Zawgyi ျဖင့္ဖတ္ရန္

 

ခ်စ္သူမ်ား၊ ဇနီးေမာင္ႏွံစံုတြဲမ်ား၏ ေနာက္ခံအေျခအေနအရပ္ရပ္မွာ အမ်ဳိးမ်ဳိးကြဲျပားႏိုင္ေသာ္လည္း လမ္းခြဲၾကဖြယ္ရွိေၾကာင္း ညႊန္ျပသည့္အခ်က္မွာမူ တစ္ခုတည္းသာျဖစ္ေၾကာင္း သုေတသီတို႔က ေဖာ္ထုတ္ႏိုင္ခဲ့ၾကသည္။

အဆိုပါေလ့လာခ်က္ကို ကိုယ္ရည္ကိုယ္ေသြးႏွင့္ လူမႈေဗဒ စိတ္ပညာ ဂ်ာနယ္တြင္ ေဖာ္ျပခဲ့ျခင္းျဖစ္သည္။

သုေတသီတို႔သည္ လမ္းခြဲမည့္အလားလာကို ညႊန္ျပသည့္ အခ်က္ မ်ား၊ ႏွစ္ေပါင္းမ်ားစြာ တည္တံ့မည့္ အခ်စ္ေရး၊ အိမ္ေထာင္ေရးမ်ားကို ၁၃ ႏွစ္ၾကာေလ့လာခဲ့ျခင္းျဖစ္ျပီး စံုတြဲေပါင္း ၁၆၈ တြဲကို ေလ့လာခဲ့ၾကသည္။

ယင္းေလ့လာခ်က္အရ ေတြ႔ရွိလာခဲ့ၾကသည္မွာ အခ်စ္ေရး၊ အိမ္ေထာင္ေရး ဘဝအစတြင္ တစ္ဦးအေပၚတစ္ဦး အလြန္အကၽြံ၊ သဲသဲလႈပ္ ခ်စ္ျပၾကသည့္ စံုတြဲမ်ားသည္ လမ္းခြဲရန္ ျဖစ္ႏိုင္ေခ်အလြန္မ်ားေၾကာင္း ေတြ႔ရွိရသည္ဟု ဆိုသည္။

“အခ်ိန္ၾကာလက္တြဲခဲ့ျပီးမွ လမ္းခြဲခဲ့ၾကတဲ့ စံုတြဲေတြဟာ အသက္ထက္ဆံုး ေပါင္းသင္းသြားၾကတဲ့ စံုတြဲေတြထက္ပိုျပီး တစ္ဦးအေပၚတစ္ဦး ခ်စ္ျပတဲ့ ပမာဏက သံုးပံုတစ္ပံုေလာက္ ပိုမ်ားပါတယ္” ဟု အဆိုပါေလ့လာခ်က္တြင္ ေဖာ္ျပသည္။

“အခ်စ္ဆိုတာ မ်က္စိမရွိ…ဆိုတဲ့ စကားအတိုင္း တခ်ဳိ ႔သူေတြဟာ အရူးအမူးအခ်စ္ေရးမ်ဳိးကို လိုလားၾကတယ္။ဒီေနရာမွာ သိထားရမွာ တစ္ခုက အရူးအမူးအခ်စ္ဆိုတာ တာရွည္ခံတဲ့ အေျခအေနမ်ဳိး မဟုတ္ဘူးဆိုတာပါ။

ဒီလိုအေျခအေနမ်ဳိး ေပ်ာက္ကြယ္သြားျပီးဆိုရင္ သက္ဆိုင္ရာ ႏွစ္ဦးအၾကား ဘာက်န္ခဲ့လဲဆိုတာ ၾကည့္ရပါမယ္။ျပင္းျပတဲ့အခ်စ္စိတ္ကလဲြျပီး ဘာစည္းေႏွာင္မႈမွ မရွိဘူးဆိုရင္ ဒီလုိ relationship မ်ဳိးဟာ အလြယ္တကူပဲ ဆံုးခန္းတိုင္သြားမွာ ျဖစ္ပါတယ္။

ျပီးေတာ့ တစ္ခ်ိန္က်ရင္ လမ္းခြဲရတာမ်ဳိးျဖစ္လာႏိုင္ တယ္…ဒါေပမယ့္ ေျပာင္းလဲမ်ားလာမလားဆိုျပီး ေရွ ႔ဆက္တိုးတဲ့ အခ်စ္ေရးမ်ဳိးကလည္း အႏၱရာယ္မ်ားပါတယ္ ” ဟု Passion Smiths.com ၏ ဒါရိုက္တာ၊ relationship ဆိုင္ရာ စိတ္ပညာရွင္ မယ္ဒလင္း ေမဆင္ ရြန္ထရီက ေျပာၾကားသည္။

နယူးေယာက္ျမိဳ ႔အေျခစိုက္ relationship ကၽြမ္းက်င္ပညာရွင္၊ အေရာင္းရဆံုးစာေရးဆရာတစ္ဦးျဖစ္သူ ဆူဇန္ ဝင္းတားက ေျပာၾကားရာတြင္လည္း “ရူးရူးမူးမူးအခ်စ္ဆိုတာမ်ဳိးက စေတြ႔ခ်ိန္မ်ဳိး၊ ပ်ားရည္ဆမ္းကာလမ်ဳိးမွာပဲ ေတြ႔ရႏိုင္တဲ့ဟာမ်ဳိးပါ။

ဒါမ်ဳိးအခ်ိန္ကလည္း ၃ လကေန ၉ လၾကားပဲ ၾကာျမင့္ပါတယ္။ဒီေနာက္ပိုင္း လက္ေတြ႔ဘဝနဲ႔ ဘဝရဲ ႔စိန္ေခၚမႈေတြဟာ အလ်င္အျမန္ ေရာက္လာပါတယ္။

အဲဒီေနာက္မွာ ကိုယ့္လက္တြဲေဖာ္ရဲ ႔ အစစ္အမွန္ ပံုရိပ္ကို ေတြ႔လာရမွာျဖစ္ျပီး စိတ္ကူးအိပ္မက္ထဲက လက္ထပ္ခဲ့သူဟာ ေပ်ာက္ကြယ္သြားျပီျဖစ္တာေၾကာင့္ မေက်နပ္မႈေတြ ေပၚလာပါေတာ့တယ္” ဟု ေျပာၾကားသည္။

Credit : Cherie (shweinnlay)

Unicode ဖြင့်ဖတ်ရန်

စုံတွဲများ လမ်းခွဲကြဖွယ်ရှိကြောင်း ညွှန်ပြသည့် အကြောင်းရင်းကို သုတေသီတို့ အံ့အားသင့်ဖွယ် ဖော်ထုတ်နိုင်ခဲ့

ချစ်သူများ၊ ဇနီးမောင်နှံစုံတွဲများ၏ နောက်ခံအခြေအနေအရပ်ရပ်မှာ အမျိုးမျိုးကွဲပြားနိုင်သော်လည်း လမ်းခွဲကြဖွယ်ရှိကြောင်း ညွှန်ပြသည့်အချက်မှာမူ တစ်ခုတည်းသာဖြစ်ကြောင်း သုတေသီတို့က ဖော်ထုတ်နိုင်ခဲ့ကြသည်။

အဆိုပါလေ့လာချက်ကို ကိုယ်ရည်ကိုယ်သွေးနှင့် လူမှုဗေဒ စိတ်ပညာ ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သုတေသီတို့သည် လမ်းခွဲမည့်အလားလာကို ညွှန်ပြသည့် အချက် များ၊ နှစ်ပေါင်းများစွာ တည်တံ့မည့် အချစ်ရေး၊ အိမ်ထောင်ရေးများကို ၁၃ နှစ်ကြာလေ့လာခဲ့ခြင်းဖြစ်ပြီး စုံတွဲပေါင်း ၁၆၈ တွဲကို လေ့လာခဲ့ကြသည်။

ယင်းလေ့လာချက်အရ တွေ့ရှိလာခဲ့ကြသည်မှာ အချစ်ရေး၊ အိမ်ထောင်ရေး ဘဝအစတွင် တစ်ဦးအပေါ်တစ်ဦး အလွန်အကျွံ၊ သဲသဲလှုပ် ချစ်ပြကြသည့် စုံတွဲများသည် လမ်းခွဲရန် ဖြစ်နိုင်ချေအလွန်များကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

“အချိန်ကြာလက်တွဲခဲ့ပြီးမှ လမ်းခွဲခဲ့ကြတဲ့ စုံတွဲတွေဟာ အသက်ထက်ဆုံး ပေါင်းသင်းသွားကြတဲ့ စုံတွဲတွေထက်ပိုပြီး တစ်ဦးအပေါ်တစ်ဦး ချစ်ပြတဲ့ ပမာဏက သုံးပုံတစ်ပုံလောက် ပိုများပါတယ်” ဟု အဆိုပါလေ့လာချက်တွင် ဖော်ပြသည်။

“အချစ်ဆိုတာ မျက်စိမရှိ…ဆိုတဲ့ စကားအတိုင်း တချို့သူတွေဟာ အရူးအမူးအချစ်ရေးမျိုးကို လိုလားကြတယ်။ဒီနေရာမှာ သိထားရမှာ တစ်ခုက အရူးအမူးအချစ်ဆိုတာ တာရှည်ခံတဲ့ အခြေအနေမျိုး မဟုတ်ဘူးဆိုတာပါ။

ဒီလိုအခြေအနေမျိုး ပျောက်ကွယ်သွားပြီးဆိုရင် သက်ဆိုင်ရာ နှစ်ဦးအကြား ဘာကျန်ခဲ့လဲဆိုတာ ကြည့်ရပါမယ်။ပြင်းပြတဲ့အချစ်စိတ်ကလွဲပြီး ဘာစည်းနှောင်မှုမှ မရှိဘူးဆိုရင် ဒီလို relationship မျိုးဟာ အလွယ်တကူပဲ ဆုံးခန်းတိုင်သွားမှာ ဖြစ်ပါတယ်။

ပြီးတော့ တစ်ချိန်ကျရင် လမ်းခွဲရတာမျိုးဖြစ်လာနိုင် တယ်…ဒါပေမယ့် ပြောင်းလဲများလာမလားဆိုပြီး ရှေ့ဆက်တိုးတဲ့ အချစ်ရေးမျိုးကလည်း အန္တရာယ်များပါတယ် ” ဟု Passion Smiths.com ၏ ဒါရိုက်တာ၊ relationship ဆိုင်ရာ စိတ်ပညာရှင် မယ်ဒလင်း မေဆင် ရွန်ထရီက ပြောကြားသည်။

နယူးယောက်မြို့အခြေစိုက် relationship ကျွမ်းကျင်ပညာရှင်၊ အရောင်းရဆုံးစာရေးဆရာတစ်ဦးဖြစ်သူ ဆူဇန် ဝင်းတားက ပြောကြားရာတွင်လည်း “ရူးရူးမူးမူးအချစ်ဆိုတာမျိုးက စတွေ့ချိန်မျိုး၊ ပျားရည်ဆမ်းကာလမျိုးမှာပဲ တွေ့ရနိုင်တဲ့ဟာမျိုးပါ။

ဒါမျိုးအချိန်ကလည်း ၃ လကနေ ၉ လကြားပဲ ကြာမြင့်ပါတယ်။ဒီနောက်ပိုင်း လက်တွေ့ဘဝနဲ့ ဘဝရဲ့စိန်ခေါ်မှုတွေဟာ အလျင်အမြန် ရောက်လာပါတယ်။

အဲဒီနောက်မှာ ကိုယ့်လက်တွဲဖော်ရဲ့ အစစ်အမှန် ပုံရိပ်ကို တွေ့လာရမှာဖြစ်ပြီး စိတ်ကူးအိပ်မက်ထဲက လက်ထပ်ခဲ့သူဟာ ပျောက်ကွယ်သွားပြီဖြစ်တာကြောင့် မကျေနပ်မှုတွေ ပေါ်လာပါတော့တယ်” ဟု ပြောကြားသည်။

Credit : Cherie (shweinnlay)

LEAVE A REPLY