Zawgyi ျဖင့္ဖတ္ရန္

 

မႏၲေလးက်ဳံးရဲ႕ အေရွ႕ဘက္ ၆၆ လမ္း၊ ၂၂ လမ္းနဲ႔ ၂၃ လမ္းၾကားမွာ လူမ်ိဳးဘာသာ အဆင့္အတန္းမေ႐ြး မည္သူမဆို အခမဲ့ဝင္ယူ စားသုံးႏိုင္တဲ့ Food Box တခုကို ပရဟိတ အဖြဲ႕တခုက စီစဥ္ေပးထားပါတယ္။ဒီ Food Box ေနရာမွာ အရင္က အခမဲ့စာၾကည့္တိုက္ပုံးရွိခဲ့ေပမယ္ ဇြန္လ ၁၀ ရက္က စတင္ၿပီး စာအုပ္၊ ဂ်ာနယ္ေတြအျပင္ အေအးဘူးနဲ႔ အဆာေျပမုန႔္ေတြပါ ထည့္ေပးထားတာ ျဖစ္ပါတယ္။

ဒီ Food Box မွာ လိုအပ္တဲ့ အေအးဘူးနဲ႔မုန႔္ေတြကို One To One ျပည္သူကူညီေရး ပရဟိတအဖြဲ႕က အၿမဲလာေရာက္ ျဖည့္စြက္လႉဒါန္းေနတာျဖစ္ၿပီး ပုဂၢလိက အလႉရွင္တခ်ိဳ႕ ကလည္း လာေရာက္လႉဒါန္းတာေတြ ရွိေနပါတယ္။One To One ျပည္သူကူညီေရး ပရဟိတအဖြဲ႕မွ ဦးဝမ္းက “အခုလို Food Box ျပဳလုပ္ေပးတာက လမ္းသြားလမ္းလာေတြ၊ ေဈးသည္ေတြ၊ အပန္းေျဖလာသူေတြ၊ ခရီးသြားေတြနဲ႔ လုပ္သားျပည္သူေတြ ေရငတ္ေျပေသာက္သုံးဖို႔နဲ႔ ဗိုက္ဆာရင္ အဆာေျပစားဖို႔ ျပဳလုပ္ေပးတာပါ” လို႔ ေျပာပါတယ္။

 

အခုလို လူမ်ိဳးဘာသာမေ႐ြး အဆင့္အတန္းမေ႐ြး အခမဲ့ စားသုံးႏိုင္ဖို႔ ရည္႐ြယ္ ဖြင့္လွစ္ထားတဲ့ Food Box မွာ မိမိတို႔အတြက္ ပိုလွ်ံေနတဲ့အစားအေသာက္ေတြ၊ စာအုပ္ေတြနဲ႔ ဂ်ာနယ္ေတြကို လာေရာက္လႉဒါန္းၾကဖို႔လည္း ဖိတ္ေခၚထားတယ္။One To One ျပည္သူကူညီေရး ပရဟိတအဖြဲ႕က မႏၲေလးက်ဳံးပတ္လည္မွာ Food Box ေတြထပ္တိုးခ်ထားႏိုင္ဖို႔အတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ေဆြးေႏြးေဆာင္႐ြက္သြားဖို႔ ရွိေနပါတယ္။

အေအးနဲ႔ မုန႔္ေတြ ပါဝင္လႉဒါန္းလိုသူေတြအေနနဲ႔ One To One ျပည္သူကူညီေရး ပရဟိတအဖြဲ႕ ကို ဆက္သြယ္ႏိုင္တယ္လို႔ သိရပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မန္တလေး ကျုံးအရှေ့ဘက်တွင် မည်သူမဆို အခမဲ့စားသုံးနိုင်သည့် Food Box ထားရှိ

မန္တလေးကျုံးရဲ့ အရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားမှာ လူမျိုးဘာသာ အဆင့်အတန်းမရွေး မည်သူမဆို အခမဲ့ဝင်ယူ စားသုံးနိုင်တဲ့ Food Box တခုကို ပရဟိတ အဖွဲ့တခုက စီစဉ်ပေးထားပါတယ်။ဒီ Food Box နေရာမှာ အရင်က အခမဲ့စာကြည့်တိုက်ပုံးရှိခဲ့ပေမယ် ဇွန်လ ၁၀ ရက်က စတင်ပြီး စာအုပ်၊ ဂျာနယ်တွေအပြင် အအေးဘူးနဲ့ အဆာပြေမုန့်တွေပါ ထည့်ပေးထားတာ ဖြစ်ပါတယ်။

ဒီ Food Box မှာ လိုအပ်တဲ့ အအေးဘူးနဲ့မုန့်တွေကို One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့က အမြဲလာရောက် ဖြည့်စွက်လှူဒါန်းနေတာဖြစ်ပြီး ပုဂ္ဂလိက အလှူရှင်တချို့ ကလည်း လာရောက်လှူဒါန်းတာတွေ ရှိနေပါတယ်။One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့မှ ဦးဝမ်းက “အခုလို Food Box ပြုလုပ်ပေးတာက လမ်းသွားလမ်းလာတွေ၊ ဈေးသည်တွေ၊ အပန်းဖြေလာသူတွေ၊ ခရီးသွားတွေနဲ့ လုပ်သားပြည်သူတွေ ရေငတ်ပြေသောက်သုံးဖို့နဲ့ ဗိုက်ဆာရင် အဆာပြေစားဖို့ ပြုလုပ်ပေးတာပါ” လို့ ပြောပါတယ်။

အခုလို လူမျိုးဘာသာမရွေး အဆင့်အတန်းမရွေး အခမဲ့ စားသုံးနိုင်ဖို့ ရည်ရွယ် ဖွင့်လှစ်ထားတဲ့ Food Box မှာ မိမိတို့အတွက် ပိုလျှံနေတဲ့အစားအသောက်တွေ၊ စာအုပ်တွေနဲ့ ဂျာနယ်တွေကို လာရောက်လှူဒါန်းကြဖို့လည်း ဖိတ်ခေါ်ထားတယ်။One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့က မန္တလေးကျုံးပတ်လည်မှာ Food Box တွေထပ်တိုးချထားနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

အအေးနဲ့ မုန့်တွေ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

share from : burmese.asia

LEAVE A REPLY