Zawgyi ျဖင့္ဖတ္ရန္

 

လူတိုင္းမွာေတာ့ ရည္းစားေဟာင္းဆိုတာ ရွိခ်င္မွရွိမွာပါ။ တစ္ေယာက္တည္းကို ခ်စ္ၿပီး တစ္ေယာက္တည္းနဲ႔ပဲလက္တြဲသြားတဲ့သူေတြရွိသလို၊ ရည္းစားေတာင္တစ္ေယာက္မွ မထားတဲ့သူေတြလည္း ရွိမွာပါပဲ။ ဒါေပမယ့္ သင့္အေနနဲ႔ အရင္ကရည္းစားေဟာင္း ရွိခဲ့ဖူးတယ္ဆိုရင္၊ လက္ရွိမွာ ရည္းစားရွိတယ္ဆိုရင္ ကိုယ္နဲ႔ျပတ္ၿပီး ရည္းစားေဟာင္းျဖစ္သြားသူေတြနဲ႔ပတ္သက္လို႔ ဒီအေၾကာင္းအရာေလးေတြကို သိထားသင့္ပါတယ္ေနာ္။

(၁) ေယာက်္ားေလးေတြက မိန္းကေလးေတြထက္ အသည္းကြဲတာျမန္ျမန္သက္သာႏိုင္ပါတယ္

ခ်စ္သူႏွစ္ေယာက္ျပတ္စဲၾကတဲ့အခါ ေယာက်္ားေလးေတြက ျမန္ျမန္ျပန္အဆင္ေျပႏိုင္ၿပီး မိန္းကေလးေတြက ဒီအခ်ိန္ကိုေက်ာ္ျဖတ္ဖို႔ ပိုခက္ခဲတတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ မိန္းကေလးေတြက ကိုယ့္ခ်စ္သူနဲ႔ ပတ္သက္တာေတြကို တစ္ခ်ိန္လုံးေတြးေတာခံစားေနတတ္ၿပီး ေယာက်ာ္းေလးေတြကေတာ့ ဒီအေျခအေနကေန ႐ုန္းထြက္ဖို႔အတြက္ အသစ္တစ္ေယာက္ေယာက္ကို စိတ္မပါလည္း ပတ္သက္တာမ်ိဳး လုပ္တတ္ၾကလို႔ပါ။ ဒါေၾကာင့္ စစျပတ္ခ်င္းမွာ မိန္းကေလးေတြက ပိုခံစားရၿပီး ေယာက်ာ္းေလးေတြကေတာ့ ေနာက္အခ်ိန္ေတြၾကာမွ ေနာင္တရတတ္တာမ်ိဳးပါ။

(၂) ဆိုရွယ္မီဒီယာမွာ သူငယ္ခ်င္းဆက္ျဖစ္မေနသင့္ပါဘူး

ျပတ္သြားတဲ့ရည္းစားနဲ႔ ဆိုရွယ္မီဒီယာမွာ သူငယ္ခ်င္းဆက္ျဖစ္ေနတာက ကိုယ့္ကိုယ္ကို ဒုကၡေပးေနတာပါပဲ။ သူ႔ကိုျမင္ေနေတြ႕ေနရတဲ့အခါ ဘယ္လိုခံစားရလဲ ကိုယ့္ကိုယ္ကို အသိဆုံးပါ။ အဲ့ဒီခံစားခ်က္ေတြ မျဖစ္ေအာင္လုပ္ဖို႔ကလည္း နည္းလမ္းတစ္မ်ိဳးတည္းရွိပါတယ္။ အဲ့ဒါကေတာ့ unfriend ဒါမွမဟုတ္ block လုပ္ဖို႔ပါပဲ။

(၃) လုံးဝအဆက္အသြယ္မလုပ္ဘဲေနတာက အေကာင္းဆုံးနည္းလမ္းပါ

အခ်ိန္ေတြအမ်ားႀကီး အတူတူျဖတ္သန္းလာခဲ့တဲ့လူႏွစ္ေယာက္က ႐ုတ္တရက္ႀကီးျပတ္ၾကဖို႔ဆိုတာ သိပ္ေတာ့မျဖစ္ႏိုင္ပါဘူး။ ဒီေတာ့ ျပတ္ၿပီလို႔ ဘယ္ေလာက္ေျပာေျပာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္အဆက္အသြယ္လုပ္မိတတ္ၿပီး ျပတ္လိုက္ဆက္လိုက္နဲ႔ သံသရာေတြ ရွည္ေနတတ္ၾကပါတယ္။ ျပန္အဆင္ေျပလားဆိုေတာ့လည္း မေျပဘူး၊ ျပတ္လားဆိုေတာ့လည္း မျပတ္ဘူးဆိုတာမ်ိဳးပါ။ ဒီလိုအေျခအေနမ်ိဳးက ႏွစ္ေယာက္လုံးကို ပိုၿပီးနာက်င္ေစပါတယ္။ ဒါေၾကာင့္ ေသခ်ာစဥ္းစားၿပီးမွ ျပတ္ဖို႔ဆုံ းျဖတ္ၿပီး လုံးဝအဆက္အသြယ္မလုပ္ဘဲေနႏိုင္ေအာင္ႀကိဳးစားတာ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

(၄) ရည္းစားေဟာင္းအေၾကာင္းေျပာျခင္းက ရည္းစားအသစ္နဲ႔ ပိုအဆင္ေျပေစႏိုင္ပါတယ္

ရည္းစားေဟာင္းအေၾကာင္းေျပာတိုင္း လက္ရွိရည္းစားေလးနဲ႔ ရန္ျဖစ္ရတယ္ဆိုေပမယ့္ အရင္လူအေၾကာင္းေျပာတာက တကယ္တမ္းမွာ အခုလက္ရွိရည္းစားေလးနဲ႔ ကိုယ့္ကိုပိုၿပီးအဆင္ေျပေစႏိုင္ပါသတဲ့။ ဒါေပမယ့္ ရည္းစားေဟာင္းအေၾကာင္း မေကာင္းေျပာတာမ်ိဳး၊ အလြန္အကြၽံခ်ီးက်ဴးတာမ်ိဳးေတြမဟုတ္ဘဲ ၊ ဒီအတိုင္း ကိုယ္နဲ႔သိတဲ့လူတစ္ေယာက္အေၾကာင္းေျပာသလိုမ်ိဳးေတာ့ ျဖစ္ဖို႔လိုပါတယ္။ မဟုတ္ရင္ ကြိဳင္ေတြအႀကီးႀကီးပူသြားႏိုင္ပါတယ္။

(၅) ရည္းစားေဟာင္းနဲ႔ပတ္သက္လို႔မ်ားမ်ားရင္ဖြင့္ေလေလျမန္ျမန္အဆင္ေျပေလေလပါ
သူနဲ႔ကိုယ္နဲ႔ျပတ္သြားတဲ့အခါ သူ႔အေၾကာင္းေတြကို သူငယ္ခ်င္းေတြကို မ်ားမ်ားရင္ဖြင့္ပါ။ အဲ့ဒီလိုရင္ဖြင့္တာက သူနဲ႔ပတ္သက္တဲ့ စိတ္ခံစားခ်က္ေတြကို ျမန္ျမန္သက္သာေစပါတယ္။

(၆) သူနဲ႔အဆက္အသြယ္ရွိတဲ့သူေတြနဲ႔ပါေဝးေဝးေနဖို႔လိုပါတယ္

အခ်စ္ေဟာင္းကို ဘယ္ေလာက္ပဲေမ့ႏိုင္ၿပီေျပာေျပာ သူနဲ႔ပတ္သက္တဲ့ အမွတ္တရေတြကိုျပန္ေတြ႕တဲ့အခါ သတိေတာ့ရမိၾကတာပါပဲ။ ဒါေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက တစ္ေယာက္ေယာက္နဲ႔ျပတ္တဲ့အခါ သူ႔ဓာတ္ပုံေတြ ဖ်က္ပစ္တာမ်ိဳး၊ သူေပးထားတဲ့ အမွတ္တရပစၥည္းေတြကို အစေဖ်ာက္ပစ္တာမ်ိဳး၊ သူနဲ႔သြားခဲ့တဲ့ေနရာေတြကို မသြားေတာ့တာမ်ိဳးေတြလုပ္ၾကပါတယ္။ တကယ္လည္း အဲ့ဒီလိုလုပ္တာမွန္ပါတယ္။ ဒါေတြတင္မကေသးပါဘူး။ သူနဲ႔ အဆက္အသြယ္ရွိတဲ့လူေတြနဲ႔ပါ တတ္ႏိုင္သေလာက္ ေဝးေဝးေနဖို႔လိုပါတယ္။ ဒါမွ သူ႔ကိုျပန္မဆက္သြယ္မိဖို႔ ကိုယ့္ကိုယ္ကို ထိန္းထားႏိုင္မွာပါ။

Credti : aunty may

Unicode ဖြင့်ဖတ်ရန်

သင့် “Ex” နဲ့ ပတ်သက်လို့ သင်မဖြစ်မနေသိထားသင့်တဲ့ အကြောင်းအရာ (၆)မျိုး

လူတိုင်းမှာတော့ ရည်းစားဟောင်းဆိုတာ ရှိချင်မှရှိမှာပါ။ တစ်ယောက်တည်းကို ချစ်ပြီး တစ်ယောက်တည်းနဲ့ပဲလက်တွဲသွားတဲ့သူတွေရှိသလို၊ ရည်းစားတောင်တစ်ယောက်မှ မထားတဲ့သူတွေလည်း ရှိမှာပါပဲ။ ဒါပေမယ့် သင့်အနေနဲ့ အရင်ကရည်းစားဟောင်း ရှိခဲ့ဖူးတယ်ဆိုရင်၊ လက်ရှိမှာ ရည်းစားရှိတယ်ဆိုရင် ကိုယ်နဲ့ပြတ်ပြီး ရည်းစားဟောင်းဖြစ်သွားသူတွေနဲ့ပတ်သက်လို့ ဒီအကြောင်းအရာလေးတွေကို သိထားသင့်ပါတယ်နော်။

(၁) ယောကျ်ားလေးတွေက မိန်းကလေးတွေထက် အသည်းကွဲတာမြန်မြန်သက်သာနိုင်ပါတယ်

ချစ်သူနှစ်ယောက်ပြတ်စဲကြတဲ့အခါ ယောကျ်ားလေးတွေက မြန်မြန်ပြန်အဆင်ပြေနိုင်ပြီး မိန်းကလေးတွေက ဒီအချိန်ကိုကျော်ဖြတ်ဖို့ ပိုခက်ခဲတတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေက ကိုယ့်ချစ်သူနဲ့ ပတ်သက်တာတွေကို တစ်ချိန်လုံးတွေးတောခံစားနေတတ်ပြီး ယောကျာ်းလေးတွေကတော့ ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် အသစ်တစ်ယောက်ယောက်ကို စိတ်မပါလည်း ပတ်သက်တာမျိုး လုပ်တတ်ကြလို့ပါ။ ဒါကြောင့် စစပြတ်ချင်းမှာ မိန်းကလေးတွေက ပိုခံစားရပြီး ယောကျာ်းလေးတွေကတော့ နောက်အချိန်တွေကြာမှ နောင်တရတတ်တာမျိုးပါ။

(၂) ဆိုရှယ်မီဒီယာမှာ သူငယ်ချင်းဆက်ဖြစ်မနေသင့်ပါဘူး

ပြတ်သွားတဲ့ရည်းစားနဲ့ ဆိုရှယ်မီဒီယာမှာ သူငယ်ချင်းဆက်ဖြစ်နေတာက ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတာပါပဲ။ သူ့ကိုမြင်နေတွေ့နေရတဲ့အခါ ဘယ်လိုခံစားရလဲ ကိုယ့်ကိုယ်ကို အသိဆုံးပါ။ အဲ့ဒီခံစားချက်တွေ မဖြစ်အောင်လုပ်ဖို့ကလည်း နည်းလမ်းတစ်မျိုးတည်းရှိပါတယ်။ အဲ့ဒါကတော့ unfriend ဒါမှမဟုတ် block လုပ်ဖို့ပါပဲ။

(၃) လုံးဝအဆက်အသွယ်မလုပ်ဘဲနေတာက အကောင်းဆုံးနည်းလမ်းပါ

အချိန်တွေအများကြီး အတူတူဖြတ်သန်းလာခဲ့တဲ့လူနှစ်ယောက်က ရုတ်တရက်ကြီးပြတ်ကြဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်ပါဘူး။ ဒီတော့ ပြတ်ပြီလို့ ဘယ်လောက်ပြောပြော အကြောင်းအမျိုးမျိုးကြောင့် ပြန်အဆက်အသွယ်လုပ်မိတတ်ပြီး ပြတ်လိုက်ဆက်လိုက်နဲ့ သံသရာတွေ ရှည်နေတတ်ကြပါတယ်။ ပြန်အဆင်ပြေလားဆိုတော့လည်း မပြေဘူး၊ ပြတ်လားဆိုတော့လည်း မပြတ်ဘူးဆိုတာမျိုးပါ။ ဒီလိုအခြေအနေမျိုးက နှစ်ယောက်လုံးကို ပိုပြီးနာကျင်စေပါတယ်။ ဒါကြောင့် သေချာစဉ်းစားပြီးမှ ပြတ်ဖို့ဆုံ းဖြတ်ပြီး လုံးဝအဆက်အသွယ်မလုပ်ဘဲနေနိုင်အောင်ကြိုးစားတာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

(၄) ရည်းစားဟောင်းအကြောင်းပြောခြင်းက ရည်းစားအသစ်နဲ့ ပိုအဆင်ပြေစေနိုင်ပါတယ်

ရည်းစားဟောင်းအကြောင်းပြောတိုင်း လက်ရှိရည်းစားလေးနဲ့ ရန်ဖြစ်ရတယ်ဆိုပေမယ့် အရင်လူအကြောင်းပြောတာက တကယ်တမ်းမှာ အခုလက်ရှိရည်းစားလေးနဲ့ ကိုယ့်ကိုပိုပြီးအဆင်ပြေစေနိုင်ပါသတဲ့။ ဒါပေမယ့် ရည်းစားဟောင်းအကြောင်း မကောင်းပြောတာမျိုး၊ အလွန်အကျွံချီးကျူးတာမျိုးတွေမဟုတ်ဘဲ ၊ ဒီအတိုင်း ကိုယ်နဲ့သိတဲ့လူတစ်ယောက်အကြောင်းပြောသလိုမျိုးတော့ ဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင် ကွိုင်တွေအကြီးကြီးပူသွားနိုင်ပါတယ်။

(၅) ရည်းစားဟောင်းနဲ့ပတ်သက်လို့များများရင်ဖွင့်လေလေမြန်မြန်အဆင်ပြေလေလေပါ
သူနဲ့ကိုယ်နဲ့ပြတ်သွားတဲ့အခါ သူ့အကြောင်းတွေကို သူငယ်ချင်းတွေကို များများရင်ဖွင့်ပါ။ အဲ့ဒီလိုရင်ဖွင့်တာက သူနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်တွေကို မြန်မြန်သက်သာစေပါတယ်။

(၆) သူနဲ့အဆက်အသွယ်ရှိတဲ့သူတွေနဲ့ပါဝေးဝေးနေဖို့လိုပါတယ်

အချစ်ဟောင်းကို ဘယ်လောက်ပဲမေ့နိုင်ပြီပြောပြော သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုပြန်တွေ့တဲ့အခါ သတိတော့ရမိကြတာပါပဲ။ ဒါကြောင့် လူတော်တော်များများက တစ်ယောက်ယောက်နဲ့ပြတ်တဲ့အခါ သူ့ဓာတ်ပုံတွေ ဖျက်ပစ်တာမျိုး၊ သူပေးထားတဲ့ အမှတ်တရပစ္စည်းတွေကို အစဖျောက်ပစ်တာမျိုး၊ သူနဲ့သွားခဲ့တဲ့နေရာတွေကို မသွားတော့တာမျိုးတွေလုပ်ကြပါတယ်။ တကယ်လည်း အဲ့ဒီလိုလုပ်တာမှန်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ သူနဲ့ အဆက်အသွယ်ရှိတဲ့လူတွေနဲ့ပါ တတ်နိုင်သလောက် ဝေးဝေးနေဖို့လိုပါတယ်။ ဒါမှ သူ့ကိုပြန်မဆက်သွယ်မိဖို့ ကိုယ့်ကိုယ်ကို ထိန်းထားနိုင်မှာပါ။

Credti : aunty may

LEAVE A REPLY