Zawgyi ျဖင့္ဖတ္ရန္

 

ကြၽန္​​ေတာ္​ငယ္​ငယ္​က အိမ္​က ​အေတာ္​​ဆင္​းရဲတယ္။ ကြၽန္​​ေတာ္​ ၄ တန္​း​ေအာင္​​ေတာ့ အိမ္​က စား​ေသာက္​ဆု္​ိင္​က​ေလး စ ဖြင္​့တယ္​။ နယ္​ဘက္​ျဖစ္​လုိ႔ အစားအ​ေသာက္​ထက္​ အရက္​ ဘီယာ ပုိ​ေရာင္​းရတယ္​။ အဲ့တုန္​းက က်ဴ ႐ွင္​မ​ေနဘူး။ ဆုိင္​မွာပဲ စားပြဲထုိးရတယ္​။ည​ေန ၅ နာရီဆုိ ဆုိင္​ထဲ လူ စ စည္​ၿပီ။ ရြာက အရက္​သမား​ေတြ​​ စ စု​ေန​ေလာက္​ၿပီလုိ႔ ​ေျပာလုိ႔ရတယ္​။ ဆုိင္​ထဲ တဖြဲဖြဲ ဝင္​လုိက္​ ထြက္​လိုက္​ပါပဲ။ ဂရမ္​း၊ rc၊ မန္​း​ေလးရမ္​၊ ဟုိက္​ကလက္​၊ ျမန္​မာ၊ မန္​း​ေလး၊ ဘီယာခ်မ္​း၊ ​ေမၿမိဳ႕ဝုိင္​၊ မန္​က်ည္​း၊ ​ေကာ္​ဝီ အစုံပဲ ( မွတ္​မိသ​ေလာက္​ )။ ဆုိင္​မွာ စားပြဲထုိးရင္​း ​ေက်ာင္​းတက္​ရင္​းပါပဲ။ေႏြရာသီ ​ေရာက္​​ေတာ့ ရြာမွာ ယဥ္​​ေက်းလိမၼာသင္​တန္​း ဖြင္​့တယ္​။ အ​ေမကပုိ႔​ေတာ့ တက္​ျဖစ္​တယ္​။ အဲ့မွာပဲ ကြၽန္​​ေတာ္​ စ ခြဲျခားဆက္​ဆံခံရတာပါပဲ။ ကြၽန္​​ေတာ္​တုိ႔ကုိ စာသင္​​ေပးတဲ့ ဦးဇင္​းက ” မိစၦာဇီဝ အသက္​​ေမြးမႈ လုပ္​ငန္​း ၅ မ်ိဳး ” အ​ေၾကာင္​း စ သင္​တယ္​။ အဲ့မွာ အခ်က္​ ၅ ခ်က္​ ႐ွိတယ္​။

ဒါ​ေပမဲ့ အရက္​​ေရာင္​းတာ မ​ေကာင္​းဆုိးဝါး လုပ္​ငန္​းျဖစ္​​ေၾကာင္​းကုိ တသီခ်င္​း ကြၽန္​​ေတာ္​့ကုိ တည္​့တည္​့ႀကီး ၾကည္​့ၿပီး​ေျပာ​ေတာ့တာပါပဲ။ က်ြန္​ေ​တာ္မွတ္မိတယ္။ အဲ့ဦးဇင္းက စသင္ကတည္းက က်ြန္​ေတ​​​​​ာ့္ကုိ စုိက္​ျကည့္​​ေနတာ။ ​​​​​​အတန္​းထဲ​က ​ေက်ာင္​းသား၊​ေက်ာင္​းသူ ကုိရင္​ သီလ႐ွင္​ အကုန္​ ကြၽန္​​ေတာ္​့ကုိ ရြွံ႕ရွာတဲ့ အၾကည္​့နဲ႔ ဝုိင္​းၾကည့္​့ၾက​ေတာ့တာပဲ။ကြၽန္​​ေတာ္​ အရမ္​း႐ွက္​မိတယ္​​။ လူ​ေတ ကြၽန္​​ေတာ္​့ကုိ သတိမထားမိတဲ့ အခ်ိန္​ ကြၽန္​​ေတာ္​ မ်က္​ရည္​က်​ေတာ့တာပါပဲ။ အဲ့သည္​့​ေန႔က ကြၽန္​​ေတာ္​့ကုိ ဘယ္​သူမွ စကား မ​ေျပာ​ေတာ့။ ကြၽန္​​ေတာ္​လည္​း တစ္​​ေယာက္​တည္​း ႀကိတ္​ငုိခဲ့တယ္​။ ည​ေန​ေရာက္​​ေတာ့ အရက္​သမား​ေတနဲ႔ စကား​ေျပာရင္​း ရယ္​မိတာပါပဲ။​ေနာက္​​ေန႔ ယဥ္​​ေက်းလိမၼာသင္​တန္​း ​ေရာက္​​ေတာ့ ကြၽန္​​ေတာ္​့ကုိ ဆရာမတစ္​ခ်ိဳ႕ ခြဲျခားဆက္​ဆံတာပါပဲ။ ကြယ္​ရာမွာ​ ကြၽန္​​ေတာ္​့ကုိ ​ေခၚတဲ့နာမည္​က “အရက္​ဆုိင္​က ​ေကာင္​​” တဲ့။ ဆရာမ​ေတ ဘာ​ေၾကာင္​့ ကြၽန္​႔​ေတာ္​့ကုိ ခြဲျခားဆက္​ဆံမွန္​း ကြၽန္​​ေတာ္​ နားမလည္​ဘူး။

 

ကြၽန္​​ေတာ္​က ဘာ​ေတမ်ား အမွားလုပ္​မိလို႔လဲ။ ဘုမသိ ဘမသိ ကုိယ္​နဲ႔ တခါမွ မသိတဲ့ လူႏွစ္​​ေယာက္​​ေမြးလုိ႔ လူလာ ျဖစ္​တယ္​​။ သူတုိ႔ကုိ အ​ေဖ အ​ေမလုိ႔ ကြၽန္​​ေတာ္​​ေခၚတယ္​။ သူတုိ႔က ကြၽန္​​ေတာ္​့ကုိ ခ်စ္​သလုိ ကြၽန္​​ေတာ္​္​လည္​း သူတုိ႔ကုိ ခ်စ္​တယ္​​ေလ။ သူတုိ႔က ကြၽန္​​ေတာ္​့ကုိ ​ေက်ာင္​းထားတယ္​။ ကြၽန္​​ေတာ္​က လိမ္​လိမ္​မာမာ​ေနတယ္​။ စာႀကိဳးစားခဲ့တယ္​။ မိဘ အလုပ္​ကုိ ဝုိင္​းကူလုပ္​​ေပးခဲ့တာပါပဲ။ဒီလုိနဲ႔ ၅ တန္​း တႏွစ္​ကုန္​တယ္​။ ​ေႏြရာသီ ​ေရာက္​္​တယ္​။ ​ေန႔လယ္​ဆုိ အား​ေန​ေတာ့ ၇ တန္​း ဆရာမတစ္​​ေယာက္​ဆီက ​ေရခဲ​ေခ်ာင္​း ယူ​ေရာင္​းတယ္​။ တ​ေခ်ာင္​း ​ေလးဆယ္​နဲ႔ ယူ ငါးဆယ္​နဲ႔ ျပန္​​ေရာင္​းတာပါပဲ။ ဘာရယ္​လုိ႔ မသိဘူး။ အတန္​း ထဲက ​ေကာင္​မ​ေလး​ေတြ ကြၽန္​​ေတာ္နဲ႔ ​ေရခဲပုန္​းကုိ ျမင္​​ေတာ့ ျပံဳးစိစိလုပ္​သြားၾကတယ္​။ ကြၽန္​​ေတာ္က​ေတာ့ ခက္​တည္​တည္​ပါပဲ။တ​ေန႔ ကြၽန္​​ေတာ္​က PCO ဖုန္​းဆုိင္​​ေဘးမွာ ​ေရခဲ​ေခ်ာင္​း​ေရာင္​း​ေနတာ။ အင္​ဂ်င္​နီယာ တ​ေယာက္​ ကြၽန္​​ေတာ္​့ ​ေရခဲ​ေခ်ာင္​း ကုိ ယူစားၿပီး ပုိက္​ဆံမ​ေပးဘူး။ ကြၽန္​​ေတာ္​လည္​း ဇြတ္​​ေတာင္​းတာ​ေပါ့။ သူက စ သလုိလုိ နဲ႔ ထြက္​သြားတယ္​။ ကြၽန္​​ေတာ္​က မရမက အက်ၤ ီ လိုက္​ဆြဲ​ေတာင္​း​ေတာ့မွ တြန္​းလုိက္​တယ္​​။ ၿပီး​ေတာ့မွ ဆဲ ဆုိၿပီး ပုိက္​ဆံ​ေပးသြားတာ။ ဘယ္​သူမွ ဒါကို ​ေကာင္​း​ေကာင္​းမျမင္​ပါဘူး။

 

ပညာတတ္​​ေပမဲ့ လူတစ္​​ေယာက္​ကုိ စိတ္​ဆင္​းရဲ​ေအာင္​လုပ္​မွ ​ေပ်ာ္​တဲ့သူ​ေတြ႐ွိပါ့လားလုိ႔ သင္​ခန္​းစာ ရလုိက္​တယ္​။ ည​ေန​ေရာက္​​ေတာ့ ထုံးစံအတိ​ုင္​းပါပဲ ။ ဆုိင္​မွာ စားပြဲထုိးရတာပါပဲ။အ​ေဖ့အမ်ိဳး​ေတြက ကြၽန္​​ေတာ္​့ကုိ ႏွိမ္​တယ္​ဗ်။ “အရက္​ခြက္​ ကိုင္​ၿပီး ႀကီးလာတဲ့​ေကာင္​ ႀကီးရင္​ ဘာျဖစ္​လာမွာ မုိ႔လုိ႔လဲတဲ့။ “အဲ့စကားက​ေတာ့ အသည္​းနာတယ္ဗ်။ အမ်ိဳးအရင္​းႀကီး ​ေစာ္​ကားလုိ႔။၆တန္​းက်​ေတာ့လည္​းတူတူပါပဲ။ ​ေက်ာင္​းပိတ္​ရင္​ ​ေရခဲ​ေခ်ာင္​း ​ေရာင္​း။ ညက်​ေတာ့ စားပြဲထုိး။ ၇တန္​းတက္​ေတာ့လည္​း အဂၤလိပ္​စာသင္​တဲ့ဆရာက မင္​းဘာမွ ​မတတ္​ဘူး။ အဆင္​့မ႐ွိဘူးတဲ့။ အဲ့သည္​့အခ်ိန္​က ​​ေတာ္​ေတာ္​ေလး​​ေၾကကြဲသြားတယ္ ။ ရြာက လာတဲ့​ေကာင္​ဆုိ​ေတာ့ ရြာ​ေၾကာင္​းမွာ အဂၤလိပ္​စာ ​ေကာင္​း​ေကာင္​း မသင္​​ေပးခဲ့ရဘူ။ ျမဳိ့​ေရာက္​​ေတာ့ ​ေက်ာင္းမွာ grammar မသင္​ရတဲ့အျပင္​ အႏွိမ္​ခံ​ေတာ့ ​ေၾကကြဲမိတာ​ေပါ့။

ဒါ​ေပမဲ့ မငုိ​ေတာ့ပါဘူး။ မရတာ ကုိယ္​တစ္​​ေယာက္​ထဲမွ မဟုတ္​တာ။ ​​ေဘးရြာက​ေကာင္​​ေတလည္​း ရတာမွ မဟုတ္​ဘဲ။ အားမငယ္​မိပါဘူး။ အဲ့သည္​့တုန္​းက အဆင္​့ ၅၇၊ ၅၈ အျမဲရတယ္​။ လူက​ေတာ့ ၅၈ ​ေယာက္​​ပါပဲ။ ၇တန္​း​ ေႏြရာသီ​ေရာက္​​ေတာ့ အဆင္​့တက္​သြားတယ္​။ ​ေရခဲ​ေခ်ာင္​းမ​ေရာင္​း​ေတာ့ဘူး ​ေထာ္​လာဂ်ီ စပယ္ယာလုိက္​ရတယ္။ အုတ္​၊ သဲ၊ ​ေက်ာက္​၊ ထုံး၊ ဘိလပ္​​ေျမ အကုန္​လုိက္​တင္​ဘူးတယ္​။ ည​ေန​ေရာက္​ရင္​​ေတာ့ စားပြဲထုိးပါပဲ။ ၈ တန္​းလည္​း ထုိနည္း​လည္​း​ေကာင္​း ပါပဲ။ကုိးတန္​း​ေရာက္​​ေတာ့ စားပြဲထုိးတယ္​ ​ေက်ာင္​းတက္​တယ္​။ က်ဴ ႐ွင္​မ​ေနဘူး။ brighter grammar ကိုယ့္ဘာသာ self-study လုပ္​တယ္​။ တစ္​ႏွစ္​လုံး အဂၤလိပ္​စာ ​ေကာင္​း​ေအာင္​ ​ေသခ်ာလုပ္​တယ္​။ က်ဴ႐ွင္​မ​ေန​ေတာ့ လပတ္​ ႏွစ္​ဝက္​ကအစ အဆုံးထိ ​ေမးခြန္​းမရပါဘူး။ က်န္​တဲ့​ေက်ာင္​းသား​ေတ​ေတာ့ ရၾကတယ္​။ အဲ့​ေကာင္​​ေတက ကြၽန္​​ေတာ့ကုိ အမွတ္​ျပည္​့ ရသြားမွာ​ေၾကာက္​လုိ႔ ဘယ္​​ေတာ့မွ ​ေမးခြန္​းကုိ ​ေျပာမျပခဲ့ၾကပါဘူး။ ​ေျပာမျပ​ေပးတဲ့​​ေကာင္​​ေတြကို ကြၽန္​​ေတာ္ ျပႆ နာ မ႐ွာတဲ့အျပင္​ ျပံဳ းျ​ပ​ေနက်ပါ။

ဆယ္​တန္​း​ေရာက္​​ေတာ့ ကြၽန္​​ေတာ္​ခ်စ္​တဲ့ ​ေထာ္​လာဂ်ီ​ေလးကုိ အိမ္​​က​ေရာင္​းတယ္​။ ၿပီး​ေတာ့ သူရိန္​နန္​းကုိ ပုိ႔တယ္​။ Day တက္​တာပါ။ ​ေဘာ္​ဒါလည္​း မ​ေနႏုိင္​ပါဘူး။ သူရိန္​နန္​း​ေဘးက ဘုန္​းၾကီး​ေက်ာင္​းမွာ ကပ္​​ေနရတာပါပဲ။ အ​ေဆာင္​က သူငယ္ခ်င​္း​ေတြ​ မနက္​စာ စားလုိ့မ​ေကာင္း​ေ​ျကာင္းညည္းရင္ က်ြန္​ေတ​​​​ာ္ကျပံဳးတယ္။ မနက္​​​တုိင္​း မနက္စာ​ မစားရတာကုိး။ ​ေန႔လယ္​စာ ​ေက်ာင္​းမ​ွာစားတယ္​။ ညစာ​ေတာ့ ထမင္​းနဲ႔ ဟင္​း​​ေပါင္​း​ေပါ့။ ငွက္​သုိက္​ဆုိတာ​ေတာ့ တခါမွ စိတ္​ကူးမယဥ္​မိ။အ​ေဆာင္​ကသူငယ္​ခ်င္​း​ေတ ည စာၾကာၾကာၾကည္​့ရလုိ႔ ညည္​းတဲ့အခါ ကြၽန္​​ေတာ္​ ျပံဳးတယ္​။ ကြၽန္​​ေတာ္​က မီးပ်က္​ရင္​ စာၾကည္​့မီး​အိမ္​က​ေလးက​ ေသး​ေတာ့​ေကာင္​း​ေကာင္​းမျမင္​ရဘူး။ အဲ့အခ်ိန္​ သူရိန္​နန္​းလမ္​းၾကားက ဇရပ္​နားမွာ ထုိင္​က်က္​​ေနက်။ security ဦး​ေလးႀကီးမ်ားကုိ ​ေကာင္​း​ေကာင္​းမွတ္​မိ္​တယ္​။

ဆယ္​တန္​း ​ေအာင္​​ေတာ့ 4D။ အ​ေမနဲ႔​အ​ေဖ အရက္​ဆိုင္​ပိတ္​ၿပီ။ အ​ေၾကာင္းက သူ႔သားကို ​ေဆး​​ေက်ာင္​းတက္​​ေစခ်င္​လုိ႔။ အထင္​​ေတာ့မႀကီးပါနဲ႔ ​ေဆး​ေက်ာင္​းကို ​ေနာက္​ဆုံးအမွတ္​နဲ႔ မီတာပါ။ ကြၽန္​​ေတာ္​က ျပတ္​တယ္​၊ ​ေဆးလိုင္​း စိတ္​မဝင္​စားဘူး။ environmental science စိတ္​ဝင္​စားတာ။ ​ေဖာင္​ျဖည္​့ရက္​နီး​ေတာ့ မိန္​းထဲကုိ အဂၤလိပ္​စာထူးခြၽန္​ ​ေလ်ွာက္​တယ္​။ ၿပီးမွ es ဘက္​ ကူးမယ္​​ေပါ့။ ​ခြင္​့ျပဳတဲ့ အ​ေဖနဲ႔အ​ေမ ​ေက်းဇူးႀကီးပါတယ္​။Eng ထူးခြၽန္​တက္​ပါတယ္​။ ပထမႏွစ္​ ​ေဝ​ေလ​ေလ ပါပဲ။ ဒုတ္ိယႏွစ္​ ဒုတိယ semester မွာ zool ဌာနက Dr.​ေဒၚမီမီ​ေက်ာ္​နဲ႔ ​ေတြ႔ၿပီးတဲ့ ​ေနာက္ ​လမ္​းစ​ေတြ႔​တယ္​။ environmental science အ​ေၾကာင္​း ​သင္ယူ​တယ္​။ ၿပီး​ေတာ့ ႏုိင္​ငံျခား scholarship ​ေလ်ွာက္​ဖုိ႔ တုိက္​တြန္​းတယ္​။အဲ့ sem မွာပဲ စာ​ေသခ်ာလုပ္​တယ္​။ indo ကုိ ဒီႏုိင္​ငံက Asean Universities Network ထဲပါတဲ့ MU က ​ေက်ာင္​းသား ႏွစ္​ေယာက္​လႊတ္​​ေပးတယ္​။ ကံက​ေကာင္​း​ေတာ့ ႏူတ္​​ေျဖစာ​ေမးပြဲ​ေအာင္​သြားတယ္​ ( လုံးဝ ကံ​ေကာင္​းတာပါ ) ရန္​ကုန္​ကုိ​ေတာင္​ တခါမွ မ​ေရာက္​ဖူးတဲ့ ​ေကာင္​ ဘန္​​ေကာက္​​ေတာင္​ transit နဲ႔ ​ေရာက္​ဖူးသြားတယ္​။ indo မွာ အ​ေတြ႔အၾကံဴ အမ်ားျကီး ရခဲ့တယ္​။

တတိယႏွစ္​ ပထမ semester ​ေရာက္​​ေတာ့ ၂၀၁၈ ႏွစ္​လပုိင္​းက International Conference on Burma/ Myanmar Studies – 2 ( ICBMS 2 ) မွာ penal discussion မွာ panel member တ​ေယာက္​အ​ေနနဲ႔ CSR policy က႑ကုိ ​ေဆြး​ေႏြးခြင္​့ရခဲ့တယ္​။ ၿပီး​ေတာ့ မဲ​ေခါင္​ျမစ္​နဲ႔ ပတ္​သက္​ၿပီး​ေတာ့ ​ေလ့လာတဲ့ သ ု​ေတသနအဖြဲ႔ထဲမွာ ပါဝင္​ခြင္​့ရၿပီ။ဒါက​ေတာ့ ကြၽန္​​ေတာ္​့အိပ္​မက္​ပါ။ ငယ္​ငယ္​ကတည္​းက environmental ကုိ ဝါသနာပါတဲ့​ေကာင္​ အိပ္​မက္​​ေတြ ျဖစ္​လာခဲ့ၿပီ။ ဒီႏွစ္​ ၃လပုိင္​း ၁၇ ကစလုိ႔ ကြၽန္​​ေတာ့ ဇာတိ ျမစ္​ငယ္​က က​ေလး​ေတကုိ အဂၤလိပ္​စာ four skills သင္​တန္​း အခမဲ့ ဖြင္​့​ေပးႏုိင္​ခဲ့တယ္​။ IPA ​ေတာင္​ သင္​​ေပးခဲ့​ေသးတယ္​။ က​ေလး​ေတ​ေပ်ာ္​တယ္​။ ကြၽန္​​ေတာ္​လည္​း ​ေပ်ာ္​တယ္​။ အခု​ေတာ့ စြယ္​​ေတာ္​က ဆည္​​ေျမာင္​း႐ုံးထဲမွာ အဲ့နားက က​ေလး ​ေတြ မယ္​သီလ႐ွင္​​ေတြကုိ အခမဲ့ သင္​တန္​းတစ္​ခု ထပ္​​ေပး​ေနတယ္​။ ​ေျမျဖဴကု္ိ အားရပါးရ ကုိင္​ရင္​း။ ​ေပ်ာ္​​ေပ်ာ္​ႀကီး စာသင္​​ေနပါတယ္​။

ကြၽန္​​ေတာ္​့ကုိ ငယ္​ငယ္​က “အရက္​ခြက္​ ကိုင္​ၿပီး ႀကီးလာတဲ့​ေကာင္​ ႀကီးရင္​ ဘာျဖစ္​လာမွာ မုိ႔လုိ႔လဲ ” ဆုိတဲ့ အမ်ိဳး​ေတ သူတ႔ုိသားသမီးကုိ ​ေျမျဖဴ ကုိင္​ၿပီး စာသင္​​ေပးဖိ့ု လာ​ေျပာ​ေနၾကတယ္​။ ကြၽန္​​ေတာ္​့တပည္​့​ေတြ ကြၽန္​​ေတာ္​့ကု္ိ ကန္​​ေတာ့တာ ဟုိဦးဇင္​းျမင္​​ေတာ့ အံျသ​ေန​ေလရဲ႕။ ယဥ္​​ေက်းလိမၼာသင္​တန္​းမွာ ကြၽန္​​ေတာ္​့ကုိ ခြဲျခားဆက္​ဆံခဲ့တဲ့ ဆရာမ​ေတလည္​း အခု​ေတာ့ အံျသ​ေန​ေလရဲ႕။ ကုိးတန္​းတုန္​းက ​ေမးခြန္​း​ေတြ ​ေမးမိလုိ႔ မသိဘူး​ေျပာတဲ့ သူငယ္​ခ်င္​း​ေတြ ဘက​ ေက်ာင္​းမွာ ပညာဒါန လုပ္​​ေနတဲ့ ကြၽန္​​ေတာ္​့ဆီ ၁၀တန္းစာ​ေ​တြ လာလာ​ေမး​ေန​ေလရဲ႕။ grammar သင္​မ​ေပးဘဲ ႏွိမ္​ခဲ့တဲ့ ဆရာႀကီး ​ေျမးကုိ က်ြန္​​ေတာ္ ​Phonetics ​ေကာင္​း​ေကာင္​း သင္​​ေပးခဲ့တယ္​။ အရက္​ခြက္​ကုိင္ ​ႀကီးလာတဲ့ ကြၽန္​​ေတာ္​​ေတာင္​ အခု ကြၽန္​​ေတာ္​့​ေဒသအတြက္​ အက်ိဳး႐ွိတဲ့ ​ေျမျဖဴ ကိုင္တဲ့ လက္​ ျဖစ္​လာခဲ့ၿပီ။ ​ကုိယ္​့ကုိယ္​ကုိ ​ေတြးရင္​း ဝမ္​းသာမိပါတယ္​။

မကူညီခဲ့တဲ့ လူအားလုံးကုိ အခု​ေက်းဇူးတင္​ပါတယ္​။ ခင္​ဗ်ားတုိ႔ မကူညီခဲ့လု့ိ အခု သူတစ္​ပါးကို ​ေကာင္​း​ေကာင္​း ကူညီ တတ္​တဲ့လူျဖစ္​လာပါၿပီ။ ဘြဲ႔ရၿပီးရင္​လည္​း ​ေက်ာင္​းဆရာပဲ လုပ္​မယ္​။ က​ေလး​ေတြရဲ႕ အိပ္​မက္​​ေတကုိ ပံ့ပိုး ​ေပးမယ္​ because ” Every child is special.”ကြၽန္​​ေတာ္​ တုိက္တြန္​းခ်င္​တာက က​ေလးသူငယ္​ေတြ လိင္​အၾကမ္​းဖက္ခံရတာ၊ လမ္​း​ေဘး​ေရာက္​​ေနတာ​ေတြကုိ အျမန္​ဆုံး ထိန္​းသိမ္​းဖုိ႔လုိလာပါၿပီ။ လုံျခံဳစိတ္​ခ်ရတဲ့ စာသင္​ခန္​းထဲ ပုိ႔ဖုိ႔ လုိလာပါၿပီ။ အခု လမ္​း​ေဘးမွာ ပလပ္​စတစ္​​ေကာက္​​ေနတဲ့ က​ေလး​ေတြ ​ေနာင္​တခ်ိန္​မွာ ပတ္​ဝန္​းက်င္​ထိန္​းသိမ္​း​ေရးပညာ႐ွင္​​ေတြ ျဖစ္​လာႏိုင္ပါတယ္။ က​ေလးတုိင္​းကို မွန္​မွန္​ကန္​ကန္​ျပဳစုၿပိဳး​ေထာင္​ႏိုင္​ရင္​ အနာဂတ္​က လွပ ​ေနပါၿပီ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အရက်ဆိုင် မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ငယ်ဘဝ အိပ်မက်ကို တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာလူငယ်တဦး

ကျွန်တော်ငယ်ငယ်က အိမ်က အတော်ဆင်းရဲတယ်။ ကျွန်တော် ၄ တန်းအောင်တော့ အိမ်က စားသောက်ဆိုင်ကလေး စ ဖွင့်တယ်။ နယ်ဘက်ဖြစ်လို့ အစားအသောက်ထက် အရက် ဘီယာ ပိုရောင်းရတယ်။ အဲ့တုန်းက ကျူ ရှင်မနေဘူး။ ဆိုင်မှာပဲ စားပွဲထိုးရတယ်။ညနေ ၅ နာရီဆို ဆိုင်ထဲ လူ စ စည်ပြီ။ ရွာက အရက်သမားတွေ စ စုနေလောက်ပြီလို့ ပြောလို့ရတယ်။ ဆိုင်ထဲ တဖွဲဖွဲ ဝင်လိုက် ထွက်လိုက်ပါပဲ။ ဂရမ်း၊ rc၊ မန်းလေးရမ်၊ ဟိုက်ကလက်၊ မြန်မာ၊ မန်းလေး၊ ဘီယာချမ်း၊ မေမြို့ဝိုင်၊ မန်ကျည်း၊ ကော်ဝီ အစုံပဲ ( မှတ်မိသလောက် )။ ဆိုင်မှာ စားပွဲထိုးရင်း ကျောင်းတက်ရင်းပါပဲ။နွေရာသီ ရောက်တော့ ရွာမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တယ်။ အမေကပို့တော့ တက်ဖြစ်တယ်။ အဲ့မှာပဲ ကျွန်တော် စ ခွဲခြားဆက်ဆံခံရတာပါပဲ။ ကျွန်တော်တို့ကို စာသင်ပေးတဲ့ ဦးဇင်းက ” မိစ္ဆာဇီဝ အသက်မွေးမှု လုပ်ငန်း ၅ မျိုး ” အကြောင်း စ သင်တယ်။ အဲ့မှာ အချက် ၅ ချက် ရှိတယ်။

ဒါပေမဲ့ အရက်ရောင်းတာ မကောင်းဆိုးဝါး လုပ်ငန်းဖြစ်ကြောင်းကို တသီချင်း ကျွန်တော့်ကို တည့်တည့်ကြီး ကြည့်ပြီးပြောတော့တာပါပဲ။ ကျွန်တော်မှတ်မိတယ်။ အဲ့ဦးဇင်းက စသင်ကတည်းက ကျွန်တော့်ကို စိုက်ကြည့်နေတာ။ အတန်းထဲက ကျောင်းသား၊ကျောင်းသူ ကိုရင် သီလရှင် အကုန် ကျွန်တော့်ကို ရွှံ့ရှာတဲ့ အကြည့်နဲ့ ဝိုင်းကြည့့်ကြတော့တာပဲ။ကျွန်တော် အရမ်းရှက်မိတယ်။ လူတေ ကျွန်တော့်ကို သတိမထားမိတဲ့ အချိန် ကျွန်တော် မျက်ရည်ကျတော့တာပါပဲ။ အဲ့သည့်နေ့က ကျွန်တော့်ကို ဘယ်သူမှ စကား မပြောတော့။ ကျွန်တော်လည်း တစ်ယောက်တည်း ကြိတ်ငိုခဲ့တယ်။ ညနေရောက်တော့ အရက်သမားတေနဲ့ စကားပြောရင်း ရယ်မိတာပါပဲ။နောက်နေ့ ယဉ်ကျေးလိမ္မာသင်တန်း ရောက်တော့ ကျွန်တော့်ကို ဆရာမတစ်ချို့ ခွဲခြားဆက်ဆံတာပါပဲ။ ကွယ်ရာမှာ ကျွန်တော့်ကို ခေါ်တဲ့နာမည်က “အရက်ဆိုင်က ကောင်” တဲ့။ ဆရာမတေ ဘာကြောင့် ကျွန့်တော့်ကို ခွဲခြားဆက်ဆံမှန်း ကျွန်တော် နားမလည်ဘူး။

ကျွန်တော်က ဘာတေများ အမှားလုပ်မိလို့လဲ။ ဘုမသိ ဘမသိ ကိုယ်နဲ့ တခါမှ မသိတဲ့ လူနှစ်ယောက်မွေးလို့ လူလာ ဖြစ်တယ်။ သူတို့ကို အဖေ အမေလို့ ကျွန်တော်ခေါ်တယ်။ သူတို့က ကျွန်တော့်ကို ချစ်သလို ကျွန်တော်လည်း သူတို့ကို ချစ်တယ်လေ။ သူတို့က ကျွန်တော့်ကို ကျောင်းထားတယ်။ ကျွန်တော်က လိမ်လိမ်မာမာနေတယ်။ စာကြိုးစားခဲ့တယ်။ မိဘ အလုပ်ကို ဝိုင်းကူလုပ်ပေးခဲ့တာပါပဲ။ဒီလိုနဲ့ ၅ တန်း တနှစ်ကုန်တယ်။ နွေရာသီ ရောက်တယ်။ နေ့လယ်ဆို အားနေတော့ ၇ တန်း ဆရာမတစ်ယောက်ဆီက ရေခဲချောင်း ယူရောင်းတယ်။ တချောင်း လေးဆယ်နဲ့ ယူ ငါးဆယ်နဲ့ ပြန်ရောင်းတာပါပဲ။ ဘာရယ်လို့ မသိဘူး။ အတန်း ထဲက ကောင်မလေးတွေ ကျွန်တော်နဲ့ ရေခဲပုန်းကို မြင်တော့ ပြုံးစိစိလုပ်သွားကြတယ်။ ကျွန်တော်ကတော့ ခက်တည်တည်ပါပဲ။တနေ့ ကျွန်တော်က PCO ဖုန်းဆိုင်ဘေးမှာ ရေခဲချောင်းရောင်းနေတာ။ အင်ဂျင်နီယာ တယောက် ကျွန်တော့် ရေခဲချောင်း ကို ယူစားပြီး ပိုက်ဆံမပေးဘူး။ ကျွန်တော်လည်း ဇွတ်တောင်းတာပေါ့။ သူက စ သလိုလို နဲ့ ထွက်သွားတယ်။ ကျွန်တော်က မရမက အင်္ကျ ီ လိုက်ဆွဲတောင်းတော့မှ တွန်းလိုက်တယ်။ ပြီးတော့မှ ဆဲ ဆိုပြီး ပိုက်ဆံပေးသွားတာ။ ဘယ်သူမှ ဒါကို ကောင်းကောင်းမမြင်ပါဘူး။

ပညာတတ်ပေမဲ့ လူတစ်ယောက်ကို စိတ်ဆင်းရဲအောင်လုပ်မှ ပျော်တဲ့သူတွေရှိပါ့လားလို့ သင်ခန်းစာ ရလိုက်တယ်။ ညနေရောက်တော့ ထုံးစံအတိုင်းပါပဲ ။ ဆိုင်မှာ စားပွဲထိုးရတာပါပဲ။အဖေ့အမျိုးတွေက ကျွန်တော့်ကို နှိမ်တယ်ဗျ။ “အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲတဲ့။ “အဲ့စကားကတော့ အသည်းနာတယ်ဗျ။ အမျိုးအရင်းကြီး စော်ကားလို့။၆တန်းကျတော့လည်းတူတူပါပဲ။ ကျောင်းပိတ်ရင် ရေခဲချောင်း ရောင်း။ ညကျတော့ စားပွဲထိုး။ ၇တန်းတက်တော့လည်း အင်္ဂလိပ်စာသင်တဲ့ဆရာက မင်းဘာမှ မတတ်ဘူး။ အဆင့်မရှိဘူးတဲ့။ အဲ့သည့်အချိန်က တော်တော်လေးကြေကွဲသွားတယ် ။ ရွာက လာတဲ့ကောင်ဆိုတော့ ရွာကြောင်းမှာ အင်္ဂလိပ်စာ ကောင်းကောင်း မသင်ပေးခဲ့ရဘူ။ မြို့ရောက်တော့ ကျောင်းမှာ grammar မသင်ရတဲ့အပြင် အနှိမ်ခံတော့ ကြေကွဲမိတာပေါ့။

ဒါပေမဲ့ မငိုတော့ပါဘူး။ မရတာ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ ဘေးရွာကကောင်တေလည်း ရတာမှ မဟုတ်ဘဲ။ အားမငယ်မိပါဘူး။ အဲ့သည့်တုန်းက အဆင့် ၅၇၊ ၅၈ အမြဲရတယ်။ လူကတော့ ၅၈ ယောက်ပါပဲ။ ၇တန်း နွေရာသီရောက်တော့ အဆင့်တက်သွားတယ်။ ရေခဲချောင်းမရောင်းတော့ဘူး ထော်လာဂျီ စပယ်ယာလိုက်ရတယ်။ အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ ဘိလပ်မြေ အကုန်လိုက်တင်ဘူးတယ်။ ညနေရောက်ရင်တော့ စားပွဲထိုးပါပဲ။ ၈ တန်းလည်း ထိုနည်းလည်းကောင်း ပါပဲ။ကိုးတန်းရောက်တော့ စားပွဲထိုးတယ် ကျောင်းတက်တယ်။ ကျူ ရှင်မနေဘူး။ brighter grammar ကိုယ့်ဘာသာ self-study လုပ်တယ်။ တစ်နှစ်လုံး အင်္ဂလိပ်စာ ကောင်းအောင် သေချာလုပ်တယ်။ ကျူရှင်မနေတော့ လပတ် နှစ်ဝက်ကအစ အဆုံးထိ မေးခွန်းမရပါဘူး။ ကျန်တဲ့ကျောင်းသားတေတော့ ရကြတယ်။ အဲ့ကောင်တေက ကျွန်တော့ကို အမှတ်ပြည့် ရသွားမှာကြောက်လို့ ဘယ်တော့မှ မေးခွန်းကို ပြောမပြခဲ့ကြပါဘူး။ ပြောမပြပေးတဲ့ကောင်တွေကို ကျွန်တော် ပြဿ နာ မရှာတဲ့အပြင် ပြုံ းပြနေကျပါ။

ဆယ်တန်းရောက်တော့ ကျွန်တော်ချစ်တဲ့ ထော်လာဂျီလေးကို အိမ်ကရောင်းတယ်။ ပြီးတော့ သူရိန်နန်းကို ပို့တယ်။ Day တက်တာပါ။ ဘော်ဒါလည်း မနေနိုင်ပါဘူး။ သူရိန်နန်းဘေးက ဘုန်းကြီးကျောင်းမှာ ကပ်နေရတာပါပဲ။ အဆောင်က သူငယ်ချင်းတွေ မနက်စာ စားလို့မကောင်းကြောင်းညည်းရင် ကျွန်တော်ကပြုံးတယ်။ မနက်တိုင်း မနက်စာ မစားရတာကိုး။ နေ့လယ်စာ ကျောင်းမှာစားတယ်။ ညစာတော့ ထမင်းနဲ့ ဟင်းပေါင်းပေါ့။ ငှက်သိုက်ဆိုတာတော့ တခါမှ စိတ်ကူးမယဉ်မိ။အဆောင်ကသူငယ်ချင်းတေ ည စာကြာကြာကြည့်ရလို့ ညည်းတဲ့အခါ ကျွန်တော် ပြုံးတယ်။ ကျွန်တော်က မီးပျက်ရင် စာကြည့်မီးအိမ်ကလေးက သေးတော့ကောင်းကောင်းမမြင်ရဘူး။ အဲ့အချိန် သူရိန်နန်းလမ်းကြားက ဇရပ်နားမှာ ထိုင်ကျက်နေကျ။ security ဦးလေးကြီးများကို ကောင်းကောင်းမှတ်မိတယ်။

ဆယ်တန်း အောင်တော့ 4D။ အမေနဲ့အဖေ အရက်ဆိုင်ပိတ်ပြီ။ အကြောင်းက သူ့သားကို ဆေးကျောင်းတက်စေချင်လို့။ အထင်တော့မကြီးပါနဲ့ ဆေးကျောင်းကို နောက်ဆုံးအမှတ်နဲ့ မီတာပါ။ ကျွန်တော်က ပြတ်တယ်၊ ဆေးလိုင်း စိတ်မဝင်စားဘူး။ environmental science စိတ်ဝင်စားတာ။ ဖောင်ဖြည့်ရက်နီးတော့ မိန်းထဲကို အင်္ဂလိပ်စာထူးချွန် လျှောက်တယ်။ ပြီးမှ es ဘက် ကူးမယ်ပေါ့။ ခွင့်ပြုတဲ့ အဖေနဲ့အမေ ကျေးဇူးကြီးပါတယ်။Eng ထူးချွန်တက်ပါတယ်။ ပထမနှစ် ဝေလေလေ ပါပဲ။ ဒုတိယနှစ် ဒုတိယ semester မှာ zool ဌာနက Dr.ဒေါ်မီမီကျော်နဲ့ တွေ့ပြီးတဲ့ နောက် လမ်းစတွေ့တယ်။ environmental science အကြောင်း သင်ယူတယ်။ ပြီးတော့ နိုင်ငံခြား scholarship လျှောက်ဖို့ တိုက်တွန်းတယ်။အဲ့ sem မှာပဲ စာသေချာလုပ်တယ်။ indo ကို ဒီနိုင်ငံက Asean Universities Network ထဲပါတဲ့ MU က ကျောင်းသား နှစ်ယောက်လွှတ်ပေးတယ်။ ကံကကောင်းတော့ နူတ်ဖြေစာမေးပွဲအောင်သွားတယ် ( လုံးဝ ကံကောင်းတာပါ ) ရန်ကုန်ကိုတောင် တခါမှ မရောက်ဖူးတဲ့ ကောင် ဘန်ကောက်တောင် transit နဲ့ ရောက်ဖူးသွားတယ်။ indo မှာ အတွေ့အကြူံ အများကြီး ရခဲ့တယ်။

တတိယနှစ် ပထမ semester ရောက်တော့ ၂၀၁၈ နှစ်လပိုင်းက International Conference on Burma/ Myanmar Studies – 2 ( ICBMS 2 ) မှာ penal discussion မှာ panel member တယောက်အနေနဲ့ CSR policy ကဏ္ဍကို ဆွေးနွေးခွင့်ရခဲ့တယ်။ ပြီးတော့ မဲခေါင်မြစ်နဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ သ ုတေသနအဖွဲ့ထဲမှာ ပါဝင်ခွင့်ရပြီ။ဒါကတော့ ကျွန်တော့်အိပ်မက်ပါ။ ငယ်ငယ်ကတည်းက environmental ကို ဝါသနာပါတဲ့ကောင် အိပ်မက်တွေ ဖြစ်လာခဲ့ပြီ။ ဒီနှစ် ၃လပိုင်း ၁၇ ကစလို့ ကျွန်တော့ ဇာတိ မြစ်ငယ်က ကလေးတေကို အင်္ဂလိပ်စာ four skills သင်တန်း အခမဲ့ ဖွင့်ပေးနိုင်ခဲ့တယ်။ IPA တောင် သင်ပေးခဲ့သေးတယ်။ ကလေးတေပျော်တယ်။ ကျွန်တော်လည်း ပျော်တယ်။ အခုတော့ စွယ်တော်က ဆည်မြောင်းရုံးထဲမှာ အဲ့နားက ကလေး တွေ မယ်သီလရှင်တွေကို အခမဲ့ သင်တန်းတစ်ခု ထပ်ပေးနေတယ်။ မြေဖြူကို အားရပါးရ ကိုင်ရင်း။ ပျော်ပျော်ကြီး စာသင်နေပါတယ်။

ကျွန်တော့်ကို ငယ်ငယ်က “အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲ ” ဆိုတဲ့ အမျိုးတေ သူတ့ိုသားသမီးကို မြေဖြူ ကိုင်ပြီး စာသင်ပေးဖိ့ု လာပြောနေကြတယ်။ ကျွန်တော့်တပည့်တွေ ကျွန်တော့်ကို ကန်တော့တာ ဟိုဦးဇင်းမြင်တော့ အံသြနေလေရဲ့။ ယဉ်ကျေးလိမ္မာသင်တန်းမှာ ကျွန်တော့်ကို ခွဲခြားဆက်ဆံခဲ့တဲ့ ဆရာမတေလည်း အခုတော့ အံသြနေလေရဲ့။ ကိုးတန်းတုန်းက မေးခွန်းတွေ မေးမိလို့ မသိဘူးပြောတဲ့ သူငယ်ချင်းတွေ ဘက ကျောင်းမှာ ပညာဒါန လုပ်နေတဲ့ ကျွန်တော့်ဆီ ၁၀တန်းစာတွေ လာလာမေးနေလေရဲ့။ grammar သင်မပေးဘဲ နှိမ်ခဲ့တဲ့ ဆရာကြီး မြေးကို ကျွန်တော် Phonetics ကောင်းကောင်း သင်ပေးခဲ့တယ်။ အရက်ခွက်ကိုင် ကြီးလာတဲ့ ကျွန်တော်တောင် အခု ကျွန်တော့်ဒေသအတွက် အကျိုးရှိတဲ့ မြေဖြူ ကိုင်တဲ့ လက် ဖြစ်လာခဲ့ပြီ။ ကိုယ့်ကိုယ်ကို တွေးရင်း ဝမ်းသာမိပါတယ်။

မကူညီခဲ့တဲ့ လူအားလုံးကို အခုကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ မကူညီခဲ့လု့ိ အခု သူတစ်ပါးကို ကောင်းကောင်း ကူညီ တတ်တဲ့လူဖြစ်လာပါပြီ။ ဘွဲ့ရပြီးရင်လည်း ကျောင်းဆရာပဲ လုပ်မယ်။ ကလေးတွေရဲ့ အိပ်မက်တေကို ပံ့ပိုး ပေးမယ် because ” Every child is special.”ကျွန်တော် တိုက်တွန်းချင်တာက ကလေးသူငယ်တွေ လိင်အကြမ်းဖက်ခံရတာ၊ လမ်းဘေးရောက်နေတာတွေကို အမြန်ဆုံး ထိန်းသိမ်းဖို့လိုလာပါပြီ။ လုံခြုံစိတ်ချရတဲ့ စာသင်ခန်းထဲ ပို့ဖို့ လိုလာပါပြီ။ အခု လမ်းဘေးမှာ ပလပ်စတစ်ကောက်နေတဲ့ ကလေးတွေ နောင်တချိန်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးတိုင်းကို မှန်မှန်ကန်ကန်ပြုစုပြိုးထောင်နိုင်ရင် အနာဂတ်က လှပ နေပါပြီ။

share from : burmese.asia

LEAVE A REPLY