Zawgyi ဖြင့်ဖတ်ရန်
Credit : Aunty may
Unicode ဖြင့်ဖတ်ရန်
သင်တို့ချစ်သူနှစ်ယောက်ကနတ်ဖက်တဲ့စုံတွဲဟုတ်မဟုတ် သိနိုင်မယ့်အချက်(၄)ချက်
အချစ်ရေးအဆင်ပြေမပြေဆိုတာ ချစ်သူနှစ်ယောက်ရဲ့ ကံစပ်မစပ်နဲ့လည်းဆိုင်ပါသေးတယ်။ လူနှစ်ယောက်က ဘယ်လောက်ပဲကြိုးစားကြိုးစား ရေစက် မပါတဲ့သူနှစ်ယောက်ဖြစ်နေရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒီတော့ သင်တို့စုံတွဲရော ပေါင်းဖက်ဖို့ရေစက်ပါတဲ့စုံတွဲလားဆိုတာ သိရဖို့ ဒီအချက်လေးတွေနဲ့တိုက်ကြည့်လိုက်နော်။
(၁) နှစ်ယောက်လုံးအဖက်ဖက်မှာတိုးတက်လာတယ်
စစ်မှန်တဲ့လက်တွဲဖော်တွေဟာ တစ်ယောက်နဲ့တစ်ယောက်တိုးတက်မှုရှိအောင်ထောက်ပံ့ပေးကြပါတယ်။ နှစ်ယောက်သားစာအတူကြိုးစား၊ အလုပ်အတူကြိုးစားပြီး အောင်မြင်မှုကိုအတူတူရလာတာမျိုးပါ။ နှစ်ယောက်အတူတွဲရတာ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုကိုလည်းခံစားရတယ်၊ ဘဝမှာတိုးတက်မှုတွေလည်းဖြစ်လာတယ်ဆိုရင် သင်တို့နှစ်ယောက်က လိုက်ဖက်တဲ့သူတွေပါ။
(၂) တစ်ယောက်နဲ့တစ်ယောက်လွတ်လပ်ခွင့်ပေးတယ်
နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်ယုံကြည်စိတ်ချမှုရှိတာကြောင့် အလွန်အမင်းချုပ်ချယ်တာ၊ ဘာလုပ်လုပ်လိုက်ပိတ်ပင်တာမျိုးတွေမရှိဘဲ လွတ်လပ်ခွင့်ပေးထားကြတယ်။ တစ်ယောက်တည်းနေဖို့လိုအပ်တဲ့အချိန်တွေမှာ မနှောက်ယှက်ဘူး။
(၃) နှစ်ယောက်လုံးကအပြန်အလှန်ဦးစားပေးကြတယ်
အချစ်ရေးမှာ အတ္တကိုရှေ့တန်းတင်မယ်၊ တစ်ကိုယ်ကောင်းဆန်မယ်ဆိုရင် အဲ့ဒီအချစ်ရေးက အဆင်မပြေတတ်ပါဘူး။ သင်တို့ကတော့အဲ့ဒီလိုမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဦးစားပေးကြတယ်၊နှစ်ယောက်လုံးက ကိုယ့်ကိုယ်ကိုပဲရှေ့တန်းတင်ပြီး ကိုယ့်အတွက်ပဲဦးစားပေးနေတာမျိုးမဟုတ်ဘဲ ဘာလုပ်လုပ်နှစ်ဦးနှစ်ဖက်မျှအောင် စဉ်းစားပေးတတ်တယ်။
(၄) နှစ်ယောက်အတူရှိနေချိန်လုံခြုံနွေးထွေးမှုကိုခံစားရတယ်
ကိုယ်ချစ်တဲ့သူနဲ့အတူရှိတဲ့အချိန်မှာ ပျော်လည်းမပျော်ဘူး၊ အမြဲစိတ်ညစ်နေရတယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ နှစ်ယောက်လုံးက အတူတူရှိနေတဲ့အချိန်မှာ လုံခြုံနွေးထွေးမှုကိုခံစားရတယ်။ စိတ်ချမ်းေြ်မ့နေတယ်ဆိုရင်တော့ သင်တို့နှစ်ယောက်က ရေစက်ဆုံကြသူတွေလို့ပြောရမှာပါ။
Credit : Aunty may
LEAVE A REPLY