Zawgyi ျဖင့္ဖတ္ရန္

ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ မဟာဗ်ဴဟာ ေလ့လာေရးနဲ႔ ေလ့က်င့္ေရး ဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚေကသီစိုးကို ခ်က္သမၼတႏိုင္ငံမွာ ျပန္လည္ ဖြင့္လွစ္မယ့္ ျမန္မာႏိုင္ငံသံ႐ုံး အတြက္ အထူးအာဏာကုန္ လႊဲအပ္ျခင္းခံရတဲ့ သံအမတ္ႀကီး အျဖစ္ ခန႔္အပ္လိုက္ေၾကာင္း ဇြန္လ ၆ ရက္ေန႔မွာ အစိုးရက ထုတ္ျပန္လိုက္ပါတယ္။

ခ်က္သမၼတ ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး အျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ ေဒၚေကသီစိုးဟာ ျမန္မာႏိုင္ငံရဲ႕ ပၪၥမ ေျမာက္ အမ်ိဳးသမီး သံအမတ္ႀကီး အျဖစ္လည္း မွတ္တမ္း ဝင္ခဲ့ပါတယ္။ ေဒၚေကသီစိုးဟာ ႏိုင္ငံေရးရာ ဦးစီးဌာနရဲ႕ ဥေရာပဌာနခြဲ ၫြန္ၾကားေရးမႉး၊ အီတလီႏိုင္ငံ ျမန္မာသံမႉးႀကီး ရာထူးေတြကိုလည္း အရင္က တာဝန္ ထမ္းေဆာင္ခဲ့ဖူးတယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဘီဘီစီကို ေျပာပါတယ္။

အမ်ိဳးသမီးထဲက ျမန္မာ သံအမတ္ႀကီး အျဖစ္ အရင္က တာဝန္ထမ္းေဆာင္ခဲ့ဖူးသူေတြကေတာ့ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ဇနီး ေဒၚခင္ၾကည္ (အိႏၵိယ)၊ ေဒၚယဥ္ယဥ္ျမင့္ (ဂ်ာမနီ)၊ ေဒၚေမာ္ေမာ္ (ေနာ္ေဝ)၊ ေဒၚအိအိခင္ဧ (အင္ဒိုနီးရွား) တို႔ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက အရင္ကတည္းက ခ်က္ကိုစလိုဗက္ကီးယားႏိုင္ငံ ပရာ့ဂ့္ ၿမိဳ႕မွာ သံ႐ုံးရွိခဲ့တယ္။ ဒါေပမဲ့ ၁၉၉၃ ခုႏွစ္မွာ ခ်က္ခ္ႏိုင္ငံနဲ႔ စလိုဗက္ကီးယားႏိုင္ငံ ဆိုၿပီး ၂ႏိုင္ငံ သီးျခားစီကြဲသြားၿပီး ျမန္မာနဲ႔ ဆက္ဆံေရးလည္း ပ်က္သြားခဲ့တယ္။ အဲဒီက ျမန္မာသံ႐ုံးကို လည္း ေရာင္းပစ္လိုက္တဲ့အထိ ျဖစ္ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ လႊတ္ေတာ္တြင္းျပန္ဝင္ေရာက္လာတဲ့ ၂၀၁၂ ေလာက္ကစၿပီးေတာ့မွ ခ်က္ႏိုင္ငံက ျမန္မာႏိုင္ငံကို သံတမန္ဆက္ဆံေရးစတင္ဖို႔ျပန္လည္ႀကိဳးစားခဲ့ၿပီး ၂၀၁၄ မွာ ျမန္မာႏိုင္ငံအတြင္း သံ႐ုံးျပန္ဖြင့္ခဲ့တယ္။ ကြယ္လြန္သြားတဲ့ ခ်က္သမၼတေဟာင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ဆက္ဆံေရးဟာ အေတာ္ခိုင္ၿမဲတဲ့ မိတ္ေဆြဆက္ဆံေရးလို႔ ေျပာလို႔ရတယ္

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အမျိုးသမီး သံအမတ်ကြီး

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးကို ချက်သမ္မတနိုင်ငံမှာ ပြန်လည် ဖွင့်လှစ်မယ့် မြန်မာနိုင်ငံသံရုံး အတွက် အထူးအာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ သံအမတ်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း ဇွန်လ ၆ ရက်နေ့မှာ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဒေါ်ကေသီစိုးဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမ မြောက် အမျိုးသမီး သံအမတ်ကြီး အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒေါ်ကေသီစိုးဟာ နိုင်ငံရေးရာ ဦးစီးဌာနရဲ့ ဥရောပဌာနခွဲ ညွန်ကြားရေးမှူး၊ အီတလီနိုင်ငံ မြန်မာသံမှူးကြီး ရာထူးတွေကိုလည်း အရင်က တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးထဲက မြန်မာ သံအမတ်ကြီး အဖြစ် အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် (အိန္ဒိယ)၊ ဒေါ်ယဉ်ယဉ်မြင့် (ဂျာမနီ)၊ ဒေါ်မော်မော် (နော်ဝေ)၊ ဒေါ်အိအိခင်ဧ (အင်ဒိုနီးရှား) တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အရင်ကတည်းက ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရာ့ဂ့် မြို့မှာ သံရုံးရှိခဲ့တယ်။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်မှာ ချက်ခ်နိုင်ငံနဲ့ စလိုဗက်ကီးယားနိုင်ငံ ဆိုပြီး ၂နိုင်ငံ သီးခြားစီကွဲသွားပြီး မြန်မာနဲ့ ဆက်ဆံရေးလည်း ပျက်သွားခဲ့တယ်။ အဲဒီက မြန်မာသံရုံးကို လည်း ရောင်းပစ်လိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းပြန်ဝင်ရောက်လာတဲ့ ၂၀၁၂ လောက်ကစပြီးတော့မှ ချက်နိုင်ငံက မြန်မာနိုင်ငံကို သံတမန်ဆက်ဆံရေးစတင်ဖို့ပြန်လည်ကြိုးစားခဲ့ပြီး ၂၀၁၄ မှာ မြန်မာနိုင်ငံအတွင်း သံရုံးပြန်ဖွင့်ခဲ့တယ်။ ကွယ်လွန်သွားတဲ့ ချက်သမ္မတဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆက်ဆံရေးဟာ အတော်ခိုင်မြဲတဲ့ မိတ်ဆွေဆက်ဆံရေးလို့ ပြောလို့ရတယ်

share from : burmese.asia

LEAVE A REPLY