Zawgyi ျဖင့္ဖတ္ရန္

ဒီရက္ပိုင္း ကိုယ္တိုင္ ဆံသား ကြၽတ္လြယ္ ျပတ္လြယ္ တာမို႔ ဆံပင္နဲ႔ ပက္သတ္တဲ့ နည္းေတြ လိုက္လုပ္ျဖစ္တယ္ ။ အမွန္ဆို ငယ္ငယ္က ဆံပင္အုံ ထူလြန္းလို႔ ဆံပင္ဆိုင္ သြားတိုင္း အၿမဲပါးခိုင္းရတဲ့သူ တေယာက္ပါ ။ ဒီရက္ပိုင္းမွာေတာ့ ဆံပင္ကြၽတ္တာ ခဏခဏ ျဖစ္လာေတာ့ နည္းနည္း လန႔္လာတယ္ ။ ကိုယ္တိုင္ ခံစားမိေတာ့ ကိုယ့္လို ျဖစ္ေနတဲ့သူေတြ အတြက္ နည္းေပးခ်င္လာတယ္ ။

ဆံပင္နဲ႔ ပက္သတ္လို႔ အေကာင္းဆုံး ဆိုတဲ့ နည္းေတြ လိုက္ရွာၾကည့္တယ္ ။ ေထာပတ္ ၊ ဇီးျဖဴ ၊ လက္ဖက္စိမ္း၊ ႀကံ ၊ လိေမၼာ္၊ သံပုရာ ၊ သံလြင္ဆီ စသည္ျဖင့္ နည္းေပါင္းစုံ ေတြ႕တယ္ ။ အားလုံးထဲမွာ အေကာင္းဆုံး ဆိုတဲ့ နည္း တခုေတာ့ ေတြ႕တယ္ ။ အဲဒီနည္းက သိပ္မခက္ဘဲ ဆံသားက္ု ထူေစၿပီး ဆံပင္ေပါက္လြယ္လို႔ ျပန္လည္ ေဖာ္ျပ လိုက္ပါတယ္ ။ ဒီနည္းမွာ ၾကက္ဆူဆီက အေရးပါတယ္ ။ အရင္ဆုံး ၾကက္ဆူဆီ ထမင္းစားဇြန္း( ၂ ) ဇြန္းကို ယူၿပီး ပ်ားရည္ထမင္းစားဇြန္း ( ၁ ) ဇြန္းနဲ႔ ေရာပါ ။

ၿပီးရင္ အထဲကို ၾကက္ဥႏွစ္( အဝါႏွစ္ ) တလုံး ထည့္ၿပီး သမေအာင္ ေမႊပါ ။ အဆိုပါ အေရာကို ဆံပင္အရင္း( ဆံသားအေျခ ) က ေမႊးညႇင္းေပါက္ ေတြထဲ ဝင္ေအာင္ ငါးမိနစ္ခန႔္ ႏွိပ္ေပးပါ ။ ၿပီးရင္ တေခါင္းလုံးကို ေသခ်ာပြတ္ၿပီး အေပၚက hair cap သို႔ ပလတ္စတစ္ အၾကည္တခုနဲ႔ အုပ္ပါ ။ အထက္ပါ အတိုင္း ေလးနာရီ ထားပါ ။

အားလုံးၿပီးရင္ ရွန္ပူ ခပ္ေပ်ာ့ေပ်ာ့နဲ႔ ထပ္ေလွ်ာ္ပါ ။ ဆံပင္ေလွ်ာ္တဲ့ အခါ လက္နဲ႔ အရမ္းဖိ မေလွ်ာ္သင့္ဘူး၊ ေရေႏြး မသုံးသင့္ဘူး ။ ေရေအးသာသုံးပါ ။ ဒီနည္းအတိုင္း တပတ္ကို ႏွစ္ႀကိမ္ တိတိလုပ္ပါ ။ ႏွစ္လအတြင္း ဆံပင္ပါးတာ ၊ဆံပင္ကြၽတ္တာ သိသိသာသာ သက္သာၿပီး သင့္ ဆံပင္ေတြ ထူလာလိမ့္မယ္ ။

Credit:ေဒါက္တာ ေအးမင္းထူး

Unicode ဖြင့်ဖတ်ရန်

ဒီရက်ပိုင်း ကိုယ်တိုင် ဆံသား ကျွတ်လွယ် ပြတ်လွယ် တာမို့ ဆံပင်နဲ့ ပက်သတ်တဲ့ နည်းတွေ လိုက်လုပ်ဖြစ်တယ် ။ အမှန်ဆို ငယ်ငယ်က ဆံပင်အုံ ထူလွန်းလို့ ဆံပင်ဆိုင် သွားတိုင်း အမြဲပါးခိုင်းရတဲ့သူ တယောက်ပါ ။ ဒီရက်ပိုင်းမှာတော့ ဆံပင်ကျွတ်တာ ခဏခဏ ဖြစ်လာတော့ နည်းနည်း လန့်လာတယ် ။ ကိုယ်တိုင် ခံစားမိတော့ ကိုယ့်လို ဖြစ်နေတဲ့သူတွေ အတွက် နည်းပေးချင်လာတယ် ။

ဆံပင်နဲ့ ပက်သတ်လို့ အကောင်းဆုံး ဆိုတဲ့ နည်းတွေ လိုက်ရှာကြည့်တယ် ။ ထောပတ် ၊ ဇီးဖြူ ၊ လက်ဖက်စိမ်း၊ ကြံ ၊ လိမ္မော်၊ သံပုရာ ၊ သံလွင်ဆီ စသည်ဖြင့် နည်းပေါင်းစုံ တွေ့တယ် ။ အားလုံးထဲမှာ အကောင်းဆုံး ဆိုတဲ့ နည်း တခုတော့ တွေ့တယ် ။ အဲဒီနည်းက သိပ်မခက်ဘဲ ဆံသားက်ု ထူစေပြီး ဆံပင်ပေါက်လွယ်လို့ ပြန်လည် ဖော်ပြ လိုက်ပါတယ် ။ ဒီနည်းမှာ ကြက်ဆူဆီက အရေးပါတယ် ။ အရင်ဆုံး ကြက်ဆူဆီ ထမင်းစားဇွန်း( ၂ ) ဇွန်းကို ယူပြီး ပျားရည်ထမင်းစားဇွန်း ( ၁ ) ဇွန်းနဲ့ ရောပါ ။

ပြီးရင် အထဲကို ကြက်ဥနှစ်( အဝါနှစ် ) တလုံး ထည့်ပြီး သမအောင် မွှေပါ ။ အဆိုပါ အရောကို ဆံပင်အရင်း( ဆံသားအခြေ ) က မွှေးညှင်းပေါက် တွေထဲ ဝင်အောင် ငါးမိနစ်ခန့် နှိပ်ပေးပါ ။ ပြီးရင် တခေါင်းလုံးကို သေချာပွတ်ပြီး အပေါ်က hair cap သို့ ပလတ်စတစ် အကြည်တခုနဲ့ အုပ်ပါ ။ အထက်ပါ အတိုင်း လေးနာရီ ထားပါ ။

အားလုံးပြီးရင် ရှန်ပူ ခပ်ပျော့ပျော့နဲ့ ထပ်လျှော်ပါ ။ ဆံပင်လျှော်တဲ့ အခါ လက်နဲ့ အရမ်းဖိ မလျှော်သင့်ဘူး၊ ရေနွေး မသုံးသင့်ဘူး ။ ရေအေးသာသုံးပါ ။ ဒီနည်းအတိုင်း တပတ်ကို နှစ်ကြိမ် တိတိလုပ်ပါ ။ နှစ်လအတွင်း ဆံပင်ပါးတာ ၊ဆံပင်ကျွတ်တာ သိသိသာသာ သက်သာပြီး သင့် ဆံပင်တွေ ထူလာလိမ့်မယ် ။

Credit:ဒေါက်တာ အေးမင်းထူး

LEAVE A REPLY