Zawgyi ျဖင့္ဖတ္ရန္

 

ကိုယ္ခ်စ္ရတဲ့ ခ်စ္သူနဲ႔ ႏွစ္ေယာက္ထဲအတူ ခရီးထြက္တာက ႏွစ္ဦးသားအခ်စ္ေရးကို ပိုမိုခိုင္ၿမဲေစတဲ့ အျပင္ တစ္ေယာက္နဲ႔ တစ္ေယာက္နားလည္မႈ ပိုရေစတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ခ်စ္သူနဲ႔ ခရီးအတူထြက္သင့္တဲ့ အေၾကာင္းအရင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ခရီးသြားေဖာ္ေကာင္းတစ္ေယာက္လား

သင္က ခရီးသြားရတာဝါသနာပါေပမယ့္ သင့္ရဲ႕ ပါတနာက ခရီးသြားရတာ ဝါသနာပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ သင္နဲ႔ခရီးသြားတဲ့အခါမွာ စိတ္ေက်နပ္မႈရွိရဲ႕လား၊ ေပ်ာ္ရဲ႕လား ဆိုတာကို အကဲခတ္ၾကည့္ႏုိင္ပါတယ္။ သင္နဲ႔ အတူရွိေနရတာကို ေပ်ာ္တဲ့သူကေတာ့ ခရီးသြားရတာ ဝါသနာမပါရင္ေတာင္ သင့္အတြက္ ခရီးသြားေဖာ္ေကာင္းတစ္ေယာက္ ျဖစ္ေနေပးမွာပါပဲ။

(၂) ညွိႏိႈင္းရလြယ္ကူလား

ကိစၥရပ္တစ္ခုကို ညွိႏိႈင္းရလြယ္ကူမွ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈ ပိုမိုရရွိေစမွာပါ။ ဒီေတာ့.. ခရီးသြားတဲ့အခါမွာ တစ္ေယာက္ကဒါလုပ္ခ်င္တယ္၊ ေနာက္တစ္ေယာက္က တျခားဟာလုပ္ခ်င္တယ္ ဆိုပါစို႔။ ဒီလို ႏွစ္ဦးသား သေဘာထားကြဲလြဲတဲ့အခါမွာ ညွိႏိႈင္းမႈမရွိဘဲ တစ္ေယာက္တစ္မ်ိဳးစီ လုပ္ခ်င္တာလုပ္ၾကမယ္ဆိုရင္ေတာ့ သင့္အတြက္ ပါတနာေကာင္းတစ္ေယာက္ မျဖစ္ႏုိင္ပါဘူး။ ဒီလိုမဟုတ္ဘဲ ႏွစ္ဦးသား ညွိညွိႏိႈင္းႏိႈင္းနဲ႔ လုပ္ၾကမယ္ဆုိရင္ေတာ့ တကယ့္ကို ေပ်ာ္စရာေကာင္းတဲ့ ခရီးစဥ္ေလးျဖစ္သြားမွာ့ပါ။

(၃) စိတ္ေနစိတ္ထား

လူတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားကို အတြင္းက်က်သိခ်င္ရင္ ခရီးအတူသြားပါဆိုတဲ့ စကားကို ၾကားဖူးၾကမယ္ ထင္ပါတယ္။ ခရီးသြားတဲ့အခါမွာ ႀကံဳေတြ႔ရတဲ့ အခက္အခဲ၊ ျပႆနာေတြကို ရင္ဆိုင္ေျဖရွင္းဖုိ႔ သတၱိရွိရဲ႕လား၊ ကူညီတတ္တဲ့သူလား၊ ခ်စ္သူအေပၚ ဂရုစိုက္ေပးႏုိင္တဲ့ သူလားဆိုတာကို ေသခ်ာေလ့လာအကဲခတ္ႏုိင္ပါတယ္။

(၄) စိတ္ရွည္ရဲ႕လား

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြရွိတဲ့ၾကားမွာ ကိုယ့္ခ်စ္သူအေပၚကိုေတာ့ စိတ္ရွည္သည္းခံႏုိင္ဖို႔ လိုပါတယ္။ ဒါမွ ျပႆနာနည္းၿပီး ေပ်ာ္ရႊင္တဲ့ အခ်စ္ေရးကို တည္ေဆာက္ႏုိင္မွာပါ။ ခရီးသြားတဲ့အခါမွာ သင့္ခ်စ္သူရဲ႕ စိတ္ရွည္ႏုိင္စြမ္းအေပၚ အကဲခတ္ႏုိင္ပါေသးတယ္။ သင္ဖ်ားနာတဲ့အခါ၊ တစ္ခုခုျဖစ္တဲ့အခါ သင့္အေပၚ စိတ္ရွည္သည္းခံႏုိင္လား၊ မၿငီးမျငဴ ဂရုစိုက္ေပးႏိုင္သူ တစ္ေယာက္လားဆိုတာကို သိရွိႏုိင္ပါတယ္။

(၅) ေနထိုင္မႈပံုစံကိုေလ့လာႏုိင္

ခရီးတူတူသြားရင္ သူ႔ရဲ႕ ေနထိုင္မႈ ပံုစံ၊ စရိုက္လကၡဏာေတြကို အနီးကပ္ေလ့လာခြင့္ရမွာပါ။ ဗရုတ္က်တဲ့ သူမ်ိဳးလား၊ ေသသပ္စြာ ေနထုိင္တတ္တဲ့သူလား၊ အခ်ိန္ေလးစားသူလား၊ စသျဖင့္ ခရီီးသြားတဲ့အခါမွာ ႀကံဳေတြ႔ရတဲ့ အေျခအေနေပၚ မူတည္ၿပီး ႏွစ္ဦးသားအျပန္အလွန္ ေလ့လာႏုိင္ပါတယ္။ တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုသိသြားႀကေတာ့ မႀကိဳက္တဲ့ အခ်က္ေတြကို အခ်ိန္မီ ျပင္ဆင္ခုိင္းၿပီး ေရရွည္ခိုင္ၿမဲတဲ့ အခ်စ္ေရးကို တည္ေဆာက္သြားႏုိင္မွာပါ။

Credit : Shweinlay

Unicode ဖြင့်ဖတ်ရန်

ချစ်သူ နဲ့အတူ ခရီးထွက်သင့်တဲ့အကြောင်းအရင်း

ကိုယ်ချစ်ရတဲ့ ချစ်သူနဲ့ နှစ်ယောက်ထဲအတူ ခရီးထွက်တာက နှစ်ဦးသားအချစ်ရေးကို ပိုမိုခိုင်မြဲစေတဲ့ အပြင် တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ပိုရစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ချစ်သူနဲ့ ခရီးအတူထွက်သင့်တဲ့ အကြောင်းအရင်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခရီးသွားဖော်ကောင်းတစ်ယောက်လား

သင်က ခရီးသွားရတာဝါသနာပါပေမယ့် သင့်ရဲ့ ပါတနာက ခရီးသွားရတာ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သင်နဲ့ခရီးသွားတဲ့အခါမှာ စိတ်ကျေနပ်မှုရှိရဲ့လား၊ ပျော်ရဲ့လား ဆိုတာကို အကဲခတ်ကြည့်နိုင်ပါတယ်။ သင်နဲ့ အတူရှိနေရတာကို ပျော်တဲ့သူကတော့ ခရီးသွားရတာ ဝါသနာမပါရင်တောင် သင့်အတွက် ခရီးသွားဖော်ကောင်းတစ်ယောက် ဖြစ်နေပေးမှာပါပဲ။

(၂) ညှိနှိုင်းရလွယ်ကူလား

ကိစ္စရပ်တစ်ခုကို ညှိနှိုင်းရလွယ်ကူမှ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပိုမိုရရှိစေမှာပါ။ ဒီတော့.. ခရီးသွားတဲ့အခါမှာ တစ်ယောက်ကဒါလုပ်ချင်တယ်၊ နောက်တစ်ယောက်က တခြားဟာလုပ်ချင်တယ် ဆိုပါစို့။ ဒီလို နှစ်ဦးသား သဘောထားကွဲလွဲတဲ့အခါမှာ ညှိနှိုင်းမှုမရှိဘဲ တစ်ယောက်တစ်မျိုးစီ လုပ်ချင်တာလုပ်ကြမယ်ဆိုရင်တော့ သင့်အတွက် ပါတနာကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ နှစ်ဦးသား ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ တကယ့်ကို ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်သွားမှာ့ပါ။

(၃) စိတ်နေစိတ်ထား

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အတွင်းကျကျသိချင်ရင် ခရီးအတူသွားပါဆိုတဲ့ စကားကို ကြားဖူးကြမယ် ထင်ပါတယ်။ ခရီးသွားတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ သတ္တိရှိရဲ့လား၊ ကူညီတတ်တဲ့သူလား၊ ချစ်သူအပေါ် ဂရုစိုက်ပေးနိုင်တဲ့ သူလားဆိုတာကို သေချာလေ့လာအကဲခတ်နိုင်ပါတယ်။

(၄) စိတ်ရှည်ရဲ့လား

လူအမျိုးမျိုး စိတ်အထွေထွေရှိတဲ့ကြားမှာ ကိုယ့်ချစ်သူအပေါ်ကိုတော့ စိတ်ရှည်သည်းခံနိုင်ဖို့ လိုပါတယ်။ ဒါမှ ပြဿနာနည်းပြီး ပျော်ရွှင်တဲ့ အချစ်ရေးကို တည်ဆောက်နိုင်မှာပါ။ ခရီးသွားတဲ့အခါမှာ သင့်ချစ်သူရဲ့ စိတ်ရှည်နိုင်စွမ်းအပေါ် အကဲခတ်နိုင်ပါသေးတယ်။ သင်ဖျားနာတဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါ သင့်အပေါ် စိတ်ရှည်သည်းခံနိုင်လား၊ မငြီးမငြူ ဂရုစိုက်ပေးနိုင်သူ တစ်ယောက်လားဆိုတာကို သိရှိနိုင်ပါတယ်။

(၅) နေထိုင်မှုပုံစံကိုလေ့လာနိုင်

ခရီးတူတူသွားရင် သူ့ရဲ့ နေထိုင်မှု ပုံစံ၊ စရိုက်လက္ခဏာတွေကို အနီးကပ်လေ့လာခွင့်ရမှာပါ။ ဗရုတ်ကျတဲ့ သူမျိုးလား၊ သေသပ်စွာ နေထိုင်တတ်တဲ့သူလား၊ အချိန်လေးစားသူလား၊ စသဖြင့် ခရီးသွားတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခြေအနေပေါ် မူတည်ပြီး နှစ်ဦးသားအပြန်အလှန် လေ့လာနိုင်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိသွားကြတော့ မကြိုက်တဲ့ အချက်တွေကို အချိန်မီ ပြင်ဆင်ခိုင်းပြီး ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်သွားနိုင်မှာပါ။

Credit : Shweinlay

LEAVE A REPLY