Zawgyi ျဖင့္ဖတ္ရန္

ပိုက္ဆံ ေတြအမ်ားႀကီးရွိဖို႔၊ ခ်မ္းသာတဲ့လူတစ္ေယာက္ျဖစ္ဖို႔ဆိုတာ လြယ္တာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕ေသာနည္းလမ္းေတြကိုသုံးၿပီး သင္ဟာလည္း ဘီလ်ံနာတစ္ေယာက္ျဖစ္ေကာင္းျဖစ္လာႏိုင္ပါတယ္။ ဘယ္လိုနည္းလမ္းေတြလဲဆိုတာကိုေတာ့ အခုပဲဖတ္ၾကည့္လိုက္ပါေနာ္။

(၁) ကိုယ့္ကိုယ္ကို လုပ္ငန္းရွင္ေပါက္စလို႔သေဘာထားပါ

သင့္အေနနဲ႔ ကိုယ့္ကိုယ္ကို အေသးစားလုပ္ငန္းရွင္တစ္ေယာက္လို႔ ေတြးပါ။ ဒီလို သေဘာထားတာက ကိုယ့္ကိုယ္ကိုတိုးတက္ေအာင္ဘယ္လိုလုပ္ရမလဲ၊ ကိုယ့္ရဲ႕ဘယ္အရည္အေသြးက အသုံးဝင္မလဲ၊ အက်ိဳးအျမတ္ရွိမလဲဆိုတာကို ေတြးတတ္လာပါလိမ့္မယ္။ ၿပီးေတာ့ ဘယ္လိုအရာေတြအတြက္ အခ်ိန္ေပးရမလဲ၊ ရင္းႏွီးျမႇဳပ္ႏွံရမလဲဆိုတာေကာင္းေကာင္းနားလည္လာပါလိမ့္မယ္။

(၂) ရင္းႏွီးျမႇဳပ္ႏွံပါ

ပိုက္ဆံရလာရင္ စုထားၿပီး ပမာဏတစ္ခုရလာတဲ့အခါ တျခားတစ္ခုခုမွာရင္းႏွီးျမႇဳပ္ႏွံဖို႔စဥ္းစားပါ။ ဒါမွ ပိုက္ဆံကပိုၿပီး တိုးပြားလာမွာျဖစ္ပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္တဲ့အခါ လုပ္ငန္းအႀကီးအေသးထက္ ေအာင္ျမင္ႏိုင္ေခ်ဘယ္ေလာက္ရွိသလဲဆိုတာကို မွန္းဆတြက္ခ်က္ဖို႔ ပိုအေရးႀကီးပါတယ္။ အျမတ္မ်ားမ်ားရခ်င္စိတ္နဲ႔ မေရရာတဲ့လုပ္ငန္းေတြအတြက္ မရင္းႏွီးမိဖို႔လိုပါတယ္။

(၃) ကိုယ္မဆပ္ႏိုင္တဲ့ေငြပမာဏကိုမေခ်းပါနဲ႔

အလုပ္လုပ္ဖို႔ပဲျဖစ္ျဖစ္၊ သုံးဖို႔ပဲျဖစ္ျဖစ္ ပိုက္ဆံလိုအပ္လာလို႔ ေခ်းရေတာ့မယ္ဆိုရင္ ကိုယ္ဆပ္ႏိုင္တဲ့ပမာဏကိုပဲ ေခ်းပါ။ ကိုယ့္ဝင္ေငြထက္မ်ားလြန္းတဲ့ ပမာဏကိုေခ်းလိုက္ရင္ အဲ့ဒါက ဖိစီးမႈျဖစ္လာၿပီး အေႂကြးဆပ္ေနရတာနဲ႔ ပိုက္ဆံကိုတိုးလာေအာင္လုပ္ဖို႔မလြယ္ေတာ့ပါဘူး။

(၄) ကိုယ္ရွာႏိုင္တာထက္ ပိုမ်ားေအာင္ဘယ္ေတာ့မွမသုံးပါနဲ႔

ကိုယ့္ဝင္ေငြအတိုင္းအတာထက္ မ်ားလြန္းတဲ့ပစၥည္းေတြ၊ အသုံးအေဆာင္ေတြဝယ္တာ၊ ေဈးႀကီးတဲ့စားေသာက္ဆိုင္ေတြ ခဏခဏသြားတာမ်ိဳးကို တတ္ႏိုင္သေလာက္ဆင္ျခင္ပါ။ အဲ့ဒါက မသိမသာေလးနဲ႔ ကိုယ့္ပိုက္ဆံေတြကို အေလအလြင့္ျဖစ္ေစတဲ့အေၾကာင္းရင္းေတြပါ။ အဲ့ဒါေတြအတြက္သုံးမယ့္ ပိုက္ဆံေတြကို စုထားၿပီးရင္းႏွီးျမႇဳပ္ႏွံဖို႔သုံးပါ။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

သင့်ကို ဘီလျံနာတစ်ယောက်ဖြစ်အောင် တွန်းပို့ပေးနိုင်မယ့် အမူအကျင့်(၄)မျိုး

ပိုက်ဆံ တွေအများကြီးရှိဖို့၊ ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် တချို့သောနည်းလမ်းတွေကိုသုံးပြီး သင်ဟာလည်း ဘီလျံနာတစ်ယောက်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတာကိုတော့ အခုပဲဖတ်ကြည့်လိုက်ပါနော်။

(၁) ကိုယ့်ကိုယ်ကို လုပ်ငန်းရှင်ပေါက်စလို့သဘောထားပါ

သင့်အနေနဲ့ ကိုယ့်ကိုယ်ကို အသေးစားလုပ်ငန်းရှင်တစ်ယောက်လို့ တွေးပါ။ ဒီလို သဘောထားတာက ကိုယ့်ကိုယ်ကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲ၊ ကိုယ့်ရဲ့ဘယ်အရည်အသွေးက အသုံးဝင်မလဲ၊ အကျိုးအမြတ်ရှိမလဲဆိုတာကို တွေးတတ်လာပါလိမ့်မယ်။ ပြီးတော့ ဘယ်လိုအရာတွေအတွက် အချိန်ပေးရမလဲ၊ ရင်းနှီးမြှုပ်နှံရမလဲဆိုတာကောင်းကောင်းနားလည်လာပါလိမ့်မယ်။

(၂) ရင်းနှီးမြှုပ်နှံပါ

ပိုက်ဆံရလာရင် စုထားပြီး ပမာဏတစ်ခုရလာတဲ့အခါ တခြားတစ်ခုခုမှာရင်းနှီးမြှုပ်နှံဖို့စဉ်းစားပါ။ ဒါမှ ပိုက်ဆံကပိုပြီး တိုးပွားလာမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ လုပ်ငန်းအကြီးအသေးထက် အောင်မြင်နိုင်ချေဘယ်လောက်ရှိသလဲဆိုတာကို မှန်းဆတွက်ချက်ဖို့ ပိုအရေးကြီးပါတယ်။ အမြတ်များများရချင်စိတ်နဲ့ မရေရာတဲ့လုပ်ငန်းတွေအတွက် မရင်းနှီးမိဖို့လိုပါတယ်။

(၃) ကိုယ်မဆပ်နိုင်တဲ့ငွေပမာဏကိုမချေးပါနဲ့

အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ သုံးဖို့ပဲဖြစ်ဖြစ် ပိုက်ဆံလိုအပ်လာလို့ ချေးရတော့မယ်ဆိုရင် ကိုယ်ဆပ်နိုင်တဲ့ပမာဏကိုပဲ ချေးပါ။ ကိုယ့်ဝင်ငွေထက်များလွန်းတဲ့ ပမာဏကိုချေးလိုက်ရင် အဲ့ဒါက ဖိစီးမှုဖြစ်လာပြီး အကြွေးဆပ်နေရတာနဲ့ ပိုက်ဆံကိုတိုးလာအောင်လုပ်ဖို့မလွယ်တော့ပါဘူး။

(၄) ကိုယ်ရှာနိုင်တာထက် ပိုများအောင်ဘယ်တော့မှမသုံးပါနဲ့

ကိုယ့်ဝင်ငွေအတိုင်းအတာထက် များလွန်းတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေဝယ်တာ၊ ဈေးကြီးတဲ့စားသောက်ဆိုင်တွေ ခဏခဏသွားတာမျိုးကို တတ်နိုင်သလောက်ဆင်ခြင်ပါ။ အဲ့ဒါက မသိမသာလေးနဲ့ ကိုယ့်ပိုက်ဆံတွေကို အလေအလွင့်ဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ အဲ့ဒါတွေအတွက်သုံးမယ့် ပိုက်ဆံတွေကို စုထားပြီးရင်းနှီးမြှုပ်နှံဖို့သုံးပါ။

Credit : Aunty may

LEAVE A REPLY