္” ကို သားအရင္းထင္ၿပီး ျပဳစုေစာင့္ေရွာက္လာခဲ့တာပါ။ အခုကိစၥေပၚလာတဲ့အခါ ေရွာ့ခ္ျဖစ္သြားရပါတယ္။

လတ္တေလာ စစ္ေဆးထားတဲ့ DNA အရ “လွ်ိဳက်င္ရွင္း” ဟာ “က်ဴရွကြမ္း” ရဲ႕ သားအရင္းစစ္စစ္ ျဖစ္ေနတာကိုေတြ႕ရပါတယ္။ “ပန္ပန္” နဲ႔ေတာ့ DNA မတူတာကိုေတြ႕ရပါတယ္။

“က်ဴရွကြမ္း” “လွ်ိဳက်င္ရွင္း”

၁၉၉၅ တုန္းက ဟန္နန္တရား႐ုံးေတာ္မွာ “ပန္ပန္” ကို DNA စစ္ခဲ့စဥ္က သူမနဲ႔ တူတယ္လို႔ အေျဖထုတ္ေပးခဲ့ၿပီး ေပ်ာက္ဆုံးေနတဲ့ ကေလး မိခင္ရင္းနဲ႔ ျပန္ေတြ႕ဟုဆိုကာ အမႈပိတ္ခဲ့ပါတယ္။ အဲဒီလို ၿပီးစလြယ္ DNA အမွားနဲ႔ လြဲမွားစြာဆုံးျဖတ္ခဲ့တဲ့အတြက္ “က်ဴရွကြမ္း” က တရား႐ုံးေတာ္ကို ျပန္လည္ တရားစြဲထားၿပီး နစ္နာေၾကး တ႐ုတ္ယြမ္ ၂.၉၅ မီလီယံ ေတာင္းခံထားပါတယ္။

DNA အရ မွန္ကန္ေပမယ့္ လက္တေလာမွာေတာ့ “က်ဴရွကြမ္း” ဟာ “လွ်ိဳက်င္ရွင္း” ကို သားအရင္းအျဖစ္ လက္ခံဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ “လွ်ိဳက်င္ရွင္း” ဟာ ေသာက္တတ္သူျဖစ္လို႔ သူတို႔ရဲ႕ သားသမီးနဲ႔ မိခင္ ဆက္ဆံေရး ၾကာရွည္ခံမွာ မဟုတ္ဘူးလို႔ ျငင္းပယ္ထားသလို၊ ဒါေတြအားလုံးဟာ ကေလးကို ခိုးခဲ့တဲ့ “ဟီေရွာင္းဖင္” ရဲ႕ အျပစ္ေတြလို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ သူမေျပာခဲ့တာေတြအတြက္ ေတာင္းပန္ပါတယ္လို႔ “ဟီေရွာင္းဖင္” ကို ကိုယ္တိုင္ကိုယ္က် ဝန္ခ်ခဲ့ၿပီး သူ႔ရဲ႕ သားအရင္းျဖစ္ေနတဲ့ “လွ်ိဳက်င္ရွင္း” ကို ေစာင့္ေရွာက္ခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္လို႔ ေျပာဆိုၿပီး လက္ရွိမွာေတာ့ သူတို႔အားလုံးရဲ႕ ဆက္ဆံေရး ေျပလည္ေနၾကပါတယ္။တရား႐ုံေတာ္ကသာ DNA မွားယြင္းထုတ္ျပန္ၿပီး ဆုံးျဖတ္ခဲ့မႈအတြက္ တရားစြဲခံထားရပါတယ္။

Credt : popolay

Unicode ဖြင့်ဖတ်ရန်၏

ယတြာချေ ဖို့ ကလေးကို ခိုးယူခဲ့ပြီး ၂၆ နှစ်ကြာမှ မိခင်ရင်းထံပြန်အပ် သို့သော်..

ဘယ်သူဘာပြောပြော နားထောင်ချင်မှ နားထောင်ပေမယ့် ဗေဒင်ဆရာတွေ ပြောစကားဆိုရင်တော့ တသွေမတိမ်းလိုက်နာတတ်ကြတဲ့ သူတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ လူအတော်များများ (အထူးသဖြင့်) အမျိုးသမီးအများစုက ဗေဒင်မေးရတာ ဝါသနာပါလေ့ရှိပါတယ်။ လူမှုရေး၊ စီးပွားရေးတွေမှာ အခက်အခဲနဲနဲလောက်ကြုံတာနဲ့ ချက်ခြင်းဆိုသလို ကိုယ်ယုံကြည်ရာ ဗေဒင်ဆရာတွေဆီ အားကိုးတကြီး ပြေးကြတော့တာပါပဲ။

ဒါပေမယ့် အချို့ဗေဒဆရာတွေ လမ်းညွှန်ပေးတဲ့ ယတြာတွေဟာ ကာယကံရှင်တွေကို လမ်းမှားရောက်ပြီး မမျှော်လင့်ပဲ ရာဇဝတ်မှုကျူးလွန်မိသွားတဲ့ထိ ဖြစ်တတ်ပါတယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံက ‘ဟီရှောင်းဖင်’ ဆိုတဲ့ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ရပါတယ်။

၁၉၉၂ ခုနှစ်မှာ ‘ဟီရှောင်းဖင်’ ရဲ့ သားနှစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအတွက် သောကပွေနေတဲ့ သူမက သူသားလေးတွေကို ပြန်ရှာတွေ့နိုင်ဖို့ ဗေဒင်သွားမေးခဲ့ပါတယ်။ ဗေဒင်ဆရာက သူမမှာ ကံကြမ္မာဆိုးတွေ ဝင်နေတဲ့အတွက် ဖြစ်ရတာဖြစ်ပြီး ဒီလိုကံမကောင်းခြင်းတွေကို ဖယ်ရှားဖို့ဆိုရင် တစ်ယောက်ယောက်ဆီကနေ ကလေးကို ပြန်ခိုးမှ လွတ်မယ်လို့ ဟောလိုက်ပါတယ်။

ဗေဒင်ဆရာကို ယုံကြည်တဲ့ ‘ဟီရှောင်းဖင်’ ဟာ အဲဒီအချိန်ကစပြီး မှတ်ပုံတင်အတု လုပ်ကာ ကလေးခိုးဖို့ ကြိုတင်ကြံစည်ခဲ့ပါတယ်။ ကလေးထိန်းအဖြစ် ဟန်ဆောင်ကာ ချောင်းကွင်းစီရင်စုမှာ နေထိုင်တဲ့ “ကျူရှကွမ်း” ဆိုတဲ့ အမျိုးသမီးရဲ့အိမ်မှာ ကလေးထိန်းဝင်လုပ်ခဲ့ပါတယ်။ သူမထိန်းရတဲ့ ကလေးက ၁၅ လသားအရွယ် ယောက်ျားလေးဖြစ်ပါတယ်။

ကလေးထိန်းဝင်လုပ်ပြီး တစ်ပတ်လောက်အကြာမှာတော့ ကလေးခိုးမယ့်အစီစဉ်ကို စတင်ခဲ့ပါတယ်။ ကလေးနဲ့အတူ ဈေးဝယ်ထွက်မယ်လို့ “ကျူရှကွမ်း” ကို အကြောင်းပြပြီး ကလေးကို ခေါ်ထုတ်ကာ နန်ချောင်း စီရင်စုမှာရှိတဲ့ သူမရဲ့အိမ်ကို အပြီးအပိုင် ခိုးယူသွားခဲ့ပါတယ်။

ကလေးကို “လျှိုကျင်ရှင်း” လို့ နာမည်ပေးလိုက်ပါတယ်။ အဲဒီနာမည်က သူမရဲ့ ပျောက်သွားတဲ့ သားအငယ်လေးရဲ့ နာမည်ဖြစ်ပါတယ်။ သူမဟာ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မထူထောင်နိုင်သေးခင် အချိန်ထဲက ဒီကလေးကို ၂၆ နှစ်လုံးလုံး သူမရဲ့သားအရင်းလေးလို သဘောထားကာ ဒုက္ခတွေခံ အလုပ်နှစ်ခုသုံးခုလုပ်ပြီး ရင်အုပ်မကွာစောင့်ရှောက်ရင်း အတန်းပညာတွေလည်း သင်ကြားပေးခဲ့ပါတယ်။

“ဟီရှောင်းဖင်”

၁၉၉၅ ခုနှစ်မှာတော့ “ဟီရှောင်းဖင်” သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ဒီအချက်ကြောင့် ဗေဒင်ဆရာပြောတဲ့အတိုင်း ယတြာချေလို့ အခုလို ကံဆိုးကံညံ့တွေ လွတ်သွားတာ ဖြစ်တယ်လို့ ပိုပြီး ယုံကြည်သွားခဲ့ပါတယ်။

ဒါပေမယ့် ၂၂ နှစ်လောက် အကြာ၊ တစ်ရက်မှာတော့ အမျိုးသမီးကြီးတစ်ယောက် သားပျောက်တာကိုလိုက်ရှာရင်းနဲ့ သူမရဲ့တစ်ဘဝလုံး အချိန်တွေကုန်ဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန် ရုပ်သံအစီစဉ်ကို ကြည့်ပြီး သူ ကလေးကို ခိုးယူခဲ့တဲ့ လုပ်ရပ်ဟာ အမှားကြီးတစ်ခု ကျူးလွန်ခဲ့မိတာပါလားလို့ သဘောပေါက်လာပြီး အပြစ်ရှိသလို ခံစားလာရပါတယ်။

“လျှိုကျင်ရှင်း”

အဲဒီအချိန်ကစပြီး ကလေးရဲ့ မိခင်ရင်းဖြစ်တဲ့ “ကျူရှကွမ်း” ကို အဆက်အသွယ်ရအောင် ကြိုးစားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့ အဆက်အသွယ်ရခဲ့ကြပါတယ်။ သူမ ခိုးယူခဲ့တဲ့ ကလေးကို မိခင်ရင်းထံ ပြန်အပ်မယ်အလုပ်မှာ မမျှော်လင့်တဲ့ အဖြစ်ပျက်တစ်ခု ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ “ကျူရှကွမ်း” ဟာ သူမရဲ့ ပျောက်သွားတဲ့ ကလေးကို ၁၉၉၅ ခုနှစ်မှာ ပြန်တွေ့ခဲ့ပြီ ဆိုတာပါပဲ။ အဲဒီကလေးကို “ပန်ပန်” နာမည်ပေးထားပါတယ်။

“ပန်ပန်” ဟာ တစ်ကယ့်ကိုပဲ “ကျူရှကွမ်း” ရဲ့ သားအရင်းဖြစ်တဲ့ “လျှိုကျင်ရှင်း” နဲ့ အတော်လေး ဆင်တူပါတယ်။ “ကျူရှကွမ်း” ဟာ သူမရဲ့ တစ်ဘဝလုံး “ပန်ပန်” ကို သားအရင်းထင်ပြီး ပြုစုစောင့်ရှောက်လာခဲ့တာပါ။ အခုကိစ္စပေါ်လာတဲ့အခါ ရှော့ခ်ဖြစ်သွားရပါတယ်။

လတ်တလော စစ်ဆေးထားတဲ့ DNA အရ “လျှိုကျင်ရှင်း” ဟာ “ကျူရှကွမ်း” ရဲ့ သားအရင်းစစ်စစ် ဖြစ်နေတာကိုတွေ့ရပါတယ်။ “ပန်ပန်” နဲ့တော့ DNA မတူတာကိုတွေ့ရပါတယ်။

“ကျူရှကွမ်း” “လျှိုကျင်ရှင်း”

၁၉၉၅ တုန်းက ဟန်နန်တရားရုံးတော်မှာ “ပန်ပန်” ကို DNA စစ်ခဲ့စဉ်က သူမနဲ့ တူတယ်လို့ အဖြေထုတ်ပေးခဲ့ပြီး ပျောက်ဆုံးနေတဲ့ ကလေး မိခင်ရင်းနဲ့ ပြန်တွေ့ဟုဆိုကာ အမှုပိတ်ခဲ့ပါတယ်။ အဲဒီလို ပြီးစလွယ် DNA အမှားနဲ့ လွဲမှားစွာဆုံးဖြတ်ခဲ့တဲ့အတွက် “ကျူရှကွမ်း” က တရားရုံးတော်ကို ပြန်လည် တရားစွဲထားပြီး နစ်နာကြေး တရုတ်ယွမ် ၂.၉၅ မီလီယံ တောင်းခံထားပါတယ်။

DNA အရ မှန်ကန်ပေမယ့် လက်တလောမှာတော့ “ကျူရှကွမ်း” ဟာ “လျှိုကျင်ရှင်း” ကို သားအရင်းအဖြစ် လက်ခံဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ “လျှိုကျင်ရှင်း” ဟာ သောက်တတ်သူဖြစ်လို့ သူတို့ရဲ့ သားသမီးနဲ့ မိခင် ဆက်ဆံရေး ကြာရှည်ခံမှာ မဟုတ်ဘူးလို့ ငြင်းပယ်ထားသလို၊ ဒါတွေအားလုံးဟာ ကလေးကို ခိုးခဲ့တဲ့ “ဟီရှောင်းဖင်” ရဲ့ အပြစ်တွေလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူမပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်လို့ “ဟီရှောင်းဖင်” ကို ကိုယ်တိုင်ကိုယ်ကျ ဝန်ချခဲ့ပြီး သူ့ရဲ့ သားအရင်းဖြစ်နေတဲ့ “လျှိုကျင်ရှင်း” ကို စောင့်ရှောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောဆိုပြီး လက်ရှိမှာတော့ သူတို့အားလုံးရဲ့ ဆက်ဆံရေး ပြေလည်နေကြပါတယ်။တရားရုံတော်ကသာ DNA မှားယွင်းထုတ်ပြန်ပြီး ဆုံးဖြတ်ခဲ့မှုအတွက် တရားစွဲခံထားရပါတယ်။

Credt : popolay

LEAVE A REPLY