Zawgyi ဖြင့်ဖတ်ရန်



ဆေးနည်း




Unicode ဖြင့်ဖတ်ရန်

သွေးကင်ဆာလက္ခဏာစဖြစ်နေပြီးဗန်ကောက်ကိုတစ်လတစ်ခါ သွေးသွားသွင်း၊ ဆေးကုနေရတဲ့ သွေးကင်ဆာသမားတစ်ဦးဟာတိုင်းရင်းဆေးနည်းတစ်ခုရသွားပြီးစမ်းသပ်ကြည့်ရာ သွေးကင်ဆာဖြစ်စေမည့် ရောဂါများ ပျောက်ကင်းသွားကြောင်းတိုင်းရင်းဆေးဆရာကြီးဦးကြည်လွင်မြင့်(မုဒြာ)မှတင်ပြထားပါတယ်။

ပုံမှာမြင်ရတဲ့အပင်ကိုအင်္ဂလိပ်လိုSadabaharTreeလို့ ခေါ်ပါတယ်။ မြန်မာလိုကတော့သင်္ဘောမညိုး၊၄နာရီပန်း၊ မြေဇူပန်း စသဖြင့် ခေါ်ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီးအခေါ်အဝေါ်ကွဲပြားကြပါတယ်။အလေ့ကျပေါက်တဲ့အပင်မျိုးဖြစ်ပြီး အခုအခါမှာတော့အလှစိုက်ပန်းအိုးများနဲ့လည်း စိုက်ပျိုးနေကြပါပြီ။

ဆေးနည်း

၎င်းဆေးပင်ကိုတစ်ပင်လုံး ရေစင်အောင် ဆေးကြောပြီး ပြုတ်၊သကြားခတ်ပြီး သောက်ပါ။သကြားကို ဆေးဆိုးထားတဲ့သကြားဖြူမဟုတ်ပဲသဘာဝသကြားညိုဆိုရင်ပိုကောင်းပါတယ်။တစ်ခါပြုတ်ရင် ရေသန့်ဗူး၂ဗူးစာခန့် ပြုတ်သောက်ပါ။

လက်တွေ့ပျောက်ကင်းခဲ့တဲ့လူနာတစ်ဦးမှတင်ပေးခဲ့တဲ့အတွက် ဆေးနည်းကိုလက်ဆင့်ကမ်းမျှဝေပေးခြင်း ဖြစ်ပါတယ်။ သွေးကင်ဆာဖြစ်၍ ငွေကြေးမတတ်နိုင်ပဲ သေမည့်ရက်စောင့်နေရတဲ့ ဝေဒနာရှင်များရှိရင်သက်သာရာရပါစေကြာင်း ထပ်ဆင့် မျှဝေလိုက်ပါတယ်။အနာနဲ့ဆေးတည့်၍ သက်ရှည်ကျန်းမာနိုင်ကြပါစေ။

Credit: စောနွဲ့နေဆိုင် – ပူတာအို

LEAVE A REPLY