Zawgyi ဖြင့်ဖတ်ရန်



 

 

 



Unicode ဖြင့်ဖတ်ရန်

တပ်မှူး ဘဝကတည်းက အဂတိလိုက်စားမှုကင်းပြီး အလုပ်နဲ့မိသားစုအပေါ်မှာ တာဝန်ကျေတဲ့ ဖခင် အကြောင်းပြောပြလာတဲ့ ခိုင်သင်းကြည်

ဒီနေ့ဇွန်လ (၁၆) ရက်နေ့ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အဖေတွေအားလုံးကို ဂုဏ်ပြုကြတဲ့ အဖေများနေ့လေးပဲ ဖြစ်ပါတယ်။ အဖေများနေ့မှာတော့ သား၊သမီးတွေက သူတို့ရဲ့ဖခင်ကို အမှတ်တရလက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့လေ့ရှိကြသလို အဖေ့ကိုဘယ်လောက်ချစ်ကြောင်း ဖော်ပြလေ့ရှိကြတာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကလည်း သူမလေးစားတန်ဖိုးထားတဲ့ ဖခင်ဖြစ်သူရဲ့အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ ပြောပြလာခဲ့ပါတယ်။

ခိုင်သင်းကြည်က ” Happy Father’s Day ကိုယ့်ဘဝမှာချစ်ခင်လေးစားတန်ဘိုးထားရသော,အနုပညာလောကမှာမျက်နှာမငယ်အောင်,တန်ဘိုးရှိရှိနေတက်အောင်,လမ်းကြောင်းမှန်မှန်လျှောက်လှမ်းနိုင်အောင်ဆုံးမလမ်းပြပေးခဲ့သော,လေ့ကျင့်ရေး၃တပ်မှူးနှင့်စဝတဥက္ကဌတာဝန်ကိုထမ်းဆောင်ခဲ့စဉ်ကာလမှာလာရောက်ကန်တော့သည့်လက်ဆောင်များထဲက စားစရာမှလွဲ၍ငွေနှင့်တန်ဖိုးကြီးပစ္စည်းများကိုပြန်ပေးတက်သော,အထက်လူကြီးများကိုလဲအစားအသောက်များနှင့်သာကန်တော့တက်သော ”

“တပ်သား၂၀၀၀ကျော်စားသည့်အစားအစာများကို(အသားပါသည့်နေ့တွင်အသားနူးမနူးအရသာရှိမရှိ)ကိုယ်တိုင်စစ်ပြီးမှထမင်းစားတက်သော ရုံးတက်ချိန်မှန်၍ရုံးဆင်းချိန်နောက်ကျတက်သော ‘ယခုအသက်၈၅နှစ်အရွယ်မခိုင်ရဲ့ကျေးဇူးရှင်ဖေဖေ ယခုလိုကျန်းမာစွာဖြင့်အသက်ရာကျော်ရှည်ပါစေကြောင်းအဖေများနေ့တွင်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်” ဆိုပြီး ပုံလေးတွေနဲ့အတူ အဖေများနေ့အမှတ်တရစကားလေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း အဖေများနေ့မှာ ချစ်ရတဲ့အဖေအတွက် အမှတ်တရလေးတွေ မဖြစ်မနေ ဖန်တီးပေးဖို့ မမေ့နဲ့ဦးနော်။

share from : burmese.asia

LEAVE A REPLY