Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံ မွာ Food Box နဲ႔ပတ္သက္ၿပီး အလြန္မွား ယြင္းတဲ့ အယူအဆကေတာ့ Food Box ထဲကအစားအစာမ်ားသည္ ဆင္းရဲသား၊ စားစရာမရွိတဲ့သူေတြကသာ ယူရမယ္ ဆိုတဲ့အယူအဆပါပဲ။

အဲဒီအယူအဆမွားေၾကာင့္ လူပုဂၢိဳလ္အခ်ိဳ႕၊ ျဖဴစင္တဲ့ မိခင္အခ်ိဳ႕နဲ႔ မိသားစု အခ်ိဳ႕ အရွက္ကြဲအက်ိဳးနည္း ျဖစ္ခဲ့ရၾကပါတယ္။

ႏိုင္ငံတကာမွာ Food Box ကို Blessing Box ဆိုၿပီးလဲ ေခၚၾကတယ္။ သူတို႔ဆီက Blessing Box မွာ မည္သူမဆို ယူစားသုံးလို႔ ရသလို လွဴဒါန္းခြင့္လည္းရွိပါတယ္။ သူေဌးႀကီးက လမ္းမွာ ေရဆာလို႔ ေရဗူးယူလိုက္တယ္။ လမ္းေဘးက်င္လည္ေနတဲ့ သူကလည္း သူ႔မွာရွိတဲ့ မုန္႔ထုတ္ေလးကို ျပန္လွဴတယ္။ လူဆိုတာ အၿမဲမလႉႏိုင္သလို အၿမဲမလိုအပ္ပါဘူး။ ဒါေၾကာင့္ လွဴတစ္လွည့္ ယူတစ္လွည့္နဲ႔ Blessing Box က တကယ္ ခ်စ္စရာ မြန္ျမတ္တဲ့ အလုပ္ျဖစ္လာပါတယ္။ လမ္းသြား လမ္းလာ ခရီးသြားေတြအတြက္ ကုသိုလ္ယူႏိုင္ဖို႔ လမ္းျဖစ္သလို၊ ဒုကၡၾကဳံေနတဲ့သူအတြက္ အဆင္ေျပစရာ ျဖစ္တယ္။

ေရႊုျမန္မာေတြက အႏွစ္သာရကို မသိပဲ ေကာ္ပီလုပ္ခ် လိုက္ေတာ့ သူတို႔ရဲ႕ Food Box က အဆိပ္ထက္ေတာင္ ေၾကာက္စရာ ေကာင္းလာတယ္။ ေရႊျမန္မာေတြရဲ႕ Food Box ဟာ Blessing Box မဟုတ္ဘူး။ လူ႔ဂုဏ္သိကၡာ ေထာင္ေျခာက္ပဲ။

ရွင္းရွင္းေျပာရရင္

၁။ လူတိုင္းအတြက္မလွဴခ်င္ရင္ Food Box လုပ္မေနပါနဲ႔။
၂။ စားစရာမရွိတဲ့ ဆင္းရဲသားေတြအတြက္ပဲ ဆိုရင္ ဆင္းရဲသားမ်ားသာ ယူခြင့္ရွိသည္ ေရးထားပါ။ လူတိုင္းလို႔ ေရးမေနပါနဲ႔။
၃။ Food Box ထဲက အစားအစာ မကုန္ေစခ်င္ရင္ အလွၾကည့္ဖို႔ဆိုရင္ အစားအစာမထားပဲ ႐ုပ္ပုံပဲ ကပ္ပါ လွလွပပ။
၄။ နာမည္ႀကီးခ်င္လို႔ လုပ္တယ္ဆို အဲေငြနဲ႔ MRTV 4 မွာ မိမိကို မိမိ ေၾကာ္ျငာပါ။
၅။ မိမိလည္း မလွဴပဲ ယူတဲ့ သူေတြရဲ႕ပုံကို ယူၿပီး လိုင္းေပၚတင္တာ၊ ေကာင့္မန္႔မွာ ေဝဖန္ဆဲဆိုသူေတြလည္း မိမိဟာ ဘာမွ မသိပဲ ဝင္ေဟာင္တဲ့ “ဟိုဟာ” ဆိုတာ သိထားပါ။

မိမိေၾကာင့္ သူမ်ားမ်က္ရည္မက်ပါေစနဲ႔

Credit : Khamh Bawi Lian

Unicode ဖြင့်ဖတ်ရန်

ရွှေုမြန်မာ များ၏ Food Box အယူမှား

မြန်မာနိုင်ငံ မှာ Food Box နဲ့ပတ်သက်ပြီး အလွန်မှား ယွင်းတဲ့ အယူအဆကတော့ Food Box ထဲကအစားအစာများသည် ဆင်းရဲသား၊ စားစရာမရှိတဲ့သူတွေကသာ ယူရမယ် ဆိုတဲ့အယူအဆပါပဲ။

အဲဒီအယူအဆမှားကြောင့် လူပုဂ္ဂိုလ်အချို့၊ ဖြူစင်တဲ့ မိခင်အချို့နဲ့ မိသားစု အချို့ အရှက်ကွဲအကျိုးနည်း ဖြစ်ခဲ့ရကြပါတယ်။

နိုင်ငံတကာမှာ Food Box ကို Blessing Box ဆိုပြီးလဲ ခေါ်ကြတယ်။ သူတို့ဆီက Blessing Box မှာ မည်သူမဆို ယူစားသုံးလို့ ရသလို လှူဒါန်းခွင့်လည်းရှိပါတယ်။ သူဌေးကြီးက လမ်းမှာ ရေဆာလို့ ရေဗူးယူလိုက်တယ်။ လမ်းဘေးကျင်လည်နေတဲ့ သူကလည်း သူ့မှာရှိတဲ့ မုန့်ထုတ်လေးကို ပြန်လှူတယ်။ လူဆိုတာ အမြဲမလှူနိုင်သလို အမြဲမလိုအပ်ပါဘူး။ ဒါကြောင့် လှူတစ်လှည့် ယူတစ်လှည့်နဲ့ Blessing Box က တကယ် ချစ်စရာ မွန်မြတ်တဲ့ အလုပ်ဖြစ်လာပါတယ်။ လမ်းသွား လမ်းလာ ခရီးသွားတွေအတွက် ကုသိုလ်ယူနိုင်ဖို့ လမ်းဖြစ်သလို၊ ဒုက္ခကြုံနေတဲ့သူအတွက် အဆင်ပြေစရာ ဖြစ်တယ်။

ရွှေုမြန်မာတွေက အနှစ်သာရကို မသိပဲ ကော်ပီလုပ်ချ လိုက်တော့ သူတို့ရဲ့ Food Box က အဆိပ်ထက်တောင် ကြောက်စရာ ကောင်းလာတယ်။ ရွှေမြန်မာတွေရဲ့ Food Box ဟာ Blessing Box မဟုတ်ဘူး။ လူ့ဂုဏ်သိက္ခာ ထောင်ခြောက်ပဲ။

ရှင်းရှင်းပြောရရင်

၁။ လူတိုင်းအတွက်မလှူချင်ရင် Food Box လုပ်မနေပါနဲ့။
၂။ စားစရာမရှိတဲ့ ဆင်းရဲသားတွေအတွက်ပဲ ဆိုရင် ဆင်းရဲသားများသာ ယူခွင့်ရှိသည် ရေးထားပါ။ လူတိုင်းလို့ ရေးမနေပါနဲ့။
၃။ Food Box ထဲက အစားအစာ မကုန်စေချင်ရင် အလှကြည့်ဖို့ဆိုရင် အစားအစာမထားပဲ ရုပ်ပုံပဲ ကပ်ပါ လှလှပပ။
၄။ နာမည်ကြီးချင်လို့ လုပ်တယ်ဆို အဲငွေနဲ့ MRTV 4 မှာ မိမိကို မိမိ ကြော်ငြာပါ။
၅။ မိမိလည်း မလှူပဲ ယူတဲ့ သူတွေရဲ့ပုံကို ယူပြီး လိုင်းပေါ်တင်တာ၊ ကောင့်မန့်မှာ ဝေဖန်ဆဲဆိုသူတွေလည်း မိမိဟာ ဘာမှ မသိပဲ ဝင်ဟောင်တဲ့ “ဟိုဟာ” ဆိုတာ သိထားပါ။

မိမိကြောင့် သူများမျက်ရည်မကျပါစေနဲ့

Credit : Khamh Bawi Lian

LEAVE A REPLY