Zawgyi ျဖင့္ဖတ္ရန္

မေလးရွားႏိုင္ငံ က အမ်ိဳးသမီးတစ္ဦးဟာ ကိုမာ(coma) သတိျပန္မလည္လာသည့္ အေျခအေနႏွင့္ ၃၃ ပတ္ၾကာေနခဲ့ၿပီးေနာက္ သူမ၏ ေနအိမ္တြင္ သတိေမ့ေျမာလွ်က္ပင္ ကေလးေမြးဖြားခဲ့ေၾကာင္း သိရွိရသည္။

Kamareeyah Arwe အသက္ ၃၆ ႏွစ္ဟာ ဦးေႏွာက္အလုံးအက်ိတ္(ဘရိန္းက်ဴမာ) ေၾကာင့္ ကိုမာရခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလထဲက ေဆး႐ုံတင္းထားရသူျဖစ္ပါတယ္။ သူမရဲ႕ ခင္ပြန္း Fairol Haziri Rahim နဲ႔တကြ မိသားစုဝင္ေတြဟာ သူမမွာ ဦးေႏွာက္အက်ိတ္ေရာင္ေရာဂါျဖစ္ေနတာကို သတိမထားမိခဲ့ၾကပါဘူး။ ဇနီးျဖစ္သူ မၾကာခဏေနမေကာင္းျဖစ္တယ္လို႔သာ ထင္ထားခဲ့ၾကပါတယ္။ အဲဒီအခ်ိန္မွာ သူမက ကိုယ္ဝန္ ႏွစ္လလြယ္ထားရပါၿပီ။

သိပ္မၾကာခင္မွာပဲ Kamareeyah Arwe က မၾကာခဏေခါင္းမူးျခင္း၊ အျမင္အာ႐ုံေဝဝါးျခင္းတို႔ ခံစားေနရတယ္လို႔ ေျပာခဲ့တာေၾကာင့္ စစ္ေဆးၾကည့္ခဲ့ရာ ဦးေႏွာက္အက်ိတ္ေရာင္ေရာဂါ ျဖစ္ေနတယ္ဆိုတာကို သိလိုက္ရပါတယ္။
ေဆး႐ုံႏွစ္ခု ေျပာင္းတင္ခဲ့ၿပီးေနာက္ မေလးရွားတကၠသိုလ္ေဆး႐ုံမွာ သူမရဲ႕ ဦးေႏွာက္အက်ိတ္ကို ခြဲစိတ္ဖယ္ရွားခဲ့ပါတယ္။ ခြဲစိတ္မႈခံယူစဥ္မွာပဲ သတ္ျပန္မလည္ေတာ့ပဲ ကိုမာရသြားခဲ့တာျဖစ္ပါတယ္။

Kamareeyah Arwe ကို မိသားစုေတြက အိမ္ျပန္သယ္ခဲ့ၿပီးေနာက္ ျပဳစုေစာင့္ေရွာက္ခဲ့ၾကပါတယ္။
အမ်ိဳးသားျဖစ္သူဟာ ႐ိုတီပလာတာဆိုင္ေလးနဲ႔ ေဈးေရာင္းသူျဖစ္ပါတယ္။ ဇနီးသည္ ကိုမာ ရသြားတဲ့အတြက္ အခ်ိန္ျပည့္ေစာင့္ေရွာက္ႏိုင္ဖို႔ အလုပ္ရပ္နားထားရၿပီး မိသားစုေတြ မိတ္ေဆြေတြ ေထာက္ပံ့တဲ့ ေငြေၾကးေတြနဲ႔ ျဖတ္သန္းခဲ့ရပါတယ္။

ဇနီးသည္အတြက္ အထူးျပဳလုပ္ထားတဲ့ ႏို႔မႈန႔္၊ လူႀကီးဒိုက္ပါေတြ အပါအဝင္ လိုအပ္တဲ့ ေဆးပစၥည္းေတြအတြက္ သုံးရက္ကို မေလးရွားရင္းဂစ္ ၉၂ (က်ပ္ ၃ သိန္းခြဲဝန္းက်င္) ကုန္က်တယ္လို႔ ဆိုပါတယ္။ သူ႔ဇနီး တစ္ေန႔က်ရင္ ပုံမွန္ျပန္လည္ သတိရလာမယ္လို႔ ယုံၾကည္ၿပီး ဘုရားမွာ ဆုေတာင္းေၾကာင္း ေျပာဆိုခဲ့ပါတယ္။

၈ လာေက်ာ္အၾကာမွာေတာ့ ကိုမာ ရေနတဲ့ ဇနီးသည္က သမီးမိန္းကေလးတစ္ဦးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ၿပီး သမီးေလးကို ျပဳစုေစာင့္ေရွာက္ေနေၾကာင္း သိရပါတယ္။ အခုလို အျဖစ္ပ်က္ဟာ ထူးဆန္းၿပီး သမီးေလးဟာ မိခင္ရဲ႕ အားထုတ္မႈမရွိပဲ ဝမ္းၾကာတိုက္ထဲကေန ႐ုန္းကန္တိုးထြက္ ေမြးဖြားလာႏိုင္နဲ႔အတြက္ ဘုရားေပးတဲ့ လက္ေဆာင္လို႔ ဆရာဝန္ေတြကိုယ္တိုင္ အံ့အားသင့္ခဲ့ရပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

၈ လကျော်ကြာ သတိလစ်မေ့မျော(ကိုမာ)ဖြစ်နေတဲ့ အမျိုးသမီးမှ ကလေးမွေးဖွား

မလေးရှားနိုင်ငံ က အမျိုးသမီးတစ်ဦးဟာ ကိုမာ(coma) သတိပြန်မလည်လာသည့် အခြေအနေနှင့် ၃၃ ပတ်ကြာနေခဲ့ပြီးနောက် သူမ၏ နေအိမ်တွင် သတိမေ့မြောလျှက်ပင် ကလေးမွေးဖွားခဲ့ကြောင်း သိရှိရသည်။

Kamareeyah Arwe အသက် ၃၆ နှစ်ဟာ ဦးနှောက်အလုံးအကျိတ်(ဘရိန်းကျူမာ) ကြောင့် ကိုမာရခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲက ဆေးရုံတင်းထားရသူဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်း Fairol Haziri Rahim နဲ့တကွ မိသားစုဝင်တွေဟာ သူမမှာ ဦးနှောက်အကျိတ်ရောင်ရောဂါဖြစ်နေတာကို သတိမထားမိခဲ့ကြပါဘူး။ ဇနီးဖြစ်သူ မကြာခဏနေမကောင်းဖြစ်တယ်လို့သာ ထင်ထားခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူမက ကိုယ်ဝန် နှစ်လလွယ်ထားရပါပြီ။

သိပ်မကြာခင်မှာပဲ Kamareeyah Arwe က မကြာခဏခေါင်းမူးခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့ ခံစားနေရတယ်လို့ ပြောခဲ့တာကြောင့် စစ်ဆေးကြည့်ခဲ့ရာ ဦးနှောက်အကျိတ်ရောင်ရောဂါ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။
ဆေးရုံနှစ်ခု ပြောင်းတင်ခဲ့ပြီးနောက် မလေးရှားတက္ကသိုလ်ဆေးရုံမှာ သူမရဲ့ ဦးနှောက်အကျိတ်ကို ခွဲစိတ်ဖယ်ရှားခဲ့ပါတယ်။ ခွဲစိတ်မှုခံယူစဉ်မှာပဲ သတ်ပြန်မလည်တော့ပဲ ကိုမာရသွားခဲ့တာဖြစ်ပါတယ်။

Kamareeyah Arwe ကို မိသားစုတွေက အိမ်ပြန်သယ်ခဲ့ပြီးနောက် ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။
အမျိုးသားဖြစ်သူဟာ ရိုတီပလာတာဆိုင်လေးနဲ့ ဈေးရောင်းသူဖြစ်ပါတယ်။ ဇနီးသည် ကိုမာ ရသွားတဲ့အတွက် အချိန်ပြည့်စောင့်ရှောက်နိုင်ဖို့ အလုပ်ရပ်နားထားရပြီး မိသားစုတွေ မိတ်ဆွေတွေ ထောက်ပံ့တဲ့ ငွေကြေးတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ဇနီးသည်အတွက် အထူးပြုလုပ်ထားတဲ့ နို့မှုန့်၊ လူကြီးဒိုက်ပါတွေ အပါအဝင် လိုအပ်တဲ့ ဆေးပစ္စည်းတွေအတွက် သုံးရက်ကို မလေးရှားရင်းဂစ် ၉၂ (ကျပ် ၃ သိန်းခွဲဝန်းကျင်) ကုန်ကျတယ်လို့ ဆိုပါတယ်။ သူ့ဇနီး တစ်နေ့ကျရင် ပုံမှန်ပြန်လည် သတိရလာမယ်လို့ ယုံကြည်ပြီး ဘုရားမှာ ဆုတောင်းကြောင်း ပြောဆိုခဲ့ပါတယ်။

၈ လာကျော်အကြာမှာတော့ ကိုမာ ရနေတဲ့ ဇနီးသည်က သမီးမိန်းကလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေကြောင်း သိရပါတယ်။ အခုလို အဖြစ်ပျက်ဟာ ထူးဆန်းပြီး သမီးလေးဟာ မိခင်ရဲ့ အားထုတ်မှုမရှိပဲ ဝမ်းကြာတိုက်ထဲကနေ ရုန်းကန်တိုးထွက် မွေးဖွားလာနိုင်နဲ့အတွက် ဘုရားပေးတဲ့ လက်ဆောင်လို့ ဆရာဝန်တွေကိုယ်တိုင် အံ့အားသင့်ခဲ့ရပါတယ်။

Credit : popolay

LEAVE A REPLY