Zawgyi ဖြင့်ဖတ်ရန်
(၁)မေးမြန်းတာ မရှိ
(၃)ယုံပေးဖို့ ခက်နေတာ
(၄) အတုံ့အလှည့်မရှိတာ
(၅)ချစ်ရဲ့လား .?
Credit : Aunty May
Unicode ဖြင့်ဖတ်ရန်
အသုံးချရုံ စိတ်ကစားရုံသက်သက် အချစ်တုမှန်း သိနိုင်မယ့် လက္ခဏာများ
လူတစ်ယောက်က တခြားလူတစ်ယောက်အပေါ် တကယ်မချစ်ပဲ ချစ် ဟန်ဆောင်ရတဲ့ နောက်ကွယ်မှာ အကြောင်း အရင်းတွေအ များကြီးရှိ ပါတယ်။ တစ်ခုခုကို လိုချင်လို့ ချဉ်းကပ်တာ၊တခုခုအကြံအစည်ရှိလို့ ..နောက်ဆုံး သူတို့ကိုယ်တိုင်က သင့်ကို တကယ်မချစ်မှန်း ကိုယ့်စိတ် ကို မသိတာလည်း ဖြစ်နိုင်ပါတယ်။တကယ်တော့ လူတစ်ယောက် ကို ကိုယ့်အပေါ် တကယ်ချစ်၊မချစ်ဆိုတာကို သိဖို့က မခက်ပါဘူး။တကယ် ချစ်လား၊ချစ်ဟန်ဆောင်နေလားဆိုတာကို အောက်မှာဖော်ပြထားတဲ့ အချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။
(၁)မေးမြန်းတာ မရှိ
ဘာလုပ်နေလဲဆိုပြီး တရားခံစစ်စစ်နေတာမျိုးကို မဆိုလိုပါဘူး။ တစ်ေ န့လုံး သင့်ဆီက ဘာမှအဆက်အသွယ်မှ မရတဲ့ အခါစိတ်ပူပြီး မေးြ မန်း တာမျိုးပါ။ဒီနေရာမှာ ချွင်းချက်တော့ ရှိပါတယ်။သူ့ဘက်က အလုပ် အရမ်းရှုပ်နေတာမျိုး၊သင်ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာကို သိနေ တာမျိုးဆိုရင်တော့ ချွင်းချက်ပါ။ပုံမှန်အားဖြင့်တော့ လူတိုင်းက ကိုယ့်ချစ် တဲ့သူရဲ့ တစ်နေ့တာကို စိတ်ဝင်စားကြသလို အဆက်အသွယ်မရရင် လည်း စိတ်ပူပေးတတ်ကြပါတယ်။
(၂)ကိုယ့်ကိုယ်ကို ကျေနပ်ပျော်ရွှင်မှုမရှိတာ
ဒါကလည်း ကိုယ့်အပေါ် တကယ်မချစ်တဲ့ သူအနားမှာ နေနေမိပြီဆို တာကို ပြနေတာပါ။ကိုယ့်ကိုယ်ကို ကျေနပ်ပျော်ရွှင်မှု မရှိဘူးဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ လိုအပ်ချက်ကြောင့်ဆိုပြီး မထင်လိုက်ပါနဲ့။ကိုယ် ကိုယ်ကို ကျေနပ်ပျော်ရွှင်မှုမရှိဘူးဆိုတာ သင့်ချစ်သူအပေါ် မူတည်ပါ တယ်။ဒီလို စိတ်တွေ ဘာကြောင့် ဝင်နေတာလဲ.?အဖြေက ရှင်းပါ တယ်။ချစ်သူဆီကနေ စိတ်ကျေနပ်ရလောက်တဲ့ ဂရုစိုက်မှုတွေကို သင်မရလို့ပါ။ ချစ်သူဆီက ဂရုစိုက်စောင့်ရှောက်မှု အပြည့်အဝရနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ဒီလို စိတ်မျိုးတွေ ဝင်စရာ အကြောင်း မရှိပါဘူး။
(၃)ယုံပေးဖို့ ခက်နေတာ
Relationship တစ်ခုမှာ ယုံကြည်မှုက အရေးကြီးပါတယ်။ ဒီလူ့အပြု အမှုအပေါ် မယုံကြည်ရတဲ့ သံသယဝင်မိတဲ့ အကြိမ်ရေတွေ အရမ်း များနေပြီဆိုရင်တော့ ဒါဟာ ပြဿနာတစ်ခုပါ။သင့်ကို စိတ်မလုံခြုံမှုတွေ ခံစားရစေတယ်။သံသယစိတ်တွေ ပြည့်နှက်နေစေတယ်ဆိုရင်တော့ ဒါဟာ သူသင့်ကို တကယ်မချစ်ကြောင်း ပြနေတဲ့ လက္ခဏာတစ်ခုပါ။ သူသာတကယ်ချစ်ရင် သင့်ရဲ့ ယုံကြည်မှုအပေါ် အလေးထားပြီး စိတ် ပိုင်းဆိုင်ရာ လုံခြုံမှုရအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမှာပါ။
(၄) အတုံ့အလှည့်မရှိတာ
ဒီအချက်ကတော့ တကယ်မချစ်မှန်းပြနေတဲ့ အရမ်းသိသာတဲ့ လက္ခ ဏာတစ်ခုပါ။သင့်ဘက်ကချည်း သူ့အတွက် စဉ်းစားပေး၊လုပ်ပေးနေေ ပမယ့် သူ့ဘက်က ဘာတုံ့ပြန်မှုမှ မလာတာမျိုးပါ။သင်က တစ်ခုခုလုပ်ေ ပးနေ ရင် သူ့ဘက်က ဒီအပြုအမှုအပေါ် အသိအမှတ်ပြုတာ၊အတုံ့အ လှည့် ပြန်လုပ်ပေးတာမျိုး မရှိပဲ ကိုယ့်ဆီက အယူချည်းသက်သက်ဆို ရင်တော့ ဒီအချစ်မစစ်လို့ပါ။
(၅)ချစ်ရဲ့လား .?
သူငါ့ကို ချစ်ကောချစ်ရဲ့လား.? မချစ်ဘူးလား.?ဒီလိုသံသယအတွေးေ တွက အမြဲဝင်နေရပြီဆိုရင်တော့ သူသင်ကို တ ကယ်မချစ်လို့ပါ။ ကို ယ်ချစ်တဲ့သူကို ဒီ်လိုမျိုးအတွေးတွေ ကြားထဲ ခံစားနေရအောင် ဘယ်သူ ကမှ ဒီတိုင်း ပစ်မထားပါဘူး။တခြားအချက်တွေကတော့ သင့်အပေါ် လိမ်တာ၊သင်နဲ့ပတ်သက်တာတွေကို အလေးအနက်မထားတာေ တွ တွေ့နေရပြီ ဆိုရင်တော့ ဒီလူကိုယ့်အပေါ်မှာ တကယ်မချစ်မှန်း သိသင့်ပါပြီ။
ဒီလိုအချက်တွေ တွေ့နေရပြီ ခံစားနေရပြီဆိုရင်တော့ မျိုသိပ်မထားပါနဲ့။ ပွင့်ပွင့်လင်းလင်းဖွင့်မေးလိုက်ပါ။ဒါမှသာ သူဘယ်လို တုံ့ပြန်မလဲ ဆို တာကို သိနိုင်မှာပါ။စိတ်ကုန်သွားတာလား မေးပါ။ သူ့ဘက်ကနေ တ ကယ်ချစ်တာပါလို့ ပြောလာရင်တော့ သူ့ရဲ့အပြုအမှုတွေကို ပြင်ဖို့ အချိန်ခ ဏလောက်တော့ ပေးလိုက်ပါ။ဒီတိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင်ေ တာ့ ပြတ်ပြတ်သားသား လမ်းခွဲလိုက်ပါ။
Credit : Aunty May
LEAVE A REPLY