Zawgyi ျဖင့္ဖတ္ရန္

 

တ႐ုတ္ႏိုင္ငံ က သူေဌးႀကီးတစ္ဦးကေတာ့ ေဒၚလာ (၂၉၀၀၀၀)ေလာက္ တန္တဲ့ BMW ကားႀကီးစီးၿပီး ႐ြာထဲက ၾကက္ေတြ၊ ဘဲေတြကို လိုက္ၿပီးခိုးေနပါသတဲ့။ သူ႔ရဲ႕ျပစ္မႈကို သက္ဆိုင္ရာက ေဖာ္ထုတ္ႏိုင္ခဲ့ခ်ိန္မွာေတာ့ ႐ြာသားေတြက အံ့ၾသေနၾကပါတယ္။ တကယ္ေတာ့ သူဟာ အဲဒီကားႀကီးေၾကာင့္ ဒီ မသတီဖြယ္ခိုးမႈေတြကို က်ဴးလြန္ေနရတယ္လို႔ ဆိုပါတယ္။

အေၾကာင္းကေတာ့ BMW ေတြရဲ႕ထုံးစံအတိုင္း ဆီကလည္း ႀကိတ္လြန္းေတာ့ သူ႔အေနနဲ႔ ကားဆီဖိုး မေၾကာင့္မက် စီးႏိုင္ဖို႔ ၾကက္ေတြဘဲေတြကို ခိုးၿပီးေရာင္းေနရတာလို႔ ဆိုပါတယ္။ သူဟာ ၾကက္ေတြဘဲေတြကို အသားေဈးမွာျပန္ေရာင္းၿပီး ဆီဖိုးကာမိေအာင္ လုပ္ေနရတာလို႔ ဆိုပါတယ္။

သူကိုယ္တိုင္ကလည္း နာမည္ႀကီး လယ္သမား၊ ေမြးျမဴေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ၿပီး အသက္ကေတာ့ (၅၀)ဝန္းက်င္ ျဖစ္ပါတယ္။ သူဟာ စီခြၽင္စီရင္စုအတြင္း၊ Linshui ေကာင္တီအတြင္းက ႐ြာေတြမွာ ၾကက္ဘဲလွည့္ခိုးေနသူျဖစ္ၿပီး၊ သူ႔ကို သက္ဆိုင္ရာက ၿပီးခဲ့တဲ့ (၂၀၁၉) ဧၿပီလက စြဲခ်က္တင္ခဲ့တာပါ။ ဒီသတင္းကို စီခြၽင္စီရင္စု တည္ရွိရာ ခ်မ္ဒူးျပည္နယ္ရဲ႕ လူသိမ်ားတဲ့ သတင္းဌာနတစ္ခုျဖစ္တဲ့ Chengdu Business Daily က ေဖာ္ျပခဲ့တာလည္း ျဖစ္ပါတယ္။

သူေဌးႀကီးဟာ အထပ္ေပါင္းမ်ားစြာပါဝင္တဲ့ အိမ္တစ္လုံးမွာ ေနထိုင္သူျဖစ္ၿပီး၊ ေမလ (၂၂)ရက္ေန႔မွသာ သူ႔ကို ဖမ္းဆီးႏိုင္ခဲ့တာပါ။ ရဲက ဖမ္းဆီးဖို႔ႀကိဳးစားတာေတာင္ အေတာ္ေလး ခက္ခက္ခဲခဲ ႀကိဳးပမ္းခဲ့ရပါတယ္။ သူက ကားအေကာင္းစားႀကီးနဲ႔ အရွိန္ကုန္ေမာင္းေျပးလို႔ ျဖစ္ပါတယ္။

လက္တေလာမွာေတာ့ ဒီအျဖစ္အပ်က္ဟာ ေရပန္းစားေနၿပီး “အလြယ္ျမင္ သူႂကြယ္ေတာင္ ခိုးသတဲ့ ”ဆိုတဲ့ စကားပုံက အလြန္မွန္ေနတာကို သက္ေသျပေနပါတယ္။ ယခင္ကလည္း တ႐ုတ္သူေဌးႀကီးတစ္ေယာက္ဟာ ကားဆီဖိုးကာမိေစဖို႔ ယစ္ငွက္ေမြးျမဴေရးလုပ္ငန္းကေန ယစ္ငွက္ေတြ ခိုးယူေရာင္းခ်ခဲ့ေၾကာင္း ေပၚေပါက္ခဲ့ပါေသးတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဒေါ်လာ(၃)သိန်းတန် BMW ကားကြီးစီးပြီး ကြက်တွေဘဲတွေ လိုက်ခိုးနေတဲ့ တရုတ်သူဌေးကြီး

တရုတ်နိုင်ငံ က သူဌေးကြီးတစ်ဦးကတော့ ဒေါ်လာ (၂၉၀၀၀၀)လောက် တန်တဲ့ BMW ကားကြီးစီးပြီး ရွာထဲက ကြက်တွေ၊ ဘဲတွေကို လိုက်ပြီးခိုးနေပါသတဲ့။ သူ့ရဲ့ပြစ်မှုကို သက်ဆိုင်ရာက ဖော်ထုတ်နိုင်ခဲ့ချိန်မှာတော့ ရွာသားတွေက အံ့သြနေကြပါတယ်။ တကယ်တော့ သူဟာ အဲဒီကားကြီးကြောင့် ဒီ မသတီဖွယ်ခိုးမှုတွေကို ကျူးလွန်နေရတယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ BMW တွေရဲ့ထုံးစံအတိုင်း ဆီကလည်း ကြိတ်လွန်းတော့ သူ့အနေနဲ့ ကားဆီဖိုး မကြောင့်မကျ စီးနိုင်ဖို့ ကြက်တွေဘဲတွေကို ခိုးပြီးရောင်းနေရတာလို့ ဆိုပါတယ်။ သူဟာ ကြက်တွေဘဲတွေကို အသားဈေးမှာပြန်ရောင်းပြီး ဆီဖိုးကာမိအောင် လုပ်နေရတာလို့ ဆိုပါတယ်။

သူကိုယ်တိုင်ကလည်း နာမည်ကြီး လယ်သမား၊ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အသက်ကတော့ (၅၀)ဝန်းကျင် ဖြစ်ပါတယ်။ သူဟာ စီချွင်စီရင်စုအတွင်း၊ Linshui ကောင်တီအတွင်းက ရွာတွေမှာ ကြက်ဘဲလှည့်ခိုးနေသူဖြစ်ပြီး၊ သူ့ကို သက်ဆိုင်ရာက ပြီးခဲ့တဲ့ (၂၀၁၉) ဧပြီလက စွဲချက်တင်ခဲ့တာပါ။ ဒီသတင်းကို စီချွင်စီရင်စု တည်ရှိရာ ချမ်ဒူးပြည်နယ်ရဲ့ လူသိများတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Chengdu Business Daily က ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

သူဌေးကြီးဟာ အထပ်ပေါင်းများစွာပါဝင်တဲ့ အိမ်တစ်လုံးမှာ နေထိုင်သူဖြစ်ပြီး၊ မေလ (၂၂)ရက်နေ့မှသာ သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲက ဖမ်းဆီးဖို့ကြိုးစားတာတောင် အတော်လေး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပါတယ်။ သူက ကားအကောင်းစားကြီးနဲ့ အရှိန်ကုန်မောင်းပြေးလို့ ဖြစ်ပါတယ်။

လက်တလောမှာတော့ ဒီအဖြစ်အပျက်ဟာ ရေပန်းစားနေပြီး “အလွယ်မြင် သူကြွယ်တောင် ခိုးသတဲ့ ”ဆိုတဲ့ စကားပုံက အလွန်မှန်နေတာကို သက်သေပြနေပါတယ်။ ယခင်ကလည်း တရုတ်သူဌေးကြီးတစ်ယောက်ဟာ ကားဆီဖိုးကာမိစေဖို့ ယစ်ငှက်မွေးမြူရေးလုပ်ငန်းကနေ ယစ်ငှက်တွေ ခိုးယူရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

share from : burmese.asia

LEAVE A REPLY