Zawgyi ဖြင့်ဖတ်ရန်





Credit : Aye Chan Pont Pont





Credit : Sayar Myo

Unicode ဖြင့်ဖတ်ရန်

ခွေးရူးကိုက်ကိုက် ခွေးကောင်းကိုက်ကိုက် သဗြုသီးကို သတိရလိုက်ပါ

ခွေးရူး (သို့) ခွေးကောင်းဘဲ ကိုက်ကိုက် သဗြုသီးအလုံးကိုထပ်ချမ်းခွဲပြီး အထဲက အရိအချွဲနဲ့ ခွေးကိုက်သည့် အပေါက်ကို လက်နဲ့ ဖိကပ်ထားပေးပါ။ ၃ မိနစ်လောက်ဆိုသူ့အလို ကပ်နေပါလိမ့်မည်။ အဆိပ်ကုန်မှ ခွါလို့ရပါမည်။ သဗြု အမြစ်ကိုလည်း သွေးတိုက်ပါ။ အသုံးလိုရင်တော့ သုံကြည့်လိုက်ပါ။ လက်တွေ့အသုံးပြုဘူး၍ အကြံပေးတာပါ။

မသုံးလိုရင် မဝေဖန်ပါနဲ့။ လူ၏ကံတရားဟာ ဘယ်ဖန်ဆင်းရှင်မှ မကယ်တင်နိုင်ပါ။ နွယ်မြက်သစ်ပင် ဂတိသစ္စာတည်သောအခါ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။

လေးဘက်နာ လက်တွေ့သက်သာတဲ့ ရွှေထက်တန်ဖိုး ကြီးတဲ့ ဆေးနည်းလေးများ

သပြုသီးနဲ့ ဆားကို အချိုးတူပြုတ်ပြီး အငွေ့ခံ ချွေးအောင်းပေးလိုက်ပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးတွေထွက်လာပြီးရင် ရေချိုးပေးပါ ။ အစားရှောင်စရာ မလိုအောင် သက်သာတယ် ။ ခြေဆစ် လက်ဆစ် တွေလည်း မကိုက်တော့ပါဘူး။

သပြုသီးကို ဟင်းချက်စားလျှင် ဆေးဘက်ဝင်ပုံံ

ငါးခူနဲ့သပြုသီး ချက်စားပါ။ကျောက်ကပ်နှလုံးကောင်းလာပါမည်။ ငါးရံ့ကင်ပြီး သပြုသီးကို ဟင်းချို ချက်စားပါ။ ဆီးချိုသက်သာပျောက်ကင်ပါသည်။ သပြုသီးကိုပြုတ်ပြီး ငပိရည်နဲ့တိုးစားပါ။ နှလုံးအားကောင်လာပြီး ဆီးရွင်လာပါမည်။

ဆီကျောက်တည်သူများအတွက် ဆေးနည်းကောင်းတစ်လက် – သပြုသီးအရွက်ကိုပြုတ်ပြီးသုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပါ။ ဆီးကျောက်တည် သူများအတွက် ကျောက်တစ်ဖြည်းဖြည်း ကြွေကျပြီး သက်သာပျောက်ကင်ပါသည်။

သပြုသီးအခေါက်ကို ဝမ်ကိုက်သူများအတွက် ကျောက်ပျဉ်နဲ့သွေးပြီး ဆားနဲ့ရောပြီးသောက်ပါ။

Credit : Sayar Myo

LEAVE A REPLY