Zawgyi ျဖင့္ဖတ္ရန္

စာေရးသူ ကေတာ့ အလွသာႀကိဳက္တာပါ။ Skin Care ရမယ္ဆိုအရမ္းပ်င္းပါတယ္။ လြယ္လြယ္ကူကူ အိမ္တြင္းနည္းလမ္းေတြဆိုလို႔ လိုက္လုပ္ၾကည့္မယ္ၾကံလည္း ပါဝင္ပစၥည္းႏွစ္မ်ိဳးထက္ပိုသြားရင္၊ ဟိုေရာေမႊရ၊ ဒီေရာေမႊရေလးေတြရွိလာတာနဲ႔တင္ မလုပ္ခ်င္ေတာ့ပါဘူး။

ဒီေဆာင္းပါးေလးကေတာ့ စာေရးသူလိုပဲ အပ်င္းႀကီးတဲ့ပ်ိဳေမေလးတို႔အတြက္ အႀကိဳက္ေတြေစမယ့္ ေဆာင္းပါးေလးပါ။ ငွက္ေပ်ာသီးခြံတစ္မ်ိဳးတည္းနဲ႔ တစ္ကိုယ္လံုးဘယ္လိုအလွျပင္ၾကမလဲဆိုတာကိုေတာ့ ဆက္ေလ့လာလိုက္ရေအာင္ပါ။

၁။ သြားျဖဴေစတယ္

ဒီတစ္ခါငွက္ေပ်ာသီးစားၿပီးရင္ အခြံကိုမလႊင့္ပစ္လိုက္ပါနဲ႔။ သင့္ရဲ႕သြားေတြက ဝါေနမယ္ဆို ငွက္ေပ်ာ္ခြံအျဖဴဘက္ျခမ္းကို သြားမွာပြတ္ၿပီး သြားဖံုးနဲ႔သြားၾကား (၁၀) မိနစ္ေလာက္ညႇပ္ထားေပးလိုက္ပါ။ ၿပီးတာနဲ႔ သြားတိုက္လိုက္ပါ။ (၃-၄) ရက္ေလာက္ဆက္တိုက္ျပဳလုပ္ၿပီးတာနဲ႔ သိသာလာပါလိမ့္မယ္။

၂။ ႂကြက္ႏို႔ေတြကိုေပ်ာက္ေစတယ္

ၾကြက္ႏို႔ေပါက္တဲ့ေနရာမွာ ငွက္ေပ်ာခြံကို သင့္ႂကြက္ႏို႔အရြယ္အစားထက္ နည္းနည္းႀကီးတဲ့ဆိုဒ္ေလာက္ျဖတ္ၿပီး တိတ္ပတ္ကပ္ထားရင္း အိပ္လိုက္ပါ။ တစ္ညလံုးကပ္ထားပါ။ ညတိုင္း တစ္ပတ္ေလာက္ပံုမွန္လုပ္ေပးရင္ေတာ့ ေပ်ာက္သြားပါလိမ့္မယ္။

၃။ ဝက္ၿခံေပ်ာက္ေစတယ္

ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္တဲ့ငွက္ေပ်ာခြံက ဝက္ျခံေတြကိုလည္း ေပ်ာက္ေစပါတယ္။ (၅) မိနစ္ေလာက္ ငွက္ေပ်ာခြံအျဖဴဘက္ျခမ္းနဲ႔ မ်က္ႏွာကိုပြတ္ေပးလိုက္ပါ။ မိနစ္ (၂၀) ေလာက္ထားၿပီးရင္ေတာ့ ေရေဆးခ်လို႔ရပါၿပီ။ တစ္ေန႔ (၂-၃) ႀကိမ္ထိျပဳလုပ္ေပးပါ။

၄။ အမဲစက္ ေတြကို ေပ်ာက္ကင္းေစတယ္

ဗီတာမင္ A/B/C/E ဓာတ္ႂကြယ္ဝစြာပါဝင္တဲ့ ငွက္ေပ်ာခြံက အမဲစက္ေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါေသးတယ္။

 

၅။ အေရးအေၾကာင္းေတြကိုေလ်ာ့ပါးေစတယ္

Antioxidant ဓာတ္ႂကြယ္ဝစြာပါဝင္တဲ့ ငွက္ေပ်ာခြံဟာ အေရးအေၾကာင္းေတြကိုလည္း ေလ်ာ့ပါးေစႏိုင္ပါေသးတယ္။ (၅) မိနစ္ေလာက္ မ်က္ႏွာေပၚပြတ္ၿပီးရင္ေတာ့ မိနစ္ (၂၀) ေလာက္ထားေပးပါ။ ၿပီးရင္ေတာ့ ၾကက္သီးေႏြးေရေလးနဲ႔ မ်က္ႏွာျပန္သစ္လိုက္ပါ။

၆။ အမာရြတ္ေတြကိုေပ်ာက္ကင္းေစတယ္

ငွက္ေပ်ာခြံဟာ ဝက္ျခံေၾကာင့္ျဖစ္တဲ့အမာရြတ္ေတြအျပင္ ေက်ာေနာက္က အဆီဖုေတြ၊ ျခင္ကိုက္ရာေတြနဲ႔ အျခားေသာအမာရြတ္ေတြကိုပါ ေလ်ာ့ပါးေစႏိုင္ပါတယ္။

၇။ မ်က္ကြင္းညိဳတာကိုသက္သာေစတယ္

ပန္ဒါမ်က္ကြင္းျဖစ္ေနတဲ့ ပ်ိဳေမေလးတို႔ကလည္း ငွက္ေပ်ာခြံေနာက္က အျဖဴေရာင္အမွ်င္ေတြကို လွ်ားေစာင္းလတ္ပတ္ဂ်ယ္လ္နဲ႔ေရာၿပီး မ်က္ကြင္းေပၚ Eyecream အေနနဲ႔တင္လိမ္းေပးလို႔ရပါတယ္။ ၎ကို (၁၅) မိနစ္ေလာက္ထားၿပီးရင္ေတာ့ ေရေဆးခ်လို႔ရပါၿပီ။ တစ္ေန႔တစ္ခါေလာက္ ပံုမွန္ျပဳလုပ္ေပးလို႔ရပါတယ္။

Credit:mystylemyanmar

Unicode ဖြင့်ဖတ်ရန်

စာရေးသူကတော့ အလှသာကြိုက်တာပါ။ Skin Care ရမယ်ဆိုအရမ်းပျင်းပါတယ်။ လွယ်လွယ်ကူကူ အိမ်တွင်းနည်းလမ်းတွေဆိုလို့ လိုက်လုပ်ကြည့်မယ်ကြံလည်း ပါဝင်ပစ္စည်းနှစ်မျိုးထက်ပိုသွားရင်၊ ဟိုရောမွှေရ၊ ဒီရောမွှေရလေးတွေရှိလာတာနဲ့တင် မလုပ်ချင်တော့ပါဘူး။

ဒီဆောင်းပါးလေးကတော့ စာရေးသူလိုပဲ အပျင်းကြီးတဲ့ပျိုမေလေးတို့အတွက် အကြိုက်တွေစေမယ့် ဆောင်းပါးလေးပါ။ ငှက်ပျောသီးခွံတစ်မျိုးတည်းနဲ့ တစ်ကိုယ်လုံးဘယ်လိုအလှပြင်ကြမလဲဆိုတာကိုတော့ ဆက်လေ့လာလိုက်ရအောင်ပါ။

 

၁။ သွားဖြူစေတယ်

ဒီတစ်ခါငှက်ပျောသီးစားပြီးရင် အခွံကိုမလွှင့်ပစ်လိုက်ပါနဲ့။ သင့်ရဲ့သွားတွေက ဝါနေမယ်ဆို ငှက်ပျော်ခွံအဖြူဘက်ခြမ်းကို သွားမှာပွတ်ပြီး သွားဖုံးနဲ့သွားကြား (၁၀) မိနစ်လောက်ညှပ်ထားပေးလိုက်ပါ။ ပြီးတာနဲ့ သွားတိုက်လိုက်ပါ။ (၃-၄) ရက်လောက်ဆက်တိုက်ပြုလုပ်ပြီးတာနဲ့ သိသာလာပါလိမ့်မယ်။

၂။ ကြွက်နို့တွေကိုပျောက်စေတယ်

ကြွက်နို့ပေါက်တဲ့နေရာမှာ ငှက်ပျောခွံကို သင့်ကြွက်နို့အရွယ်အစားထက် နည်းနည်းကြီးတဲ့ဆိုဒ်လောက်ဖြတ်ပြီး တိတ်ပတ်ကပ်ထားရင်း အိပ်လိုက်ပါ။ တစ်ညလုံးကပ်ထားပါ။ ညတိုင်း တစ်ပတ်လောက်ပုံမှန်လုပ်ပေးရင်တော့ ပျောက်သွားပါလိမ့်မယ်။

၃။ ဝက်ခြံပျောက်စေတယ်

ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ငှက်ပျောခွံက ဝက်ခြံတွေကိုလည်း ပျောက်စေပါတယ်။ (၅) မိနစ်လောက် ငှက်ပျောခွံအဖြူဘက်ခြမ်းနဲ့ မျက်နှာကိုပွတ်ပေးလိုက်ပါ။ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ တစ်နေ့ (၂-၃) ကြိမ်ထိပြုလုပ်ပေးပါ။

၄။ အမဲစက်တွေကို ပျောက်ကင်းစေတယ်

ဗီတာမင် A/B/C/E ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောခွံက အမဲစက်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါသေးတယ်။

Source: Beauty & Health Tips

၅။ အရေးအကြောင်းတွေကိုလျော့ပါးစေတယ်

Antioxidant ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောခွံဟာ အရေးအကြောင်းတွေကိုလည်း လျော့ပါးစေနိုင်ပါသေးတယ်။ (၅) မိနစ်လောက် မျက်နှာပေါ်ပွတ်ပြီးရင်တော့ မိနစ် (၂၀) လောက်ထားပေးပါ။ ပြီးရင်တော့ ကြက်သီးနွေးရေလေးနဲ့ မျက်နှာပြန်သစ်လိုက်ပါ။

၆။ အမာရွတ်တွေကိုပျောက်ကင်းစေတယ်

ငှက်ပျောခွံဟာ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေအပြင် ကျောနောက်က အဆီဖုတွေ၊ ခြင်ကိုက်ရာတွေနဲ့ အခြားသောအမာရွတ်တွေကိုပါ လျော့ပါးစေနိုင်ပါတယ်။

၇။ မျက်ကွင်းညိုတာကိုသက်သာစေတယ်

ပန်ဒါမျက်ကွင်းဖြစ်နေတဲ့ ပျိုမေလေးတို့ကလည်း ငှက်ပျောခွံနောက်က အဖြူရောင်အမျှင်တွေကို လျှားစောင်းလတ်ပတ်ဂျယ်လ်နဲ့ရောပြီး မျက်ကွင်းပေါ် Eyecream အနေနဲ့တင်လိမ်းပေးလို့ရပါတယ်။ ၎င်းကို (၁၅) မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ တစ်နေ့တစ်ခါလောက် ပုံမှန်ပြုလုပ်ပေးလို့ရပါတယ်။

Credit:mystylemyanmar

LEAVE A REPLY