Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယားႏိုင္ငံ နာမည္ေက်ာ္တီးဝိုင္း CN Blue မွအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ လီေဂ်ာင္ရွင္းဟာ ျမန္မာႏိုင္ငံကို သူ၏ေအဂ်င္စီ FNC Entertainment နဲ႔အတူ လာေရာက္ၿပီး အိမ္ေျခရာမဲ့ မိသားစုမွ ကေလးငယ္ေတြ ပညာသင္ၾကားေရးအတြက္ စေကာလားရွစ္မ်ား လာေရာက္အပ္ႏွံခဲ့ပါတယ္။ ထိုသို႔ လာေရာက္ခဲ့ရာ အိမ္ေျခရာမဲ့ မိသားစုမွ ေပါက္ဖြားလာတဲ့ ကေလးႏွစ္ေယာက္ ဓာတ္ပုံကို ႐ိုက္ကူးခဲ့ၿပီး အဆိုပါ ဓာတ္ပုံဟာ International network of street paper award 2019 မွာ အေကာင္းဆုံး ဓာတ္ပုံအျဖစ္ ဆန္ခါတင္စာရင္းမွာပါဝင္ေနခဲ့ပါတယ္။ လီေဂ်ာင္ရွင္း႐ိုက္ကူးထားတဲ့ ျမန္မာႏိုင္ငံက အိမ္ေျခရာမဲ့ကေလးေတြရဲ႕ ဓာတ္ပုံက ဘယ္လိုျဖစ္မလဲဆိုတာသိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ၾကရေအာင္။

 

CN Blue အဖြဲ႕ဝင္ လီေဂ်ာင္ရွင္းဟာ ၿပီးခဲ့တဲ့ ၂၀၁၉ မွာ အစ္ကိုျဖစ္သူ Lee Yong Shin၊ AOA အဖြဲ႕ဝင္ Seolhyun တို႔နဲ႔အတူ ျမန္မာႏိုင္ငံရွိ ပညာသင္ခြင့္မရွိတဲ့ ကေလးသူငယ္ေတြကို ေထာက္ပံ့ဖို႔ Love FNC အဖြဲ႕သားမ်ားနဲ႔အတူ ျမန္မာကို လာေရာက္ခဲ့တာျဖစ္ပါတယ္။

လီေဂ်ာင္ရွင္းဟာ ေက်ာင္းဝတ္စုံဝတ္ထားတဲ့ ကေလးမေလး ႏွစ္ေယာက္အေနာက္က အေမျဖစ္သူက ထမင္းခ်ိဳင့္နဲ႔ ထမင္းဘူးယူေဆာင္လာတဲ့ ပုံေလးတစ္ပုံကို႐ိုက္ကူးခဲ့ၿပီး အဆိုပါ ဓာတ္ပုံဟာ INSP ရဲ႕ အေကာင္းဆုံး ဓာတ္ပုံစာရင္းဝင္ ဆန္ခါတင္ထဲ ပါဝင္သြားပါတယ္။

 

 

လီေဂ်ာင္ရွင္း႐ိုက္ကူးတဲ့ ဓာတ္ပုံဟာ သဘာဝက်လြန္းၿပီး ျမန္မာႏိုင္ငံရွိ ပညာေရးနဲ႔ လူေနမႈအဆင္အတန္းကို ထင္ဟပ္ျပသေနတာေၾကာင့္ ဆန္ခါတင္ထဲ ပါဝင္သင့္တဲ့ ဓာတ္ပုံေကာင္းတစ္ပုံျဖစ္ေၾကာင္း INSP မွေျပာၾကားလာပါတယ္။

INSP ဟာဆိုရင္ ၁၉၉၄ ခုႏွစ္ကတည္းက ဖြဲ႕စည္းခဲ့တဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး မတူညီတဲ့ႏိုင္ငံေပါင္း ၃၅ ႏိုင္ငံမွာ မတူညီတဲ့ သတင္းစာ၊မဂၢဇင္း ေတြကို ဘာသာစကား ၂၅ မ်ိဳးနဲ႔ ထုတ္ေဝေပးတဲ့ အဖြဲ႕အစည္းပဲျဖစ္ပါတယ္။ ဆန္ခါတင္စာရင္းထဲ ပါဝင္သြားတဲ့ လီေဂ်ာင္ရွင္းရဲ႕ ဓာတ္ပုံ အေကာင္းဆုံးဓာတ္ပုံဆုရမရကိုေတာ့ လာမယ့္ ဇြန္လ ၁၉ ရက္ေန႔မွာ သိရွိရမွာပဲျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ႐ိုက္ကူးသြားတဲ့ လီေဂ်ာင္ရွင္းရဲ႕ ဓာတ္ပုံဆုရပါေစလို႔ ပိုပိုေလးနဲ႔အတူ ဆုေတာင္းေပးလိုက္ၾကရေအာင္လား ပရိတ္သတ္ႀကီးေရ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံ မှာ ရိုက်ကူးသွားတဲ့ လီဂျောင်ရှင်းရဲ့ ဓာတ်ပုံအကောင်းဆုံးဓာတ်ပုံဆုဆန်ခါတင် စာရင်းထဲပါဝင်

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်တီးဝိုင်း CN Blue မှအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီဂျောင်ရှင်းဟာ မြန်မာနိုင်ငံကို သူ၏အေဂျင်စီ FNC Entertainment နဲ့အတူ လာရောက်ပြီး အိမ်ခြေရာမဲ့ မိသားစုမှ ကလေးငယ်တွေ ပညာသင်ကြားရေးအတွက် စကောလားရှစ်များ လာရောက်အပ်နှံခဲ့ပါတယ်။ ထိုသို့ လာရောက်ခဲ့ရာ အိမ်ခြေရာမဲ့ မိသားစုမှ ပေါက်ဖွားလာတဲ့ ကလေးနှစ်ယောက် ဓာတ်ပုံကို ရိုက်ကူးခဲ့ပြီး အဆိုပါ ဓာတ်ပုံဟာ International network of street paper award 2019 မှာ အကောင်းဆုံး ဓာတ်ပုံအဖြစ် ဆန်ခါတင်စာရင်းမှာပါဝင်နေခဲ့ပါတယ်။ လီဂျောင်ရှင်းရိုက်ကူးထားတဲ့ မြန်မာနိုင်ငံက အိမ်ခြေရာမဲ့ကလေးတွေရဲ့ ဓာတ်ပုံက ဘယ်လိုဖြစ်မလဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

 

CN Blue အဖွဲ့ဝင် လီဂျောင်ရှင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ မှာ အစ်ကိုဖြစ်သူ Lee Yong Shin၊ AOA အဖွဲ့ဝင် Seolhyun တို့နဲ့အတူ မြန်မာနိုင်ငံရှိ ပညာသင်ခွင့်မရှိတဲ့ ကလေးသူငယ်တွေကို ထောက်ပံ့ဖို့ Love FNC အဖွဲ့သားများနဲ့အတူ မြန်မာကို လာရောက်ခဲ့တာဖြစ်ပါတယ်။

လီဂျောင်ရှင်းဟာ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကလေးမလေး နှစ်ယောက်အနောက်က အမေဖြစ်သူက ထမင်းချိုင့်နဲ့ ထမင်းဘူးယူဆောင်လာတဲ့ ပုံလေးတစ်ပုံကိုရိုက်ကူးခဲ့ပြီး အဆိုပါ ဓာတ်ပုံဟာ INSP ရဲ့ အကောင်းဆုံး ဓာတ်ပုံစာရင်းဝင် ဆန်ခါတင်ထဲ ပါဝင်သွားပါတယ်။

လီဂျောင်ရှင်းရိုက်ကူးတဲ့ ဓာတ်ပုံဟာ သဘာဝကျလွန်းပြီး မြန်မာနိုင်ငံရှိ ပညာရေးနဲ့ လူနေမှုအဆင်အတန်းကို ထင်ဟပ်ပြသနေတာကြောင့် ဆန်ခါတင်ထဲ ပါဝင်သင့်တဲ့ ဓာတ်ပုံကောင်းတစ်ပုံဖြစ်ကြောင်း INSP မှပြောကြားလာပါတယ်။

INSP ဟာဆိုရင် ၁၉၉၄ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မတူညီတဲ့နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ မတူညီတဲ့ သတင်းစာ၊မဂ္ဂဇင်း တွေကို ဘာသာစကား ၂၅ မျိုးနဲ့ ထုတ်ဝေပေးတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းထဲ ပါဝင်သွားတဲ့ လီဂျောင်ရှင်းရဲ့ ဓာတ်ပုံ အကောင်းဆုံးဓာတ်ပုံဆုရမရကိုတော့ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ သိရှိရမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရိုက်ကူးသွားတဲ့ လီဂျောင်ရှင်းရဲ့ ဓာတ်ပုံဆုရပါစေလို့ ပိုပိုလေးနဲ့အတူ ဆုတောင်းပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

Credit : popolay

LEAVE A REPLY