Zawgyi ဖြင့်ဖတ်ရန်
ပြည်သူများ နှင့် လုပ်ငန်းရှင်များ ငြည်းတွားလာခဲ့သည့် အတွက် အစိုးရမှ လျပ်စစ်ဓါတ်အား ကို ၁၂ လ အတွင်း ဓါတ်အားပေးလိုင်းများ အတွင်း စီးမျောနိုင်စေရန် မီဂါဝပ် ၃၀၀ အထိ ထုတ်လုပ်နိုင်မယ့် စက်ရုံ ပေါင်း သုံးရုံ ဆောက်လုပ်ရေး အတွက် တင်ဒါများ တင်သွင်းရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီများ ကို ယခုလ ကုန်မှ စ၍ ဖိတ်ခေါ်မယ်လို့ မြန်မာ စွမ်းအင် နှင့် လျပ်စစ် ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ ဦးသန်းဇော် က ပြောတယ်လို့ ဘန်ကောက်ပို့စ် မှာ လာရီ ဂျေဂင် က ဖေါ်ပြထားပါတယ်။
အဆိုပါ စက်ရုံ သုံးရုံ တည်ဆောက်ရေး အတွက် တင်ဒါ များ လက်ခံရရှိပြီး သုံးလ အတွင်း လုပ်ငန်း ချပေးမှာ ဖြစ်ပြီး နောက် နှစ် ဖေဖေါ်ဝါရီလ မှာ စတင် လည်ပါတ်နိုင်ရမှာ ဖြစ်ပါတယ်။
ထို့အပြင် လက်ရှိ လိုအပ်နေတဲ့ မီဂါဝပ် ၆၀၀ ကို ဖြည့်ဆီးနိုင်ဖို့ အဆိုပါ တွဲရေယာဉ်များမှ ဝယ်ယူဖို့ ရှိနေပြီး ဈေးနှုန်းကြီးမြင့်ဖို့ ရှိနေတာကြောင့် ဝန်ကြီးဌာနအဖို့ ဘတ်ဂျက် အခက်အခဲ နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ယခင်က တူရကီ နဲ့ အမေရိကန် ကုမ္ပဏီများ နဲ့ တွဲရေယာဉ်များမှ ဓါတ်အား ထုတ်လုပ်ရန် စီစဉ်ထားမှုသည် လက်တွေ လုပ်ဆောင်နိုင်ခြင်း မရှိမှု နဲ့ ဈေးနှုန်း အပေါ် သဘောတူညီမှု မရခဲ့တာကြောင့် ပျက်ယွင်းသွားခဲ့ဖူးပါတယ်။
ပြည်ပ ရင်းနှီးမြုပ်နှံသူများ က ဈေးနှုန်းကို အဓိက မထားပဲ ဓါတ်အား မပြတ် ရရှိနိုင်ပါ့မလား ဆိုတာပဲ စိုးရိမ်နေကြပါတယ်။
Unicode ဖြင့်ဖတ်ရန်
အစိုးရ မှ လျပ်စစ် ဓါတ်အား ၁၂ လ အတွင်း လုံလောက်ရန် စီမံပြီ
နိုင်ငံအတွင်း လျပ်စစ်ဓါတ်အား ဖြန့်ဖြူးမှုများ တိုးမြှင့်လာနေသော်လည်း ပြီးခဲ့သည့် နှစ်လအတွင်း ဓါတ်အား ပြတ်တောက်မှုများ နှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရမှုများ ကြောင့် စက်ရုံ အလုပ်ရုံများ တွင် ကုန်ထုတ်လုပ်မှု များ လျော့ချခဲ့ရခြင်း နှင့် ဆေးရုံ များ တွင် ကသောင်းကနင်း ဖြစ်လာမှုများ ရင်ဆိုင်ခဲ့ရပါတယ်။ ရန်ကုန်နှင့် အခြား မြို့ကြီးများ တွင်လည်း အကြီးအကျယ် ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်လာခဲ့ရပါတယ်။
ပြည်သူများ နှင့် လုပ်ငန်းရှင်များ ငြည်းတွားလာခဲ့သည့် အတွက် အစိုးရမှ လျပ်စစ်ဓါတ်အား ကို ၁၂ လ အတွင်း ဓါတ်အားပေးလိုင်းများ အတွင်း စီးမျောနိူင်စေရန် မီဂါဝပ် ၃၀၀ အထိ ထုတ်လုပ်နိူင်မယ့် စက်ရုံ ပေါင်း သုံးရုံ ဆောက်လုပ်ရေး အတွက် တင်ဒါများ တင်သွင်းရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီများ ကို ယခုလ ကုန်မှ စ၍ ဖိတ်ခေါ်မယ်လို့ မြန်မာ စွမ်းအင် နှင့် လျပ်စစ် ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ ဦးသန်းဇော် က ပြောတယ်လို့ ဘန်ကောက်ပို့စ် မှာ လာရီ ဂျေဂင် က ဖေါ်ပြထားပါတယ်။
ဓါတ်အားပေး စက်ရုံများကို Barge လို့ ခေါ်တဲ့ ဝမ်းပြားတွဲရေယာဉ် များ ပေါ်ကနေ လည်ပါတ်သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ စွမ်းအင် ဖြစ်တဲ့ LNG ကို နိူင်ငံတကာ ဈေးကွက်မှ အတတ်နိူင်ဆုံး ဈေးနှုန်း သက်သာ စွာ နဲ့ ဝယ်ယူသွားမှာ ဖြစ်ပြီး LNG တင် သင်္ဘော များ မှ ရရှိတဲ့ ဓါတ်ငွေ့ရည် ကို ဓါတ်ငွေ့လောင်စာ အဖြစ် ဝမ်းပြားတွဲရေယာဉ်ရှိ ဓါတ်အားပေး စက်ရုံ များ ကပဲ ပြန်လည် ထုတ်လုပ်ပေးပြီး ကုန်းပေါ်က ဓါတ်အားပေး လိုင်းများ နဲ့ ချိတ်ဆက်သွားဖို့ ရှိနေပါတယ်။
လက်ရှိ ဓါတ်အားပေး လိုင်းများ နဲ့ အလွယ်တကူ ချိတ်ဆက်နိူ်င်ဖို့ အဆိုပါ စက်ရုံ သုံးရုံ လည်ပါတ်မယ့် နေရာများကို ဓါတ်အားပေး စက်ရုံကြီး များ နဲ့ နီးတဲ့ ဆိပ်ကမ်း နေရာ သုံးနေရာ ကို ရွေးချယ်ထားပါတယ်။ ပထမတခုက ရခိုင်ပြည်နယ် ကျောက်ဖြူ ဖြစ်ပြီး၊ ဒုတိယ က ပုသိမ် ကမ်းရိုးတန်း တောင်ဖက်ပိုင်း နဲ့ ရန်ကုန် သံလျင် အနီး မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စက်ရုံ သုံးရုံ တည်ဆောက်ရေး အတွက် တင်ဒါ များ လက်ခံရရှိပြီး သုံးလ အတွင်း လုပ်ငန်း ချပေးမှာ ဖြစ်ပြီး နောက် နှစ် ဖေဖေါ်ဝါရီလ မှာ စတင် လည်ပါတ်နိူင်ရမှာ ဖြစ်ပါတယ်။
ထို့အပြင် လက်ရှိ လိုအပ်နေတဲ့ မီဂါဝပ် ၆၀၀ ကို ဖြည့်ဆီးနိူင်ဖို့ အဆိုပါ တွဲရေယာဉ်များမှ ဝယ်ယူဖို့ ရှိနေပြီး ဈေးနှုန်းကြီးမြင့်ဖို့ ရှိနေတာကြောင့် ဝန်ကြီးဌာနအဖို့ ဘတ်ဂျက် အခက်အခဲ နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်းကတော့ တကီလိုဝပ် ကို ဒေါ်လာ ၇ ဆင့် ထက် ပို ပေးလို့ မဖြစ်ဖူးလို့ ဆိုပါတယ်။ သို့သော်လည်း ကျွမ်းကျင်သူများ အဆိုအရ LNG စက်ရုံများရဲ့ ထုတ်လုပ် ဖြန့်ဖြူးစရိတ်က အတော်ကြီး မြင့်မယ်လို့လည်း ဆိုပါတယ်။
ယခင်က တူရကီ နဲ့ အမေရိကန် ကုမ္ပဏီများ နဲ့ တွဲရေယာဉ်များမှ ဓါတ်အား ထုတ်လုပ်ရန် စီစဉ်ထားမှုသည် လက်တွေ လုပ်ဆောင်နိူင်ခြင်း မရှိမှု နဲ့ ဈေးနှုန်း အပေါ် သဘောတူညီမှု မရခဲ့တာကြောင့် ပျက်ယွင်းသွားခဲ့ဖူးပါတယ်။
နိူင်ငံ အတွင်း လျပ်စစ် ဓါတ်အား ကို ဈေးနှုန်း သက်သာစွာ နဲ့ ဖြန့်ဖြူးပေးနေရမှုသည် ပိုမို ထုတ်လုပ်နိူင်ရေး အတွက် အဓိက အတားအဆီးကြီး ဖြစ်နေပါတယ်။ လက်ရှိ တွင် အိမ်ထောင်စု တစု လျင် 1 KWH အတွက် ဒေါ်လာ သုံးဆင် ခန့်သာ ပေးဆောင်ရပါတယ်။ ကမ္ဘာပေါ်တွင် အနိမ့်ဆုံး နှုန်းထားလည်း ဖြစ်ပါတယ်။ လုပ်ငန်းသုံး အတွက်ကတော့ ဒေါ်လာ ၁၈ ဆင့် သတ်မှတ်ထားပါတယ်။ လိုအပ်တဲ့ ငွေတွေ အတွက် အစိုးရက နှစ်စဉ် ဒေါ်လာ သန်း ၅၀၀ စိုက်ထုတ် ကျခံပေးနေရပါတယ်။
ဒီနှုန်းထားတွေ ပြင်ဆင်မှသာ အခြား နိူင်ငံများ မှ ဝယ်ယူတာတို့၊ LNG စက်ရုံ တွေ တည်ဆောက်တာတို့ မှာ သုံးနိူင်မှာ ဖြစ်ပြီး၊ ဒီလို ဝယ်ယူနိူင်ဖို့ လက်ရှိပေးရတဲ့ အိမ်ထောင်စု နှုန်းထား ရဲ့ သုံးဆ ခန့် ရမှ ဖြစ်မယ်လို့ ဦးသန်းဇော် က ပြောပါတယ်။ ဈေးနှုန်း ကို ပြန်လည် သုံးသပ်ဖို ဘဏ္ဍာရေး ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းနေမှုသည် နှစ် နှစ်ခန့် ရှိနေပြီလို့ ဆိုပါတယ်။
ဒီလို သုံးသပ်ရာမှာ လျပ်စစ်ဓါတ်အား မဆိုသလောက်သာ သုံးတဲ့ ဆင်းရဲတဲ့ အိမ်ထောင်စုတွေ အတွက် ဈေးနှုန်း တမျိုး သတ်မှတ်ဖို့လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လာမည့် လ အနည်းငယ် အတွင်း ဈေးနှုန်းကို ထုတ်ပြန်ကြေငြာသွားမှာလည်း ဖြစ်ပါတယ်။ ရုတ်ခြည်း ခုန်တက်သွားခြင်းမျိုး မဟုတ်ပဲ တဖြေးဖြေး နဲ့ တက်သွားအောင် ပြုလုပ်မှာလည်း ဖြစ်ပါတယ်။
ယခုထက်ထိ ကြန့်ကြာနေရခြင်းမှာလည်း အစိုးရ အရာရှိ ပိုင်းရဲ့ တက်တက်ကြွကြွ လုပ်ဆောင်လိုစိတ် မရှိခြင်း၊ အကျင့်ပျက် ခြစားမှုများ ရှိနေခြင်း နှင့် လူထု ကြီး ရဲ့ ဒေါသ ထွက်မှာ ကို စိုးရွံနေမှုများကြောင့်လို့ ဆိုပါတယ်။
ပြည်ပ ရင်းနှီးမြုပ်နှံသူများ က ဈေးနှုန်းကို အဓိက မထားပဲ ဓါတ်အား မပြတ် ရရှိနိူင်ပါ့မလား ဆိုတာပဲ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ လ ထဲ တွင် တရုတ်ပြည် တောင်ပိုင်းမှ မီဂါဝပ် ၁၀၀၀ ဝယ်ယူဖို့ အစီအစဉ်က ပျက်မလို ဖြစ်သွားပါတယ်။ အဓိက အကြောင်းကတော့ ရန်ကုန် နဲ့ မန္တလေး မြို့ကြီးတွေမှာ လိုအပ်နေတဲ့ ဗို့လ် အား မြင့် ဓါတ်ကြိုးလိုင်းတွေ မရှိတဲ့ အတွက် ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီများက လာရောက် တပ်ဆင်ပေးဖို့ ကမ်းလှမ်းပေမယ့် အစိုးရ က တရုတ်များ ထဲထဲဝင်ဝင် ပါတ်သက်မယ့် အရေး ကို မလိုလားတဲ့ အတွက် လက်မခံနိူ်င်ဖူး လို့ ဆိုပါတယ်။
ယခု တွဲရေယဉ် ဓါတ်အား ပေးစက်ရုံ များက လောလောဆယ် လိုအပ်ချက်များကို ယာယီ ဖြေရှင်း ပေးသွားဖို့ ရည်ရွယ် ပြုလုပ်တာလည်း ဖြစ်ပါတယ်။
အစိုးရ အနေနဲ့လည်း လျပ်စစ်ဓါတ်အား ချွေတာရေး အတွက် လူထု ကြား လှုံ့ဆော် စည်းရုံး သွားဖို့ လိုတယ်လို့လည်း ထောက်ပြမှု တွေ ရှိနေပါတယ်။ ထို့အပြင် ရေအားလျပ်စစ် စီမံကိန်းများ၊ ပြန်လည် အသုံးပြု စွမ်းအင် စီမံကိန်း များ တိုးမြှင့်ဆောင်ရွက်သွားရမှာ ဖြစ်ပြီး အရေးကြီးဆုံး က မြန်မြန် လုပ်သွားဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
share from : burmese.asia
LEAVE A REPLY