Zawgyi ျဖင့္ဖတ္ရန္

 

တခ်ိဳ႕ကေလးေတြဟာ ျဖတ္သန္းရတဲ့ ဘဝအေျခအေနေပၚမူတည္ၿပီး ေရာက္ရွိေနတဲ့ အသက္အ႐ြယ္ထက္ ပိုမို ရင့္က်က္ေနသူေတြလည္း ရွိပါတယ္။ အသက္ ၉ ႏွစ္ဆိုတဲ့ အ႐ြယ္ဟာ ကေလးေတာ္ေတာ္မ်ားမ်ားအတြက္ ေက်ာင္းသြားမယ္၊ ကစားမယ္၊ အိပ္မယ္၊ စားမယ္ဆိုတာပဲ သိေသးတဲ့ အ႐ြယ္မ်ိဳးပါ။ ဒါေပမဲ့ ထိုင္းႏိုင္ငံက Beel ဆိုတဲ့ ေကာင္မေလးကေတာ့ ငယ္ငယ္ေလးကတည္းက ခ်ိဳ႕တဲ့တဲ့ မိသားစုတာဝန္ေတြကို ထမ္းရင္း အသက္ ၉ ႏွစ္ အ႐ြယ္ေလးမွာပဲ ၾကက္ေၾကာ္ဆိုင္တစ္ဆိုင္ရဲ႕ ပိုင္ရွင္တစ္ေယာက္ ျဖစ္ေနပါၿပီ။

Beel ဟာ အခုဆိုရင္ အင္တာနက္စာမ်က္ႏွာေတြမွာလည္း နာမည္ႀကီးေနၿပီး လူအမ်ားရဲ႕ ခ်ီးက်ဴးမႈကို ခံယူေနရပါၿပီ။ အေၾကာင္းကေတာ့ သူမဟာ ခ်စ္စရာေကာင္း႐ုံတင္မကဘဲ အသက္ ၉ ႏွစ္အ႐ြယ္ေလးနဲ႔ ၾကက္ေၾကာ္ဆိုင္တစ္ဆိုင္ကို တြဲဖက္ပိုင္ဆိုင္ထားၿပီ ျဖစ္တာေၾကာင့္ပါပဲ။ သူမဟာ မိသားစုရဲ႕အခက္အခဲေတြကို ဝန္ေပါ့ေအာင္ ကူညီေပးခ်င္သူ ျဖစ္ပါတယ္။ အသက္ ၃ ႏွစ္အ႐ြယ္ေလာက္ကတည္းက Beel တစ္ေယာက္ အိမ္မွာေနရင္း အဖြားလုပ္သူကို အိမ္အလုပ္ေလးေတြ ႏိုင္သေလာက္ လုပ္ကိုင္ေပးခဲ့ရတာပါ။

Beel ရဲ႕ မိဘေတြဟာ မၾကာခင္က ကြာရွင္းခဲ့ၾကတာျဖစ္ၿပီး Beel ကေတာ့ သူမရဲ႕ေမာင္ေလးႏွစ္ေယာက္နဲ႔အတူ အဖြားအိမ္မွာ ေနထိုင္ပါတယ္။ သူမရဲ႕အဖြားျဖစ္သူဟာ ၾကက္ေၾကာ္ဆိုင္ေလးတစ္ဆိုင္ ဖြင့္ထားၿပီး အၿမဲတမ္း အလုပ္ရႈပ္ေနသူ ျဖစ္ပါတယ္။ Beel ဟာ အဘြားျဖစ္သူကို ၾကက္ေၾကာ္ကူေၾကာ္ေပးရင္း သူမဟာ ၾကက္ေၾကာ္ ေၾကာ္ရာမွာ ကြၽမ္းက်င္ပိုင္ႏိုင္သူျဖစ္ေၾကာင္း သိရွိလာရပါတယ္။

 

 

Beel တစ္ေယာက္ ၾကက္ေၾကာ္ေၾကာ္ရာမွာ အံ့ၾသေလာက္ေအာင္ ကြၽမ္းက်င္ပိုင္ႏိုင္တာေၾကာင့္ အဘြားျဖစ္သူက သူမတစ္ေယာက္တည္းကို လႊတ္ေပးထားလို႔ ရတဲ့အထိပါပဲ။ ဆိုင္ကိုပုံမွန္လာေရာက္ စားသုံးသူေတြဟာလည္း Beel ရဲ႕ တာဝန္ယူႏိုင္မႈကို ခ်ီးက်ဴးေထာပနာ ျပဳေလ့ရွိပါတယ္။ သူမဟာ အသက္ ၉ ႏွစ္သာ ရွိေသးေပမယ့္ အေၾကာ္ေၾကာ္တဲ့ ကိစၥကအစ တစ္ဆိုင္လုံးကို စီမံခန႔္ခြဲေနၿပီး တကယ့္ကို ဆိုင္ပိုင္ရွင္တစ္ေယာက္အတိုင္းပါပဲ။Beel ေလးဟာ ဆိုင္ကို စီမံခန႔္ခြဲရသလို သူမရဲ႕ေမာင္ငယ္ႏွစ္ေယာက္ကိုလည္း ၾကည့္ရႈေစာင့္ေရွာက္ရပါေသး တယ္။ သူမရဲ႕အဘိုးအဘြားေတြ အလုပ္ရႈပ္ေနခ်ိန္မွာ သူမဟာ ေမာင္ေလးေတြကို ထိန္းဖို႔ တာဝန္ယူပါတယ္။ သူမတို႔ဆိုင္ကို လာေနက်ေဖာက္သည္တစ္ေယာက္က Beel ရဲ႕ စြမ္းေဆာင္ရည္နဲ႔ တာဝန္ယူႏိုင္စြမ္းေတြကို ေတြ႕ျမင္သြားၿပီးတဲ့ေနာက္ သူမရဲ႕ဇာတ္ေၾကာင္းနဲ႔ စြမ္းေဆာင္ရည္ေတြကို အခုလို အြန္လိုင္းေပၚတင္ခဲ့တာ ျဖစ္ပါတယ္အင္တာနက္စာမ်က္ႏွာမွာ Beel တစ္ေယာက္ နာမည္ႀကီးလာခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာ ဆိုင္ကိုလည္း ဝယ္သူ ေတြ ပိုမ်ားလာပါတယ္။ Beel နဲ႔ သူမရဲ႕မိသားစုကေလးအတြက္ေတာ့ ဝမ္းေျမာက္စရာသတင္းေကာင္းပါပဲ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မိသားစုတာဝန်ထမ်းရင်း အသက် ၉ နှစ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်တစ်ပိုင်းဖြစ်လာတဲ့ ကောင်မလေး

တချို့ကလေးတွေဟာ ဖြတ်သန်းရတဲ့ ဘဝအခြေအနေပေါ်မူတည်ပြီး ရောက်ရှိနေတဲ့ အသက်အရွယ်ထက် ပိုမို ရင့်ကျက်နေသူတွေလည်း ရှိပါတယ်။ အသက် ၉ နှစ်ဆိုတဲ့ အရွယ်ဟာ ကလေးတော်တော်များများအတွက် ကျောင်းသွားမယ်၊ ကစားမယ်၊ အိပ်မယ်၊ စားမယ်ဆိုတာပဲ သိသေးတဲ့ အရွယ်မျိုးပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံက Beel ဆိုတဲ့ ကောင်မလေးကတော့ ငယ်ငယ်လေးကတည်းက ချို့တဲ့တဲ့ မိသားစုတာဝန်တွေကို ထမ်းရင်း အသက် ၉ နှစ် အရွယ်လေးမှာပဲ ကြက်ကြော်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်နေပါပြီ။

Beel ဟာ အခုဆိုရင် အင်တာနက်စာမျက်နှာတွေမှာလည်း နာမည်ကြီးနေပြီး လူအများရဲ့ ချီးကျူးမှုကို ခံယူနေရပါပြီ။ အကြောင်းကတော့ သူမဟာ ချစ်စရာကောင်းရုံတင်မကဘဲ အသက် ၉ နှစ်အရွယ်လေးနဲ့ ကြက်ကြော်ဆိုင်တစ်ဆိုင်ကို တွဲဖက်ပိုင်ဆိုင်ထားပြီ ဖြစ်တာကြောင့်ပါပဲ။ သူမဟာ မိသားစုရဲ့အခက်အခဲတွေကို ဝန်ပေါ့အောင် ကူညီပေးချင်သူ ဖြစ်ပါတယ်။ အသက် ၃ နှစ်အရွယ်လောက်ကတည်းက Beel တစ်ယောက် အိမ်မှာနေရင်း အဖွားလုပ်သူကို အိမ်အလုပ်လေးတွေ နိုင်သလောက် လုပ်ကိုင်ပေးခဲ့ရတာပါ။

Beel ရဲ့ မိဘတွေဟာ မကြာခင်က ကွာရှင်းခဲ့ကြတာဖြစ်ပြီး Beel ကတော့ သူမရဲ့မောင်လေးနှစ်ယောက်နဲ့အတူ အဖွားအိမ်မှာ နေထိုင်ပါတယ်။ သူမရဲ့အဖွားဖြစ်သူဟာ ကြက်ကြော်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီး အမြဲတမ်း အလုပ်ရှုပ်နေသူ ဖြစ်ပါတယ်။ Beel ဟာ အဘွားဖြစ်သူကို ကြက်ကြော်ကူကြော်ပေးရင်း သူမဟာ ကြက်ကြော် ကြော်ရာမှာ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ကြောင်း သိရှိလာရပါတယ်။

Beel တစ်ယောက် ကြက်ကြော်ကြော်ရာမှာ အံ့သြလောက်အောင် ကျွမ်းကျင်ပိုင်နိုင်တာကြောင့် အဘွားဖြစ်သူက သူမတစ်ယောက်တည်းကို လွှတ်ပေးထားလို့ ရတဲ့အထိပါပဲ။ ဆိုင်ကိုပုံမှန်လာရောက် စားသုံးသူတွေဟာလည်း Beel ရဲ့ တာဝန်ယူနိုင်မှုကို ချီးကျူးထောပနာ ပြုလေ့ရှိပါတယ်။ သူမဟာ အသက် ၉ နှစ်သာ ရှိသေးပေမယ့် အကြော်ကြော်တဲ့ ကိစ္စကအစ တစ်ဆိုင်လုံးကို စီမံခန့်ခွဲနေပြီး တကယ့်ကို ဆိုင်ပိုင်ရှင်တစ်ယောက်အတိုင်းပါပဲ။Beel လေးဟာ ဆိုင်ကို စီမံခန့်ခွဲရသလို သူမရဲ့မောင်ငယ်နှစ်ယောက်ကိုလည်း ကြည့်ရှုစောင့်ရှောက်ရပါသေး တယ်။ သူမရဲ့အဘိုးအဘွားတွေ အလုပ်ရှုပ်နေချိန်မှာ သူမဟာ မောင်လေးတွေကို ထိန်းဖို့ တာဝန်ယူပါတယ်။ သူမတို့ဆိုင်ကို လာနေကျဖောက်သည်တစ်ယောက်က Beel ရဲ့ စွမ်းဆောင်ရည်နဲ့ တာဝန်ယူနိုင်စွမ်းတွေကို တွေ့မြင်သွားပြီးတဲ့နောက် သူမရဲ့ဇာတ်ကြောင်းနဲ့ စွမ်းဆောင်ရည်တွေကို အခုလို အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်အင်တာနက်စာမျက်နှာမှာ Beel တစ်ယောက် နာမည်ကြီးလာခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဆိုင်ကိုလည်း ဝယ်သူ တွေ ပိုများလာပါတယ်။ Beel နဲ့ သူမရဲ့မိသားစုကလေးအတွက်တော့ ဝမ်းမြောက်စရာသတင်းကောင်းပါပဲ။

share from : burmese.asia

LEAVE A REPLY