Zawgyi ျဖင့္ဖတ္ရန္

တစ္ဦးခ်င္း ဝင္ေငြ ကို အေျခခံၿပီး လွ်ပ္စစ္မီတာခ ႏႈန္းထားကို ေျပာင္းလဲေကာက္ခံသြားဖို႔ျပင္ဆင္ ထားေပမယ့္ အခ်ိန္တစ္ခုကို ေစာင့္ဆိုင္းေနတယ္လို႔ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က ေျပာၾကားလိုက္ပါတယ္။ ေနျပည္ေတာ္က လွ်ပ္စစ္ႏွင့္စြမ္း အင္ဝန္ႀကီးဌာနမွာ ဇြန္လ ၁၃ ရက္ေန႔က ျပဳလုပ္တဲ့ ဝန္ႀကီးဌာနရဲ႕ လစဥ္ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ မီတာခႏႈန္းထားေျပာင္းလဲသတ္မွတ္မယ့္ အစီအစဥ္နဲ႔ပတ္သက္ၿပီး သတင္းေထာက္တစ္ဦးက ေမးျမန္းရာမွာ အခုလိုေျဖခဲ့တာပါ။

အေျခခံက်တဲ့လူတန္းစားကိုအေျခခံက်တဲ့အေလ်ာက္၊ လူလတ္တန္းစားကို လူလတ္တန္းစားအေလ်ာက္၊ အထက္တန္းစားကို အထက္တန္းစားအေလ်ာက္၊ သူ႔ရဲ႕ေပးႏိုင္တဲ့စြမ္းအား၊ တဦးခ်င္းရဲ႕ဝင္ေငြ၊ ဒါေတြကို အေျခခံၿပီး က်ေနာ္တို႔ ေျပာင္းလဲႏိုင္ေအာင္လုပ္ေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္ဓာတ္အားမလုံေလာက္တဲ့ ျပႆနာဟာ က်န္းမာေရး၊ ပညာေရး၊ လူမႈေရးေတြအထိ ဂယက္႐ိုက္ေနတဲ့ ျပႆနာႀကီးတခုျဖစ္ပါတယ္။ လွ်ပ္စစ္မီးမလာလို႔ ေရမတင္ႏိုင္၊ အလြန္ပူျပင္းတဲ့အခ်ိန္မွာ ေလေအးစက္မဖြင့္ႏိုင္လို႔ က်န္းမာေရးထိခိုက္ရတာေတြ၊ မီးအားအတက္အက်ျဖစ္၊ ဖ်တ္ကနဲပ်က္၊ ႐ုတ္တရက္ ျပန္လာလို႔ လွ်ပ္စစ္နဲ႔ဆိုင္တဲ့ပစၥည္းေတြ ထိခိုက္ေပါက္ကြဲတာေတြ၊ လွ်ပ္စစ္မီးမလာလို႔ ေက်ာင္းသားေတြ စာက်က္ဖို႔ အေႏွာက္အယွက္ျဖစ္ရတာမ်ိဳးေတြဟာ လူတန္းစားေပါင္းစုံၾကားက ေန႔စဥ္မ႐ိုးႏိုင္တဲ့ ဇာတ္လမ္းေတြပါ။

အခုလို လွ်ပ္စစ္မီးျပႆနာေတြ စုံလင္ေနခ်ိန္မွာ မီတာခႏႈန္းထားေျပာင္းလဲေကာက္ခံမယ္ဆိုတဲ့ လွ်ပ္စစ္ဝန္ႀကီး ဌာနအာဏာပိုင္တစ္ေယာက္ရဲ႕စကားဟာ လူထုကို ဇေဝဇဝါျဖစ္သြားေစခဲ့ပါတယ္။ ကန္ေတာ္ေလးမွာ ေနထိုင္တဲ့ မဝါဝါၾကည္ ကေတာ့ အခုလိုပဲေျပာပါတယ္။ တဦးခ်င္းဝင္ေငြဆိုတာ အိမ္တအိမ္မွာ လူ ငါးေယာက္ရွိတယ္ပဲထားဦး၊ ငါးေယာက္လုံးက အလုပ္ရွိတဲ့သူေတြမွ မဟုတ္တာေလ။ မွီခိုေတြက ရွိေသးတယ္ေလ။ သူေျပာတဲ့ တဦးခ်င္းဝင္ေငြဆိုတာ ဘယ္လိုတဦးခ်င္းဝင္ေငြလဲ၊ ဘယ္ေပၚမွာအေျခခံလဲေတာ့ မသိဘူး။ အဲဒီလိုဇေဝဇဝါစကားေတြေၾကာင့္ ေဒါပုံၿမိဳ႕နယ္က ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ဦးေအာင္မ်ိဳးထြန္းကို ဆက္သြယ္ေမးျမန္းၾကည့္ပါတယ္။ သူက ခုလိုရွင္းျပပါတယ္။

“အမွန္တကယ္က မီးသုံးသူေတြရဲ႕အေျခအေနကို မူတည္ၿပီးေတာ့မွ ေကာက္ခံမွာ။ ဥပမာေပါ့။ ဆင္းရဲတဲ့သူေတြက မီးေခ်ာင္းေလးတေခ်ာင္းသုံးမယ္။ မီးလုံးေလးတလုံးသုံးမယ္။ မီးဖိုကြိဳင္ေလးတခု၊ ထမင္းအိုးေလးတလုံး သုံးမယ္။ သူသည္ တလကို ယူနစ္ ၁ဝဝ၊ ၁၅ဝ ထက္မပိုဘူး။ ယူနစ္အေပၚမွာ အေျခခံမယ္။ အဲဒါဆိုရင္ သူသည္ အေျခခံလူတန္းစားျဖစ္တယ္။ သူ႔ကိုမနစ္နာတဲ့ေဈးႏႈန္းဆိုတာ လက္ရွိေကာက္ထားတဲ့ေဈႏႈန္း ၃၅ က်ပ္ႏႈန္းထက္ မ်ားခ်င္လည္းမ်ားမယ္။ နည္းခ်င္လည္းနည္းမယ္။ အဲေလာက္ေလးနဲ႔ပဲေကာက္မယ္။ အလယ္လတ္တန္းစား အဆင့္က်ေတာ့ Aircon သုံးႏိုင္လာလိမ့္မယ္။ မီးဖိုသုံးမယ္၊ မီးပူတိုက္မယ္။ ထမင္း ဟင္းခ်က္မယ္။ ေနာက္ဆုံး လူတန္းစားကေတာ့ သူေဌးေပါ့။ သူတို႔ေတြက်ေတာ့ Aircon ကို အခန္းအပူခ်ိန္မက်ေအာင္ ေတာက္ေလွ်ာက္ ထားမယ္။ ေနပူပူ၊ မိုး႐ြာ႐ြာ Aircon သည္ ေတာက္ေလွ်ာက္သြားေနမယ္။ မီးေတြသည္လည္း အခန္းျပည့္လင္းေနေအာင္ထြန္းမယ္။ ေနာက္ၿပီးေတာ့ စက္မႈလုပ္ငန္းသုံးေပါ့။ အေျခခံက ဒါပဲ။ တဦးခ်င္းဝင္ေငြဆိုတာက မီးသုံးသူရဲ႕ယူနစ္ေပၚမွာ မူတည္ၿပီး ေကာက္ခံမွာကိုေျပာတာ။ က်ေနာ္နားလည္တာေတာ့ အဲဒီလိုပဲ။”

အဲဒီလို သုံးစြဲမႈယူနစ္အေပၚအေျခခံမယ္ဆိုရင္ အဲဒီစနစ္ဘယ္ေတာ့စမွာပါလဲ။ မီးမွန္မွန္ေပးႏိုင္ရင္ ေကာက္ႏိုင္မယ္။ ေရကအဓိက၊ ေရက အထက္ပိုင္းမွာ မိုးမ႐ြာေသးဘူး။ မိုးဇလရဲ႕ ခန႔္မွန္းခ်က္အရ အထက္ပိုင္းမွာ ဇူလိုင္လလယ္ေလာက္မွာ႐ြာမယ္။ ဇူလိုင္လလယ္ေလာက္႐ြာရင္ ဆည္ေရေတြ ျပည့္ၿပီေပါ့။ အဲဒါဆိုရင္ ဇူလိုင္လကုန္ေလာက္ဆို မီးအမွန္ျပန္ေပးလို႔ရၿပီေပါ့။ တကယ္ပဲ အဲဒီစနစ္အလုပ္ျဖစ္မယ္။ လက္ေတြ႕က်မယ္လို႔ ျပည္သူက ယုံၾကည္ပါသလား။

မီတာခ ဘယ္လိုတိုးေကာက္ရမလဲဆိုတာက သူတို႔ဘက္ကစဥ္းစားတဲ့အပိုင္းေပါ့။ ဒါေပမယ့္ ျပည္သူ႔ဘက္က ေျပာရမယ္ဆိုရင္ေတာ့ သူတို႔ကေရာ မီးကို ဘယ္လိုအခ်ိန္မွန္ေအာင္ေပးႏိုင္မလဲဆိုတာအေပၚမွာ မူတည္တယ္။ ပထမေတာ့ ေႏြရာသီမို႔လို႔။ ေႏြရာသီဆိုရင္ မီးပ်က္တာ ဒါ..ထုံးစံေပါ့။ ျပည္သူေတြစိတ္ထဲမွာ ဒီလိုေတြးထား တယ္။ ေႏြရာသီမွာ အရမ္းမီးေတြပ်က္တယ္။ ခနခန ပ်က္လိုက္။ လာလိုက္။ ပ်က္လိုက္ လာလိုက္။ တခါတေလ က်ရင္ အိမ္က စက္ပစၥည္းေတြေတာင္မွ စိုးရိမ္ရတဲ့အေျခအေနမွာရွိတယ္။ အျဖစ္အပ်က္ေတြကအမ်ားႀကီးေပါ့ ေနာ္။ ၁ဝ မိနစ္ ၁၅ မိနစ္အတြင္းမွာ အဲလိုလုပ္တဲ့ဟာေတြက။ ခုဆိုမိုးေတြ႐ြာလာၿပီ။ မိုးရာသီေရာက္လာၿပီ။ အဲဟာေရာ…။ ပ်က္တာပဲ။ အဲဒါမ်ိဳးေတြက်ေတာ့ေရာ သူတို႔ဘက္က တဦးခ်င္းဝင္ေငြနဲ႔ ပိုက္ဆံေကာက္ၿပီးသြား ရင္ အဲဒါမ်ိဳးေတြေရာ ျပင္ႏိုင္မလားဆိုတဲ့ အခ်က္ေတြအေပၚမွာလည္း ျပန္ေမးစရာရွိတာေပါ့ေနာ္”

ႏွစ္စဥ္ဝန္ႀကီးဌာနက စိုက္ထုတ္သုံးစြဲေနရတဲ့အတြက္ လွ်ပ္စစ္မီခႏႈန္းထားေတြကို ျပင္ဆင္ရဖို႔ ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ ဦးစိုးျမင့္က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။ ေလာေလာဆယ္ ေဆာင္႐ြက္ေနတဲ့ အခ်ိန္ပိုင္းအလိုက္ မီးအားနဲ႔ဝန္အား ေလွ်ာ့ခ်ေနတဲ့စနစ္ဟာ ထုတ္လုပ္မႈစြမ္းအား အျပည့္အဝ မထုတ္ႏိုင္ေသးတဲ့အတြက္ျဖစ္ၿပီး အဲဒီလိုမထုတ္ႏိုင္ေသးတာဟာလည္း ႏိုင္ငံအေနအထားအရ ျဖစ္ေပၚေနတဲ့ ဘ႑ာေရးရန္ပုံေငြ အေျခအေနအရျဖစ္တယ္လို႔လည္း ဦးစိုးျမင့္က ေျပာပါတယ္။

Credit : burmese.asia

Unicode ဖြင့်ဖတ်ရန်

တစ်ဦးချင်းဝင်ငွေကို အခြေခံပြီး လျှပ်စစ် မီတာခ နှုန်းထားကို ပြောင်းလဲကောက်ခံ သွားဖို့ပြင်ဆင်နေ

တစ်ဦးချင်း ဝင်ငွေ ကို အခြေခံပြီး လျှပ်စစ်မီတာခ နှုန်းထားကို ပြောင်းလဲကောက်ခံသွားဖို့ပြင်ဆင် ထားပေမယ့် အချိန်တစ်ခုကို စောင့်ဆိုင်းနေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားလိုက်ပါတယ်။ နေပြည်တော်က လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှာ ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်တဲ့ ဝန်ကြီးဌာနရဲ့ လစဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မီတာခနှုန်းထားပြောင်းလဲသတ်မှတ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အခုလိုဖြေခဲ့တာပါ။

အခြေခံကျတဲ့လူတန်းစားကိုအခြေခံကျတဲ့အလျောက်၊ လူလတ်တန်းစားကို လူလတ်တန်းစားအလျောက်၊ အထက်တန်းစားကို အထက်တန်းစားအလျောက်၊ သူ့ရဲ့ပေးနိုင်တဲ့စွမ်းအား၊ တဦးချင်းရဲ့ဝင်ငွေ၊ ဒါတွေကို အခြေခံပြီး ကျနော်တို့ ပြောင်းလဲနိုင်အောင်လုပ်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ ပြဿနာဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေအထိ ဂယက်ရိုက်နေတဲ့ ပြဿနာကြီးတခုဖြစ်ပါတယ်။ လျှပ်စစ်မီးမလာလို့ ရေမတင်နိုင်၊ အလွန်ပူပြင်းတဲ့အချိန်မှာ လေအေးစက်မဖွင့်နိုင်လို့ ကျန်းမာရေးထိခိုက်ရတာတွေ၊ မီးအားအတက်အကျဖြစ်၊ ဖျတ်ကနဲပျက်၊ ရုတ်တရက် ပြန်လာလို့ လျှပ်စစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေ ထိခိုက်ပေါက်ကွဲတာတွေ၊ လျှပ်စစ်မီးမလာလို့ ကျောင်းသားတွေ စာကျက်ဖို့ အနှောက်အယှက်ဖြစ်ရတာမျိုးတွေဟာ လူတန်းစားပေါင်းစုံကြားက နေ့စဉ်မရိုးနိုင်တဲ့ ဇာတ်လမ်းတွေပါ။

အခုလို လျှပ်စစ်မီးပြဿနာတွေ စုံလင်နေချိန်မှာ မီတာခနှုန်းထားပြောင်းလဲကောက်ခံမယ်ဆိုတဲ့ လျှပ်စစ်ဝန်ကြီး ဌာနအာဏာပိုင်တစ်ယောက်ရဲ့စကားဟာ လူထုကို ဇဝေဇဝါဖြစ်သွားစေခဲ့ပါတယ်။ ကန်တော်လေးမှာ နေထိုင်တဲ့ မဝါဝါကြည် ကတော့ အခုလိုပဲပြောပါတယ်။ တဦးချင်းဝင်ငွေဆိုတာ အိမ်တအိမ်မှာ လူ ငါးယောက်ရှိတယ်ပဲထားဦး၊ ငါးယောက်လုံးက အလုပ်ရှိတဲ့သူတွေမှ မဟုတ်တာလေ။ မှီခိုတွေက ရှိသေးတယ်လေ။ သူပြောတဲ့ တဦးချင်းဝင်ငွေဆိုတာ ဘယ်လိုတဦးချင်းဝင်ငွေလဲ၊ ဘယ်ပေါ်မှာအခြေခံလဲတော့ မသိဘူး။ အဲဒီလိုဇဝေဇဝါစကားတွေကြောင့် ဒေါပုံမြို့နယ်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုးထွန်းကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။ သူက ခုလိုရှင်းပြပါတယ်။

“အမှန်တကယ်က မီးသုံးသူတွေရဲ့အခြေအနေကို မူတည်ပြီးတော့မှ ကောက်ခံမှာ။ ဥပမာပေါ့။ ဆင်းရဲတဲ့သူတွေက မီးချောင်းလေးတချောင်းသုံးမယ်။ မီးလုံးလေးတလုံးသုံးမယ်။ မီးဖိုကွိုင်လေးတခု၊ ထမင်းအိုးလေးတလုံး သုံးမယ်။ သူသည် တလကို ယူနစ် ၁ဝဝ၊ ၁၅ဝ ထက်မပိုဘူး။ ယူနစ်အပေါ်မှာ အခြေခံမယ်။ အဲဒါဆိုရင် သူသည် အခြေခံလူတန်းစားဖြစ်တယ်။ သူ့ကိုမနစ်နာတဲ့ဈေးနှုန်းဆိုတာ လက်ရှိကောက်ထားတဲ့ဈေနှုန်း ၃၅ ကျပ်နှုန်းထက် များချင်လည်းများမယ်။ နည်းချင်လည်းနည်းမယ်။ အဲလောက်လေးနဲ့ပဲကောက်မယ်။ အလယ်လတ်တန်းစား အဆင့်ကျတော့ Aircon သုံးနိုင်လာလိမ့်မယ်။ မီးဖိုသုံးမယ်၊ မီးပူတိုက်မယ်။ ထမင်း ဟင်းချက်မယ်။ နောက်ဆုံး လူတန်းစားကတော့ သူဌေးပေါ့။ သူတို့တွေကျတော့ Aircon ကို အခန်းအပူချိန်မကျအောင် တောက်လျှောက် ထားမယ်။ နေပူပူ၊ မိုးရွာရွာ Aircon သည် တောက်လျှောက်သွားနေမယ်။ မီးတွေသည်လည်း အခန်းပြည့်လင်းနေအောင်ထွန်းမယ်။ နောက်ပြီးတော့ စက်မှုလုပ်ငန်းသုံးပေါ့။ အခြေခံက ဒါပဲ။ တဦးချင်းဝင်ငွေဆိုတာက မီးသုံးသူရဲ့ယူနစ်ပေါ်မှာ မူတည်ပြီး ကောက်ခံမှာကိုပြောတာ။ ကျနော်နားလည်တာတော့ အဲဒီလိုပဲ။”

အဲဒီလို သုံးစွဲမှုယူနစ်အပေါ်အခြေခံမယ်ဆိုရင် အဲဒီစနစ်ဘယ်တော့စမှာပါလဲ။ မီးမှန်မှန်ပေးနိုင်ရင် ကောက်နိုင်မယ်။ ရေကအဓိက၊ ရေက အထက်ပိုင်းမှာ မိုးမရွာသေးဘူး။ မိုးဇလရဲ့ ခန့်မှန်းချက်အရ အထက်ပိုင်းမှာ ဇူလိုင်လလယ်လောက်မှာရွာမယ်။ ဇူလိုင်လလယ်လောက်ရွာရင် ဆည်ရေတွေ ပြည့်ပြီပေါ့။ အဲဒါဆိုရင် ဇူလိုင်လကုန်လောက်ဆို မီးအမှန်ပြန်ပေးလို့ရပြီပေါ့။ တကယ်ပဲ အဲဒီစနစ်အလုပ်ဖြစ်မယ်။ လက်တွေ့ကျမယ်လို့ ပြည်သူက ယုံကြည်ပါသလား။

မီတာခ ဘယ်လိုတိုးကောက်ရမလဲဆိုတာက သူတို့ဘက်ကစဉ်းစားတဲ့အပိုင်းပေါ့။ ဒါပေမယ့် ပြည်သူ့ဘက်က ပြောရမယ်ဆိုရင်တော့ သူတို့ကရော မီးကို ဘယ်လိုအချိန်မှန်အောင်ပေးနိုင်မလဲဆိုတာအပေါ်မှာ မူတည်တယ်။ ပထမတော့ နွေရာသီမို့လို့။ နွေရာသီဆိုရင် မီးပျက်တာ ဒါ..ထုံးစံပေါ့။ ပြည်သူတွေစိတ်ထဲမှာ ဒီလိုတွေးထား တယ်။ နွေရာသီမှာ အရမ်းမီးတွေပျက်တယ်။ ခနခန ပျက်လိုက်။ လာလိုက်။ ပျက်လိုက် လာလိုက်။ တခါတလေ ကျရင် အိမ်က စက်ပစ္စည်းတွေတောင်မှ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။ အဖြစ်အပျက်တွေကအများကြီးပေါ့ နော်။ ၁ဝ မိနစ် ၁၅ မိနစ်အတွင်းမှာ အဲလိုလုပ်တဲ့ဟာတွေက။ ခုဆိုမိုးတွေရွာလာပြီ။ မိုးရာသီရောက်လာပြီ။ အဲဟာရော…။ ပျက်တာပဲ။ အဲဒါမျိုးတွေကျတော့ရော သူတို့ဘက်က တဦးချင်းဝင်ငွေနဲ့ ပိုက်ဆံကောက်ပြီးသွား ရင် အဲဒါမျိုးတွေရော ပြင်နိုင်မလားဆိုတဲ့ အချက်တွေအပေါ်မှာလည်း ပြန်မေးစရာရှိတာပေါ့နော်”

နှစ်စဉ်ဝန်ကြီးဌာနက စိုက်ထုတ်သုံးစွဲနေရတဲ့အတွက် လျှပ်စစ်မီခနှုန်းထားတွေကို ပြင်ဆင်ရဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဦးစိုးမြင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ လောလောဆယ် ဆောင်ရွက်နေတဲ့ အချိန်ပိုင်းအလိုက် မီးအားနဲ့ဝန်အား လျှော့ချနေတဲ့စနစ်ဟာ ထုတ်လုပ်မှုစွမ်းအား အပြည့်အဝ မထုတ်နိုင်သေးတဲ့အတွက်ဖြစ်ပြီး အဲဒီလိုမထုတ်နိုင်သေးတာဟာလည်း နိုင်ငံအနေအထားအရ ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးရန်ပုံငွေ အခြေအနေအရဖြစ်တယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။

Credit : burmese.asia

LEAVE A REPLY