Zawgyi ျဖင့္ဖတ္ရန္

တစ္ခ်ိန္ကအႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္နာမည္ႀကီးေအာင္ျမင္ေက်ာ္ၾကားခဲ့သလို၊ ေၾကာ္ျငာမင္းသမီးလို႔ေတာင္ တင္စားေခၚရတဲ့ထိ ေၾကာ္ျငာေတြတိုင္း ႐ုပ္ရွင္ေတြတိုင္းမွာ သူမမပါမျဖစ္ အၿမဲျမင္ေတြ႕ခဲ့ရတဲ့ ထပ္ဆင့္အကယ္ဒမီ ထက္ထက္မိုးဦးကေတာ့ ပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာေတြကို အျပည့္မဝရရွိထားသူျဖစ္ပါတယ္။ စကားေျပာရင္လည္း အပိုအဆာမရွိ ေအးေဆးတည္ၿငိမ္စြာေျပာဆိုတတ္ၿပီး ဟန္ပန္အမူအယာတစ္မူပိုကာ ခ်စ္စရာေကာင္းသူေလးမို႔ ပရိသတ္ေတြကခ်စ္ခင္အားေပးခဲ့ၾကတာျဖစ္ၿပီး အႏုပညာအလုပ္ေတြနဲ႔ အလွမ္းေဝးသြားတဲ့သူမကို ယေန႔ထိတိုင္အားလုံးက ခ်စ္ေနၾကရတာပါ။

သို႔ေပမယ့္ အိမ္ေထာင္ေရးမွာ ကံမေကာင္းလွတဲ့ ထက္ထက္က သူမရဲ႕မိသားစုေလးနဲ႔ခြဲခြာၿပီး တစ္ေယာက္တည္းေနထိုင္ေနတာျဖစ္သလို ပရိသတ္ေတြနဲ႔ပါ အလွမ္းေဝးသြားေပမယ့္ သူမရဲ႕လႈပ္ရွားမႈသတင္းေတြကိုေတာ့ ပရိသတ္ႀကီးကအၿမဲမျပတ္ေစာင့္ၾကည့္အားေပးေနၾကဆဲပါ။

ယခုရက္ပိုင္းမွာေတာ့ ထက္ထက္နဲ႔ပတ္သက္တဲ့ စိတ္ပူစရာသတင္းတစ္ခုက အြန္းလိုင္းေပၚတက္လာခဲ့ပါတယ္။ အဲ့တာကေတာ့ ထက္ထက္တစ္ေယာက္ သူမရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ ခြဲစိတ္ကုသမႈျပဳလုပ္ရမယ္ဆိုတာပဲျဖစ္ပါတယ္။ ထက္ထက္ဟာဆိုရင္ မႏၲေလးၿမိဳ႕ရွိ မႏၲလာေဆး႐ုံမွာတက္ေရာက္ေနတာျဖစ္ၿပီး ယေန႔မနက္အေစာပိုင္း (၆) နာရီေလာက္မွာပဲ ခြဲစိတ္ကုသမႈကိုျပဳလုပ္ခဲ့ပါတယ္။ သူမခြဲစိတ္ကုသမႈခံယူရတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ သူမကိုခ်စ္တဲ့ပရိသတ္ေတြက စိုးရိမ္ပူပန္ေနၾကသလို ႏွလုံးေရာဂါအခံရွိတဲ့ထက္ထက္အတြက္ ခြဲစိတ္မႈေအာင္ျမင္ဖို႔ကိုလည္း ဝိုင္းဝန္းဆုေတာင္းေပးခဲ့ၾကပါတယ္။

 

 

အားလုံးရဲ႕ခ်စ္ေမတၱာေတြ၊ ပို႔သေပးတဲ့ဆုေတာင္းေတြေၾကာင့္ ထက္ထက္မိုးဦးရဲ႕ခြဲစိတ္ကုသမႈက ေအာင္ျမင္စြာၿပီးစီးခဲ့တယ္လို႔သိရပါတယ္။ ခြဲစိတ္မႈေအာင္ျမင္ခဲ့တဲ့ ထက္ထက္ရဲ႕က်န္းမာေရးအေျခအေနသတင္းကိုေတာ့ သူမနဲ႔အရင္းႏွီးဆုံးမိတ္ေဆြျဖစ္တဲ့ မႏၲေလးပက္စီဆိုတဲ့ အေကာင့္ပိုင္ရွင္ Make-up artist ကတင္ထားတာပဲျဖစ္ပါတယ္။

 

 

“မထက္ကိုခ်စ္တဲ့ပရိတ္သတ္ေတြစိတ္မပူေစဖို႔ပါခြဲစိတ္မႉ အဆင္ေျပ ေအာင္ျမင္စြာနဲ႔ မထက္အနားယူေနပါပီလို႔ဆုေတာင္းေပးၾကေသာ ပရိတ္သတ္ တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္” ဆိုကာ ေအာင္ျမင္စြာခြဲစိတ္ကုသၿပီးလို႔ အနားယူေနတဲ့ထက္ထက္ရဲ႕ပုံရိပ္ေတြကိုပါ တင္ထားခဲ့တာျဖစ္ပါတယ္။

ပရိသတ္ႀကီးေရ… ထက္ထက္ကေတာ့ က်န္းမာေရးအေျခအေနေၾကာင့္ ခြဲစိတ္ကုသမႈေအာင္ျမင္စြာၿပီးဆုံးသြားေပမယ့္ ဘာေၾကာင့္ခြဲစိတ္ကုသရတယ္ဆိုတာကိုေတာ့ တိတိက်က်ေဖာ္ျပထားျခင္းေတာ့ မရွိပါဘူး။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ထက်ထက်မိုးဦးရဲ့ ကျန်းမာရေးအခြေအနေ

ထက်ထက်မိုးဦး နာမည်ကြီး ကျန်းမာရေး

တစ်ချိန်ကအနုပညာလောကမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့သလို၊ ကြော်ငြာမင်းသမီးလို့တောင် တင်စားခေါ်ရတဲ့ထိ ကြော်ငြာတွေတိုင်း ရုပ်ရှင်တွေတိုင်းမှာ သူမမပါမဖြစ် အမြဲမြင်တွေ့ခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးကတော့ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်မဝရရှိထားသူဖြစ်ပါတယ်။ စကားပြောရင်လည်း အပိုအဆာမရှိ အေးဆေးတည်ငြိမ်စွာပြောဆိုတတ်ပြီး ဟန်ပန်အမူအယာတစ်မူပိုကာ ချစ်စရာကောင်းသူလေးမို့ ပရိသတ်တွေကချစ်ခင်အားပေးခဲ့ကြတာဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားတဲ့သူမကို ယနေ့ထိတိုင်အားလုံးက ချစ်နေကြရတာပါ။

သို့ပေမယ့် အိမ်ထောင်ရေးမှာ ကံမကောင်းလှတဲ့ ထက်ထက်က သူမရဲ့မိသားစုလေးနဲ့ခွဲခွာပြီး တစ်ယောက်တည်းနေထိုင်နေတာဖြစ်သလို ပရိသတ်တွေနဲ့ပါ အလှမ်းဝေးသွားပေမယ့် သူမရဲ့လှုပ်ရှားမှုသတင်းတွေကိုတော့ ပရိသတ်ကြီးကအမြဲမပြတ်စောင့်ကြည့်အားပေးနေကြဆဲပါ။

ယခုရက်ပိုင်းမှာတော့ ထက်ထက်နဲ့ပတ်သက်တဲ့ စိတ်ပူစရာသတင်းတစ်ခုက အွန်းလိုင်းပေါ်တက်လာခဲ့ပါတယ်။ အဲ့တာကတော့ ထက်ထက်တစ်ယောက် သူမရဲ့ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ ထက်ထက်ဟာဆိုရင် မန္တလေးမြို့ရှိ မန္တလာဆေးရုံမှာတက်ရောက်နေတာဖြစ်ပြီး ယနေ့မနက်အစောပိုင်း (၆) နာရီလောက်မှာပဲ ခွဲစိတ်ကုသမှုကိုပြုလုပ်ခဲ့ပါတယ်။ သူမခွဲစိတ်ကုသမှုခံယူရတယ်ဆိုတဲ့ သတင်းတွေကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေက စိုးရိမ်ပူပန်နေကြသလို နှလုံးရောဂါအခံရှိတဲ့ထက်ထက်အတွက် ခွဲစိတ်မှုအောင်မြင်ဖို့ကိုလည်း ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။

အားလုံးရဲ့ချစ်မေတ္တာတွေ၊ ပို့သပေးတဲ့ဆုတောင်းတွေကြောင့် ထက်ထက်မိုးဦးရဲ့ခွဲစိတ်ကုသမှုက အောင်မြင်စွာပြီးစီးခဲ့တယ်လို့သိရပါတယ်။ ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ ထက်ထက်ရဲ့ကျန်းမာရေးအခြေအနေသတင်းကိုတော့ သူမနဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့ မန္တလေးပက်စီဆိုတဲ့ အကောင့်ပိုင်ရှင် Make-up artist ကတင်ထားတာပဲဖြစ်ပါတယ်။

“မထက်ကိုချစ်တဲ့ပရိတ်သတ်တွေစိတ်မပူစေဖို့ပါခွဲစိတ်မှူ အဆင်ပြေ အောင်မြင်စွာနဲ့ မထက်အနားယူနေပါပီလို့ဆုတောင်းပေးကြသော ပရိတ်သတ် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်” ဆိုကာ အောင်မြင်စွာခွဲစိတ်ကုသပြီးလို့ အနားယူနေတဲ့ထက်ထက်ရဲ့ပုံရိပ်တွေကိုပါ တင်ထားခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ… ထက်ထက်ကတော့ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ကုသမှုအောင်မြင်စွာပြီးဆုံးသွားပေမယ့် ဘာကြောင့်ခွဲစိတ်ကုသရတယ်ဆိုတာကိုတော့ တိတိကျကျဖော်ပြထားခြင်းတော့ မရှိပါဘူး။

Credit : popolay

LEAVE A REPLY