Zawgyi ျဖင့္ဖတ္ရန္

သန္းႂကြယ္သူေဌးႀကီး Bill Gates နဲ႔ ဇနီးျဖစ္သူ Melinda တို႔ရဲ႕ အိမ္ေထာင္သက္တမ္း ရွည္ၾကာမႈနဲ႔ ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ သာတူညီမွ်မႈ ျဖစ္တယ္လို႔ သိရပါတယ္။ သူတို႔ ႏွစ္ဦးရဲ႕ အိမ္ေထာင္သက္တမ္းဟာ ၂၅ ႏွစ္ ရွိၿပီျဖစ္ၿပီး အလုပ္က ညစာ စားပြဲတခုမွာ တခုံတည္း ထိုင္မိရာက ခ်စ္ဇာတ္လမ္း စခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အိမ္ေထာင္မျပဳခင္ကလည္း Bill Gates ဟာ ဇနီးျဖစ္သူ Melinda ကို အရမ္းငဲ့ညႇာသူျဖစ္တယ္လို႔ ခင္မင္ရင္းႏွီးသူေတြက ဆိုပါတယ္။ အလုပ္အရမ္းမ်ားတဲ့ သူတို႔ ဇနီးေမာင္ႏွံဟာ အိမ္မႈကိစၥေတြကို တေယာက္ တလွည့္ျပဳလုပ္ဖို႔ ကတိကဝတ္ ျပဳခဲ့ၾကပါတယ္။

အိမ္ေထာင္တခုမွာ အိမ္မႈကိစၥအလုပ္ေတြဟာ အခေၾကးေငြ ရတဲ့ အလုပ္ေတြ မဟုတ္ေပမယ့္ ဇနီးျဖစ္သူေတြက အိမ္မႈကိစၥေတြကို အၿမဲတမ္း ပိုၿပီး လုပ္ရတာေၾကာင့္ အခုလိုမ်ိဳး ႏွစ္ဦးသေဘာတူ သာတူညီမွ် အလုပ္ေတြ အတူ လုပ္ဖို႔ ဆုံးျဖတ္ခဲ့ၾကတာလို႔ Bill Gates က ဆိုပါတယ္။

“အမ်ိဳးသမီးေတြက ပိုက္ဆံမရတဲ့ အိမ္မႈကိစၥေတြကို အခ်ိန္ေတြ အမ်ားႀကီးလုပ္ရၿပီး အမ်ိဳးသားေတြထက္ ဝန္ ပိုထမ္းေနရပါတယ္။ သူတို႔ရဲ႕ အလုပ္ခ်ိန္ေတြကို ေလွ်ာ့ခ်ေပးဖို႔ အမ်ိဳးသားေတြကလည္း တတ္ႏိုင္သေလာက္ ကူညီေပးမယ္ဆိုရင္ ပိုၿပီး သာယာတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္”လို႔ Bill Gates က ေျပာပါတယ္။

Melinda ဟာ ပထမဆုံးကေလးကို ကိုယ္ဝန္ေဆာင္တဲ့ အခ်ိန္မွာ အလုပ္မ်ားလြန္းတဲ့ Bill Gates ေၾကာင့္ အထီးက်န္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေတြကို သိသြားတဲ့ Bill Gates ဟာ သူတို႔ရဲ႕ အိမ္ေထာင္ေရးအတြက္ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတာေတြ ျပဳလုပ္ခဲ့ၿပီး အလုပ္တိုင္းကို အညီအမွ် ခြဲေဝလုပ္ကိုင္ၾကမယ္ဆိုတဲ့ အေျဖကို ရွာေတြ႕ခဲ့တယ္လို႔ သိရပါတယ္။

ကမာၻ႔အခ်မ္းသာဆုံးလူေတြထဲက တဦးျဖစ္သူ၊ ပရဟိတ လုပ္ငန္းေတြအမ်ားႀကီးကို လုပ္ေဆာင္ေနတဲ့ သန္းႂကြယ္သူေဌးႀကီး Bill Gates က အင္တာဗ်ဴးတခုမွာ “အလုပ္ေတြ ဖိစီးၿပီး စိတ္တိုေနတဲ့ က်ေနာ့္ မိန္းမကို ကူညီတဲ့အေနနဲ႔ က်ေနာ္ ညဘက္တိုင္းမွာ ပန္းကန္ ကူေဆးေပးပါတယ္။ ဒါဟာ က်ေနာ္တို႔ အိမ္ေထာင္ေရးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ပါပဲ”လို႔ ေျဖခဲ့ပါတယ္။

share from : burma irrawaddy

Unicode ဖြင့်ဖတ်ရန်

ဇနီးကို ညတိုင်း ပန်းကန် ကူဆေးပေးတဲ့ Bill Gates ရဲ့ အိမ်ထောင်ရေး လျှို့ဝှက်ချက်

သန်းကြွယ်သူဌေးကြီး Bill Gates နဲ့ ဇနီးဖြစ်သူ Melinda တို့ရဲ့ အိမ်ထောင်သက်တမ်း ရှည်ကြာမှုနဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ချက်ကတော့ သာတူညီမျှမှု ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးရဲ့ အိမ်ထောင်သက်တမ်းဟာ ၂၅ နှစ် ရှိပြီဖြစ်ပြီး အလုပ်က ညစာ စားပွဲတခုမှာ တခုံတည်း ထိုင်မိရာက ချစ်ဇာတ်လမ်း စခဲ့ကြတယ်လို့ ဆိုပါတယ်။

အိမ်ထောင်မပြုခင်ကလည်း Bill Gates ဟာ ဇနီးဖြစ်သူ Melinda ကို အရမ်းငဲ့ညှာသူဖြစ်တယ်လို့ ခင်မင်ရင်းနှီးသူတွေက ဆိုပါတယ်။ အလုပ်အရမ်းများတဲ့ သူတို့ ဇနီးမောင်နှံဟာ အိမ်မှုကိစ္စတွေကို တယောက် တလှည့်ပြုလုပ်ဖို့ ကတိကဝတ် ပြုခဲ့ကြပါတယ်။

အိမ်ထောင်တခုမှာ အိမ်မှုကိစ္စအလုပ်တွေဟာ အခကြေးငွေ ရတဲ့ အလုပ်တွေ မဟုတ်ပေမယ့် ဇနီးဖြစ်သူတွေက အိမ်မှုကိစ္စတွေကို အမြဲတမ်း ပိုပြီး လုပ်ရတာကြောင့် အခုလိုမျိုး နှစ်ဦးသဘောတူ သာတူညီမျှ အလုပ်တွေ အတူ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ Bill Gates က ဆိုပါတယ်။

“အမျိုးသမီးတွေက ပိုက်ဆံမရတဲ့ အိမ်မှုကိစ္စတွေကို အချိန်တွေ အများကြီးလုပ်ရပြီး အမျိုးသားတွေထက် ဝန် ပိုထမ်းနေရပါတယ်။ သူတို့ရဲ့ အလုပ်ချိန်တွေကို လျှော့ချပေးဖို့ အမျိုးသားတွေကလည်း တတ်နိုင်သလောက် ကူညီပေးမယ်ဆိုရင် ပိုပြီး သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်”လို့ Bill Gates က ပြောပါတယ်။

Melinda ဟာ ပထမဆုံးကလေးကို ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ အလုပ်များလွန်းတဲ့ Bill Gates ကြောင့် အထီးကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေကို သိသွားတဲ့ Bill Gates ဟာ သူတို့ရဲ့ အိမ်ထောင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပြီး အလုပ်တိုင်းကို အညီအမျှ ခွဲဝေလုပ်ကိုင်ကြမယ်ဆိုတဲ့ အဖြေကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တဦးဖြစ်သူ၊ ပရဟိတ လုပ်ငန်းတွေအများကြီးကို လုပ်ဆောင်နေတဲ့ သန်းကြွယ်သူဌေးကြီး Bill Gates က အင်တာဗျူးတခုမှာ “အလုပ်တွေ ဖိစီးပြီး စိတ်တိုနေတဲ့ ကျနော့် မိန်းမကို ကူညီတဲ့အနေနဲ့ ကျနော် ညဘက်တိုင်းမှာ ပန်းကန် ကူဆေးပေးပါတယ်။ ဒါဟာ ကျနော်တို့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ပါပဲ”လို့ ဖြေခဲ့ပါတယ်။

 

share from : burma irrawaddy

LEAVE A REPLY