Zawgyi ဖြင့်ဖတ်ရန်
ရလာတဲ့ အရောနဲ့ ချိုင်းကို နှိပ်နယ်ပေးပါ။
ဒီနည်းကတော့ ညစ်မည်းနေတဲ့ ချိုင်းကို ဖြူဖွေးသွားစေနိုင်ပါတယ်။
ရလာတဲ့ အရောနဲ့ ချိုင်းကို နှိပ်နယ်ပေးပါ။
ဒီနည်းကတော့ ညစ်မည်းနေတဲ့ ချိုင်းကို ဖြူဖွေးသွားစေနိုင်ပါတယ်။
ရလာတဲ့ အရောနဲ့ ချိုင်းကို လိမ်းပေးပါ။
ဒီနည်းကတော့ ညစ်မည်းနေတဲ့ ချိုင်းကို ဖြူဖွေးသွားစေနိုင်ပါတယ်။
Credit : Auntymay
Unicode ဖြင့်ဖတ်ရန်
Baking Soda ကို အသားအရေ အတွက် အကျိုးရှိရှိနဲ့ နည်းလမ်းကျကျ အသုံးပြုပုံများ
Baking Soda အသားအရေ Sensitive skin
လက်ပြတ်ဝတ်ရင် ယုံကြည်မှုရှိရှိနဲ့ ချိူင်းမြှောက်နိုင်ဖို့အတွက် Baking Soda နဲ့ ချိူင်းကို ချေးချွတ်ပေးနိုင်ပါတယ်။ Sensitive skin သမားတွေကတော့ Baking Soda ကို အသားအရေနဲ့ တိုက်ရိုက်ထိရင်တော့ ဆိုးကျိုးတွေရှိနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲ ၊ နောက်ပြီး ဘယ်လို ကောင်းကျိုးဖြစ်စေတာလဲကို မျှဝေပေးလိုက်ပါတယ်။
(၁) ခရမ်းချဉ်သီး နဲ့ Baking Soda
ပါဝင်ပစ္စည်းများ- Baking Soda (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ခရမ်းချဉ်သီးအရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)။
ပါဝင်ပစ္စည်းတွေကို ဇလုံထဲမှာ ထည့်ရောမွှေပေးပါ။
ရလာတဲ့ အရောနဲ့ ချိူင်းကို နှိပ်နယ်ပေးပါ။
မိနစ် (၂၀-၃၀)မိနစ်လောက် နှပ်ထားပေးပါ။
ပြီးရင် ရေအေးနဲ့ ဆေးပေးပါ။
တစ်ပတ်ကို (၂-၃)ကြိမ်လုပ်ပေးပါ။
ဒီနည်းကတော့ ညစ်မည်းနေတဲ့ ချိူင်းကို ဖြူဖွေးသွားစေနိုင်ပါတယ်။
(၂) ပျားရည် နဲ့ Baking Soda
ပါဝင်ပစ္စည်းများ – Baking Soda (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
ပါဝင်ပစ္စည်းတွေကို ဇလုံထဲမှာ ထည့်ရောမွှေပေးပါ။
ရလာတဲ့ အရောနဲ့ ချိူင်းကို နှိပ်နယ်ပေးပါ။
မိနစ် (၂၀)လောက်နေပြီး ခြောက်သွားရင်တော့ ရေနွေးနွေးနဲ့ ဆေးပေးပါ။
တစ်နေ့ကို (၁)ကြိမ်သာလုပ်ပေးပါ။
ဒီနည်းကတော့ ညစ်မည်းနေတဲ့ ချိူင်းကို ဖြူဖွေးသွားစေနိုင်ပါတယ်။
(၃) သခွားသီးနဲ့ Baking Soda
ပါဝင်ပစ္စည်းများ – Baking Soda (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ သခွားသီးကို အရည်ညှစ်ပြီး (စားပွဲတင်ဇွန်း ၁ ဇွန်း)။
ါဝင်ပစ္စည်းတွေကို ဇလုံထဲမှာ ထည့်ရောမွှေပေးပါ။
ရလာတဲ့ အရောနဲ့ ချိူင်းကို လိမ်းပေးပါ။
(၁၅)မိနစ်လောက် အခြောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးပေးပါ။
တစ်ပတ်ကို (၃)ကြိမ်လုပ်ပေးပါ။
ဒီနည်းကတော့ ညစ်မည်းနေတဲ့ ချိူင်းကို ဖြူဖွေးသွားစေနိုင်ပါတယ်။
Baking Soda ရဲ့ ဆိုးကျိုး
Baking Soda က ကြမ်းပါတယ်။ Baking Soda က ချိူင်းအောက်မှာရှိတဲ့ PH ကို ပြောင်းသွားစေပြီး အသားအရေကို ကြမ်းတမ်းလာစေပါတယ်။ Baking Soda ကို သုံးပေးတာက နီမြန်းလာစေတယ် ၊ ယားယံလာစေပါတယ်။ ကံကောင်းသွားတာကတော့ ချိူင်းအောက်မှာရှိတဲ့ PH ကို လွယ်လွယ်နဲ့ပြန်ဖြည့်ပေးနိုင်ပါတယ်။ လိုရမှာကတော့ ပန်းသီးရှာလကာရည် (apple cider vinegar) နဲ့ ရေ နဲ့ ဆတူရောပေးပြီး ချိူင်းကို လိမ်းပေးပါ။ sensitive skin သမားတွေ Baking Soda ကို သုံးမယ်ဆိုရင်တော့ သတိထားဖို့တော့လိုပါတယ်။ Baking soda က အပျော့စားချေးချွတ်တာမျိုးဖြစ်ပေမယ့် လွန်ကဲသွားရင်တော့ အသားအရေကို ရေဓာတ်လျော့သွားစေပါတယ်။
Credit : Auntymay
LEAVE A REPLY