Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏုိင္ငံရွိ နာမည္ေက်ာ္ social influencers ေတြထဲကမွ တစ္ဦးအပါအဝင္ျဖစ္တဲ့ Dee Dee Burmese Vlog ဟာ ခ်စ္သူအသစ္စက္စက္ေလးကို အတိအလင္းေၾကညာလိုက္ပါၿပီ။ သူ႔ခ်စ္သူကေတာ့ တျခားသူမဟုတ္ပါဘူး။ တစ္ခ်ိန္က နာမည္ေက်ာ္ ေပါ့ပ္အဆိုေတာ္ႀကီး အဲလက္စ္ရဲ႕ သမီး Dora အဲလက္စ္ပဲျဖစ္ပါတယ္။ Dee Dee ရဲ႕ခ်စ္သူ Dore ေလးရဲ႕ အေၾကာင္းစုံကို ပထမဆုံး ေကာ္မန္႔ကို ၾကည္႔ပါ။

Dora Alex ဟာ အဆုိေတာ္ အဲလက္စ္ရဲ႕ သမီးျဖစ္တဲ့အေလ်ာက္ ငယ္စဥ္ကတည္းက သီခ်င္းဆို ဝါသနာပါသူတစ္ဦးပဲျဖစ္ပါတယ္။ ဂစ္တာတီးရင္း သီခ်င္းေရးရတာ သေဘာက်လို႔ သူ႔ခံစားခ်က္ေတြကို သီခ်င္းအျဖစ္နဲ႔ သိမ္းထားၿပီးေရးထားခဲ့ပါတယ္။ တစ္ေန႔မွာ သူတုိ႔မိသားစုနဲ႔ရင္းႏွီးတဲ့ က်ားေပါက္က Dora ေရးထားတဲ့ သီခ်င္းေတြကို ျမင္ေတြ႕သြားၿပီး သူကုိယ္တုိင္ music producer လုပ္ကာ အေခြထုတ္ေပးခဲ့တာျဖစ္ပါတယ္။

 

Dora Alex ရဲ႕ Deubt album ျဖစ္တဲ့ First things first မွာ သီခ်င္း ၈ ပုဒ္ပါဝင္ၿပီး ၇ပုဒ္က Dora Alex ေရးသားထာတာပါ။ က်န္တဲ့ တစ္ပုဒ္ကေတာ့ အဆုိေတာ္က်ားေပါက္ ေရးသားေပးတာပဲျဖစ္ပါတယ္။ Dora Alex ဆိုတဲ့ သီခ်င္းအမ်ိဳးအစားကေတာ့ တျခားလူငယ္ေတြလို trend ေနာက္လုိက္ေနတာမဟုတ္ပဲ indie pop ပုံစံမ်ိဳးေလး ကိုယ္ပိုင္စတုိင္နဲ႔ သြားတာေတြ႕ရမွာပါ။

ျမန္မာႏုိင္ငံရွိ လူငယ္ေတြ ပန္းတုိင္ကုိအေရာက္လွမ္းႏုိင္ဖို႔ အၿမဲအားေပးစကားေတြ၊ စိတ္ဓာတ္မက်ပဲ ဇြဲမေလ်ာ့ပဲ ဘယ္လိုေရွ႕ဆက္ရမလဲဆိုတာေတြကုိ အၿမဲ လမ္းညႊန္ေပးေနတဲ့ Dee Dee Burmese Vlog နဲ႔ Dora Alex တို႔ဟာဆုိရင္ နတ္ဖတ္တဲ့ စုံတြဲေလးေတြလို႔ ေျပာရမွာပါပဲ။

 

Dee Dee က သူ႔ လူမွုကြန္ယက္ေဖ့ဘြတ္ခ္စာမ်က္ႏွာကေန “It’s different အခ်စ္ဆိုသည္မွာ” ဆိုတဲ့ ကပ္ရွင္နဲ႔အတူ ေရးသားၿပီး စုံတြဲပုံမ်ားကို တင္ကာ အသိေပးခဲ့တာပါ။ Dora ကလဲ သူကိုယ္ပုိင္ ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ it’s different လို႔ေရးသားၿပီး တင္ခဲ့ပါတယ္။ It’s different ဆိုတာကေတာ့ Dora Alex ရဲ႕ ပထမဦးဆုံးထြက္ရွိတဲ့ အယ္လ္ဘမ္၊ Different သီခ်င္းထဲက စာသားကို ရည္ညႊန္းတာပဲျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အဆိုတော် အဲလက်စ် ရဲ့ သမီးနဲ့တွဲနေပြီဖြစ်ကြောင်းအသိပေးလိုက်တဲ့ Dee Dee Burmese Vlog

မြန်မာနိုင်ငံရှိ နာမည်ကျော် social influencers တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ Dee Dee Burmese Vlog ဟာ ချစ်သူအသစ်စက်စက်လေးကို အတိအလင်းကြေညာလိုက်ပါပြီ။ သူ့ချစ်သူကတော့ တခြားသူမဟုတ်ပါဘူး။ တစ်ချိန်က နာမည်ကျော် ပေါ့ပ်အဆိုတော်ကြီး အဲလက်စ်ရဲ့ သမီး Dora အဲလက်စ်ပဲဖြစ်ပါတယ်။ Dee Dee ရဲ့ချစ်သူ Dore လေးရဲ့ အကြောင်းစုံကို ပထမဆုံး ကော်မန့်ကို ကြည့်ပါ။

Dora Alex ဟာ အဆိုတော် အဲလက်စ်ရဲ့ သမီးဖြစ်တဲ့အလျောက် ငယ်စဉ်ကတည်းက သီချင်းဆို ဝါသနာပါသူတစ်ဦးပဲဖြစ်ပါတယ်။ ဂစ်တာတီးရင်း သီချင်းရေးရတာ သဘောကျလို့ သူ့ခံစားချက်တွေကို သီချင်းအဖြစ်နဲ့ သိမ်းထားပြီးရေးထားခဲ့ပါတယ်။ တစ်နေ့မှာ သူတို့မိသားစုနဲ့ရင်းနှီးတဲ့ ကျားပေါက်က Dora ရေးထားတဲ့ သီချင်းတွေကို မြင်တွေ့သွားပြီး သူကိုယ်တိုင် music producer လုပ်ကာ အခွေထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Dora Alex ရဲ့ Deubt album ဖြစ်တဲ့ First things first မှာ သီချင်း ၈ ပုဒ်ပါဝင်ပြီး ၇ပုဒ်က Dora Alex ရေးသားထာတာပါ။ ကျန်တဲ့ တစ်ပုဒ်ကတော့ အဆိုတော်ကျားပေါက် ရေးသားပေးတာပဲဖြစ်ပါတယ်။ Dora Alex ဆိုတဲ့ သီချင်းအမျိုးအစားကတော့ တခြားလူငယ်တွေလို trend နောက်လိုက်နေတာမဟုတ်ပဲ indie pop ပုံစံမျိုးလေး ကိုယ်ပိုင်စတိုင်နဲ့ သွားတာတွေ့ရမှာပါ။

မြန်မာနိုင်ငံရှိ လူငယ်တွေ ပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့ အမြဲအားပေးစကားတွေ၊ စိတ်ဓာတ်မကျပဲ ဇွဲမလျော့ပဲ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာတွေကို အမြဲ လမ်းညွှန်ပေးနေတဲ့ Dee Dee Burmese Vlog နဲ့ Dora Alex တို့ဟာဆိုရင် နတ်ဖတ်တဲ့ စုံတွဲလေးတွေလို့ ပြောရမှာပါပဲ။

Dee Dee က သူ့ လူမှုကွန်ယက်ဖေ့ဘွတ်ခ်စာမျက်နှာကနေ “It’s different အချစ်ဆိုသည်မှာ” ဆိုတဲ့ ကပ်ရှင်နဲ့အတူ ရေးသားပြီး စုံတွဲပုံများကို တင်ကာ အသိပေးခဲ့တာပါ။ Dora ကလဲ သူကိုယ်ပိုင် ဖေ့ဘွတ်ခ်စာမျက်နှာမှာ it’s different လို့ရေးသားပြီး တင်ခဲ့ပါတယ်။ It’s different ဆိုတာကတော့ Dora Alex ရဲ့ ပထမဦးဆုံးထွက်ရှိတဲ့ အယ်လ်ဘမ်၊ Different သီချင်းထဲက စာသားကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY