Zawgyi ျဖင့္ဖတ္ရန္

 

၁။သူနဲ႕ျပတ္ရတဲ့ အေၾကာင္းအရင္းကို မေမ့ပါနဲ႕။

သင္ဟာ အရြယ္ေရာက္ျပီးသူတစ္ေယာက္ပါ။ သင္တုိ႕ႏွစ္ဦးဘာ့ေၾကာင့္ လမ္းခြဲခဲ့ၾကရသလဲဆုိတာ သင္တို႕ႏွစ္ဦးသား အသိဆံုးျဖစ္မွာပါ။ ဘာမဟုတ္တာေလးနဲ႕ လမ္းခြဲခဲ့ၾကတာလား။ ျပသနာတစ္စံုတစ္ရာ ႀကီးႀကီးမားမားေၾကာင့္ လမ္းခြဲခဲ့ၾကရသလားေပါ့။ ဒီျပသနာက ခုလမ္းခြဲျပီး ျပန္ဆက္တဲ့အခါမွာေရာ ေပ်ာက္ကြယ္သြားပါ့ဦးမလား။ ရွိေနဦးမယ္ဆုိရင္ သူနဲ႕ျပန္ညွိဖုိ႕ေရာ အဆင္ေျပပါ့မလားဆုိတာ စဥ္းစားရပါမယ္။

၂။ကိုယ့္ကိုကိုယ္ ေသခ်ာေအာင္ ေမးၾကည့္ပါ။

လမ္းခြဲျပီး ခုျပန္ဆက္ခ်င္ေနတာ ဘာ့ေၾကာင့္မ်ားလဲ။ ဒါဆို ဘာ့ေၾကာင့္မ်ား လမ္းခြဲခဲ့ၾကေသးလဲ။ သင့္အေနနဲ႕ေတြးရမွာက အဆင္မေျပတဲ့ အခ်စ္ေရးကို ေရွ႔ဆက္ဖုိ႕ ငါဘာ့ေၾကာင့္ စဥ္းစားမိေနရတာလဲ ဆုိတာပါပဲ။ မတူညီတဲ့ သေဘာထားေတြေၾကာင္း လမ္းခြဲခဲ့တာဆိုရင္ ခုျပန္ဆက္ရင္ေရာ တူညီအဆင္ေျပသြားမလဲ ဆိုတာပါပဲ။

၃။အခ်ိန္က အရာရာတုိင္းကိုေတာ့ မေျပာင္းလဲႏိုင္ပါဘူး။

အခ်စ္ေရးအမ်ားစုကေတာ့ တြဲလိုက္၊ ျပတ္လုိက္ ဇာတ္လမ္းေတြနဲ႕ သံသရာလည္ေနတတ္ပါတယ္။ ဒါေပမယ့္ အဆင္မေျပလို႕ လမ္းခြဲတယ္၊ ျပန္ညွိျပီး အုိေခသြားၾကတယ္၊ ဒီလိုတစ္သက္လံုး ေအးခ်မ္းစြာ အဆင္ေျပေျပေနႏိုင္သြားၾကတယ္ ဆိုတာေတာ့ ရွားပါတယ္။ အဲ့ဒီလို ျဖစ္တဲ့အတြဲေတြဟာ ၈၀ရာခုိင္ႏႈန္းေလာက္ကေတာ့ အရင္လုိပဲ တြဲလိုက္၊ ျပတ္လိုက္၊ ျပန္ဆက္လိုက္၊ ျပန္ကြဲလိုက္ ဆုိတာေတြနဲ႕ပဲ လံုးလည္ခ်ာလပတ္ရမ္းေနပါလိမ့္မယ္။

၄။သင္စခဲ့တဲ့ေနရာမွာ ျပန္အဆံုးသတ္ရပါလိမ့္မယ္။

အရိုးသားဆံုးေျပာရရင္ ကိုယ့္ကိုကုိယ္ျပန္ေမးေစခ်င္ပါတယ္။ သင့္သူငယ္ခ်င္းေတြထဲမွာ တြဲျပီး ျပတ္သြားတယ္။ ျပီးေတာ့ ျပန္ဆက္တယ္။ အဲ့ဒီေနာက္ေရရွည္အဆင္ေျပသြားတဲ့သူေတြ ရွိသလားဆုိတာကိုပါ။ ေနာက္တစ္ခါ ရည္းစားေဟာင္းေတြနဲ႕ ျပန္အဆင္ေျပျပီး ျပန္ျပတ္သြားတဲ့သူေတြေရာ ဘယ္ေလာက္ရွိသလဲဆိုတာကို ကိုယ့္ကိုကိုယ္ ေမးၾကည့္ပါ။ အေျဖကရွင္းလင္းစြာ ထြက္လာပါလိမ့္မယ္။ လုပ္ေနက်အရာေတြကို ထပ္ခါ ထပ္ခါလုပ္ျပီး ျခားနားတဲ့အေျဖတစ္ခုကို ေမ်ွာ္လင့္ေနတာမ်ိဳးက အဓိပၸါယ္ရွိပါရဲ႕လား။

၅။အခ်ိန္ေတြကို သက္သက္မဲ့ျဖဳန္းေနတာနဲ႕တူပါတယ္။

အသက္ရွင္ရတဲ့ ဘ၀ဆုိတာ တုိတိုေလးပါ။ ဒီေတာ့ နစ္ေနတဲ့ ႏြံထဲက ရုန္းထြက္ျပီးသားအေျခအေနကို ဒီႏြံထဲ ျပန္ဆင္းဖုိ႕ ႀကိဳးစားတာမ်ိဳးဟာ အခ်ိန္ျဖဳန္းတာနဲ႕ တူေနပါတယ္။ သင္ေရွ႔ဆက္လုပ္ႏိုင္တာေတြက အမ်ားႀကီးပါ။

၆။ျဖတ္ေက်ာ္ျပီးသား အေျခအေနကို သတိျပဳပါ။

မွန္ထဲကို ၾကည့္လိုက္ပါ။ သင္ေတြ႔ေနရတဲ့သူဟာ ခုတစ္ကိုယ္တည္းသမားျဖစ္ေနပါျပီ။ ဒါေပမယ့္ သင္အသက္ရွင္ႏိုင္ေနေသးတာပဲ။ ဘ၀ကမျပီးဆံုးေသးပါဘူး။ သင္ဟာ ျဖတ္သန္းရမယ့္အရာေတြကိုေတာင္ ျဖတ္သန္းေက်ာ္လႊား ခဲ့ျပီးျပီေလ။ ဘာ့ေၾကာင့္ ေနာက္ျပန္သြားခ်င္ေနရတာလဲ။ ရည္းစားေဟာင္းဆီ ျပန္သြားတဲ့အခါ သင္ဆံုးရႈံးရမယ့္အရာက သင္ကုိယ္တုိင္ဆုိတာ မေမ့ပါနဲ႕။

၇။ပင္လယ္ထဲမွာ ငါးေတြ အမ်ားႀကီးပါ။

ဘ၀ကို အသစ္တစ္ဖန္ျပန္စဖုိ႕ အေကာင္းဆံုး အခ်ိန္ပါ။ အေျပာင္းအလဲေတြ အမ်ားႀကီးဆုိေပမယ့္ ဒီအေျပာင္းအလဲေတြက သင့္ကိုရင္က်က္သြားေအာင္၊ အေတြ႔အႀကံဳသစ္ေတြ ေပးစြမ္းေနတာပါ။ ေလာကမွာ သင္ခ်စ္ျမတ္ႏိုးရမယ့္လူ တစ္ေယာက္တည္းရွိတယ္လို႕ေတာ့ မထင္ပါနဲ႕။ သင့္မွာ ေနာက္ထပ္ ဒီ့ထက္ေကာင္းမြန္တ့ဲ အခြင့္အေရးေတြ ႀကံဳလာႏိုင္ေသးသလို အရင္လူထက္သာတဲ့လူလည္း ေတြ႔လာရဦးမွာပါ။

Credit : Trend Myanmar

Unicode ဖြင့်ဖတ်ရန်

ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့ ကြိုးစားခြင်းဟာ တကယ်ကို ဆိုးရွားတဲ့ အိုင်ဒီယာဖြစ်တယ်ဆိုတာ ဒီအချက်လေးတွေက ပြောပြနေ

၁။သူနဲ့ပြတ်ရတဲ့ အကြောင်းအရင်းကို မမေ့ပါနဲ့။

သင်ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ပါ။ သင်တို့နှစ်ဦးဘာ့ကြောင့် လမ်းခွဲခဲ့ကြရသလဲဆိုတာ သင်တို့နှစ်ဦးသား အသိဆုံးဖြစ်မှာပါ။ ဘာမဟုတ်တာလေးနဲ့ လမ်းခွဲခဲ့ကြတာလား။ ပြသနာတစ်စုံတစ်ရာ ကြီးကြီးမားမားကြောင့် လမ်းခွဲခဲ့ကြရသလားပေါ့။ ဒီပြသနာက ခုလမ်းခွဲပြီး ပြန်ဆက်တဲ့အခါမှာရော ပျောက်ကွယ်သွားပါ့ဦးမလား။ ရှိနေဦးမယ်ဆိုရင် သူနဲ့ပြန်ညှိဖို့ရော အဆင်ပြေပါ့မလားဆိုတာ စဉ်းစားရပါမယ်။

၂။ကိုယ့်ကိုကိုယ် သေချာအောင် မေးကြည့်ပါ။

လမ်းခွဲပြီး ခုပြန်ဆက်ချင်နေတာ ဘာ့ကြောင့်များလဲ။ ဒါဆို ဘာ့ကြောင့်များ လမ်းခွဲခဲ့ကြသေးလဲ။ သင့်အနေနဲ့တွေးရမှာက အဆင်မပြေတဲ့ အချစ်ရေးကို ရှေ့ဆက်ဖို့ ငါဘာ့ကြောင့် စဉ်းစားမိနေရတာလဲ ဆိုတာပါပဲ။ မတူညီတဲ့ သဘောထားတွေကြောင်း လမ်းခွဲခဲ့တာဆိုရင် ခုပြန်ဆက်ရင်ရော တူညီအဆင်ပြေသွားမလဲ ဆိုတာပါပဲ။

၃။အချိန်က အရာရာတိုင်းကိုတော့ မပြောင်းလဲနိုင်ပါဘူး။

အချစ်ရေးအများစုကတော့ တွဲလိုက်၊ ပြတ်လိုက် ဇာတ်လမ်းတွေနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါပေမယ့် အဆင်မပြေလို့ လမ်းခွဲတယ်၊ ပြန်ညှိပြီး အိုခေသွားကြတယ်၊ ဒီလိုတစ်သက်လုံး အေးချမ်းစွာ အဆင်ပြေပြေနေနိုင်သွားကြတယ် ဆိုတာတော့ ရှားပါတယ်။ အဲ့ဒီလို ဖြစ်တဲ့အတွဲတွေဟာ ၈၀ရာခိုင်နှုန်းလောက်ကတော့ အရင်လိုပဲ တွဲလိုက်၊ ပြတ်လိုက်၊ ပြန်ဆက်လိုက်၊ ပြန်ကွဲလိုက် ဆိုတာတွေနဲ့ပဲ လုံးလည်ချာလပတ်ရမ်းနေပါလိမ့်မယ်။

၄။သင်စခဲ့တဲ့နေရာမှာ ပြန်အဆုံးသတ်ရပါလိမ့်မယ်။

အရိုးသားဆုံးပြောရရင် ကိုယ့်ကိုကိုယ်ပြန်မေးစေချင်ပါတယ်။ သင့်သူငယ်ချင်းတွေထဲမှာ တွဲပြီး ပြတ်သွားတယ်။ ပြီးတော့ ပြန်ဆက်တယ်။ အဲ့ဒီနောက်ရေရှည်အဆင်ပြေသွားတဲ့သူတွေ ရှိသလားဆိုတာကိုပါ။ နောက်တစ်ခါ ရည်းစားဟောင်းတွေနဲ့ ပြန်အဆင်ပြေပြီး ပြန်ပြတ်သွားတဲ့သူတွေရော ဘယ်လောက်ရှိသလဲဆိုတာကို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ အဖြေကရှင်းလင်းစွာ ထွက်လာပါလိမ့်မယ်။ လုပ်နေကျအရာတွေကို ထပ်ခါ ထပ်ခါလုပ်ပြီး ခြားနားတဲ့အဖြေတစ်ခုကို မျှော်လင့်နေတာမျိုးက အဓိပ္ပါယ်ရှိပါရဲ့လား။

၅။အချိန်တွေကို သက်သက်မဲ့ဖြုန်းနေတာနဲ့တူပါတယ်။

အသက်ရှင်ရတဲ့ ဘဝဆိုတာ တိုတိုလေးပါ။ ဒီတော့ နစ်နေတဲ့ နွံထဲက ရုန်းထွက်ပြီးသားအခြေအနေကို ဒီနွံထဲ ပြန်ဆင်းဖို့ ကြိုးစားတာမျိုးဟာ အချိန်ဖြုန်းတာနဲ့ တူနေပါတယ်။ သင်ရှေ့ဆက်လုပ်နိုင်တာတွေက အများကြီးပါ။

၆။ဖြတ်ကျော်ပြီးသား အခြေအနေကို သတိပြုပါ။

မှန်ထဲကို ကြည့်လိုက်ပါ။ သင်တွေ့နေရတဲ့သူဟာ ခုတစ်ကိုယ်တည်းသမားဖြစ်နေပါပြီ။ ဒါပေမယ့် သင်အသက်ရှင်နိုင်နေသေးတာပဲ။ ဘဝကမပြီးဆုံးသေးပါဘူး။ သင်ဟာ ဖြတ်သန်းရမယ့်အရာတွေကိုတောင် ဖြတ်သန်းကျော်လွှား ခဲ့ပြီးပြီလေ။ ဘာ့ကြောင့် နောက်ပြန်သွားချင်နေရတာလဲ။ ရည်းစားဟောင်းဆီ ပြန်သွားတဲ့အခါ သင်ဆုံးရှုံးရမယ့်အရာက သင်ကိုယ်တိုင်ဆိုတာ မမေ့ပါနဲ့။

၇။ပင်လယ်ထဲမှာ ငါးတွေ အများကြီးပါ။

ဘဝကို အသစ်တစ်ဖန်ပြန်စဖို့ အကောင်းဆုံး အချိန်ပါ။ အပြောင်းအလဲတွေ အများကြီးဆိုပေမယ့် ဒီအပြောင်းအလဲတွေက သင့်ကိုရင်ကျက်သွားအောင်၊ အတွေ့အကြုံသစ်တွေ ပေးစွမ်းနေတာပါ။ လောကမှာ သင်ချစ်မြတ်နိုးရမယ့်လူ တစ်ယောက်တည်းရှိတယ်လို့တော့ မထင်ပါနဲ့။ သင့်မှာ နောက်ထပ် ဒီ့ထက်ကောင်းမွန်တဲ့ အခွင့်အရေးတွေ ကြုံလာနိုင်သေးသလို အရင်လူထက်သာတဲ့လူလည်း တွေ့လာရဦးမှာပါ။

Credit : Trend Myanmar

LEAVE A REPLY