Zawgyi ျဖင့္ဖတ္ရန္

 

အခ်စ္အေပၚခံယူခ်က္ေတြ၊ သေဘာထားေတြ၊ ဆုံးျဖတ္ခ်က္ေတြဟာ ေသြးအမ်ိဳးအစားနဲ႔လည္း ဆိုင္ေနတတ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ ေသြးအမ်ိဳးအစားအလိုက္ အခ်စ္ေရး နဲ႔ပတ္သက္တဲ့ သေဘာထားေလးေတြပဲျဖစ္ပါတယ္။

(၁) A ေသြး

ေအေသြးေလးေတြဟာ အခ်စ္ကို ဦးစားေပးတဲ့သူေတြပါ။ တစ္ေယာက္ဆိုတစ္ေယာက္ စြဲစြဲၿမဲၿမဲခ်စ္တတ္တဲ့သူေတြ ျဖစ္ပါတယ္။ ခ်စ္သူက ဂ႐ုမစိုက္တာလိုလို၊ စိတ္မပါတာလိုလို လုပ္တာမ်ိဳး အမုန္းဆုံးပါပဲ။ ျပန္မေျပာနားမေထာင္တတ္တဲ့သူေတြျဖစ္တာေၾကာင့္ တစ္ခါတေလမွာ သူတို႔ေၾကာင့္ စိတ္ကသိကေအာက္ျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးမွာ ကံေကာင္းမလိုလိုနဲ႔ ကံေခတတ္တဲ့သူေတြပါ။ သူတို႔ကို ယုံၾကည္မႈအျပည့္ေပးႏိုင္တဲ့သူကိုပဲ ခ်စ္ခ်င္ၾကတဲ့သူေတြပါ။ ခ်စ္သူကို သူတို႔ဖက္ကပဲ အရင္စေခ်ာ့တတ္တဲ့သူေတြပါ။

(၂) B ေသြး

ဘီေသြးေလးေတြဟာ အခ်စ္ကို အကိုးကြယ္ဆုံးေသြးအမ်ိဳးအစားေတြပါ။ အရမ္းခ်စ္တတ္လြန္းလို႔ တစ္ဖက္လူရဲ႕ ပစ္ခ်ျခင္း၊ အခြင့္ေကာင္းယူျခင္း၊ အသုံးခ်ျခင္းေတြကို ခံရတတ္တဲ့သူေတြပါ။ ဆူတာေငါက္တာ၊ ပြစိပြစိလုပ္တာ လုံးဝမႀကိဳက္ပါဘူး။ အၿငိဳးအရမ္းႀကီးတဲ့သူေတြျဖစ္တာေၾကာင့္ သူတို႔ကို သစၥာမေဖာက္မိပါေစနဲ႔။ အခ်စ္ေရးမွာ အၿမဲလိုလို အထီးက်န္ဆန္ေနတတ္တဲ့သူေတြပါ။ အခ်ိန္ျပည့္ သည္းသည္းလႈပ္ခ်စ္ၿပီး ဂ႐ုစိုက္ႏိုင္တဲ့သူေတြကိုပဲ ခ်စ္ခ်င္ၾကပါတယ္။

(၃) AB ေသြး

ေအဘီေသြးေတြဟာ အခ်စ္ကို ေတာ္ေတာ္ဦးစားေပးပါတယ္။ ခ်စ္သူကို ႐ူး႐ူးမူူးမူးခ်စ္ေပမယ့္ အလိုေတာ့ မလိုက္ပါဘူး။ ေခါင္းအရမ္းမာတဲ့သူေတြ မို႔လို႔ပါ။ သူတို႔ကိစၥေတြကို စပ္စုတာ၊ မ်က္စိေဒါက္ေထာက္ၾကည့္တာမ်ိဳးေတြကို မုန္းပါတယ္။ ေအဘီေသြးေတြရဲ႕ သည္းမခံႏိုင္စရာ အခ်က္ကေတာ့ ဘယ္အရာကိုမွ ေလးေလးနက္နက္မရွိတာပါပဲ။ ဒါေၾကာင့္ပဲ ခ်စ္သူက သူတို႔ကို စိတ္ကုန္ၿပီး သစၥာေဖာက္သြားတတ္ပါတယ္။ သည္းခံႏိုင္တဲ့ ခ်စ္သူမ်ိဳးနဲ႔မွ အဆင္ေျပပါတယ္။

(၄) O ေသြး

အိုေသြးေတြဟာ အခ်စ္ကို အရမ္းဦးစားမေပးပါဘူး။ လွ်ိဳ႕ဝွက္ခ်က္ေတြ အရမ္းမ်ားတဲ့သူေတြပါ။ ခ်စ္သူကို ဘယ္ေတာ့မွ သည္းသည္းလႈပ္ Over ေတြ လုပ္မျပတတ္တဲ့သူေတြပါ။ စိတ္ဆိုးလာၿပီဆိုရင္ ဥေပကၡာျပဳတတ္တဲ့သူေတြပါ။ အခ်စ္ဦးကိုဘယ္ေတာ့မွ မေမ့ႏိုင္ၾကပါဘူး။ သူတို႔ကို အခ်ိန္ေပးႏိုင္ၿပီး နားလည္ေပးႏိုင္တဲ့သူနဲ႔မွ အဆင္ေျပမွာပါ။ အရမ္းရစ္ၿပီး မ်က္ရည္လြယ္တဲ့သူေတြပါ။ ဝမ္းနည္းလြယ္ေပမယ့္ ဘယ္ေတာ့မွ ထုတ္မျပဘဲ ႀကိတ္ခံစားတတ္တဲ့သူေတြပါ။

Credit : Aunty May

Unicode ဖြင့်ဖတ်ရန်

သွေးအမျိုးအစားအလိုက် ကြုံတွေ့ရမယ့် အချစ်ရေးများ

အချစ်အပေါ်ခံယူချက်တွေ၊ သဘောထားတွေ၊ ဆုံးဖြတ်ချက်တွေဟာ သွေးအမျိုးအစားနဲ့လည်း ဆိုင်နေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သွေးအမျိုးအစားအလိုက် အချစ်ရေး နဲ့ပတ်သက်တဲ့ သဘောထားလေးတွေပဲဖြစ်ပါတယ်။

(၁) A သွေး

အေသွေးလေးတွေဟာ အချစ်ကို ဦးစားပေးတဲ့သူတွေပါ။ တစ်ယောက်ဆိုတစ်ယောက် စွဲစွဲမြဲမြဲချစ်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ ချစ်သူက ဂရုမစိုက်တာလိုလို၊ စိတ်မပါတာလိုလို လုပ်တာမျိုး အမုန်းဆုံးပါပဲ။ ပြန်မပြောနားမထောင်တတ်တဲ့သူတွေဖြစ်တာကြောင့် တစ်ခါတလေမှာ သူတို့ကြောင့် စိတ်ကသိကအောက်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာ ကံကောင်းမလိုလိုနဲ့ ကံခေတတ်တဲ့သူတွေပါ။ သူတို့ကို ယုံကြည်မှုအပြည့်ပေးနိုင်တဲ့သူကိုပဲ ချစ်ချင်ကြတဲ့သူတွေပါ။ ချစ်သူကို သူတို့ဖက်ကပဲ အရင်စချော့တတ်တဲ့သူတွေပါ။

(၂) B သွေး

ဘီသွေးလေးတွေဟာ အချစ်ကို အကိုးကွယ်ဆုံးသွေးအမျိုးအစားတွေပါ။ အရမ်းချစ်တတ်လွန်းလို့ တစ်ဖက်လူရဲ့ ပစ်ချခြင်း၊ အခွင့်ကောင်းယူခြင်း၊ အသုံးချခြင်းတွေကို ခံရတတ်တဲ့သူတွေပါ။ ဆူတာငေါက်တာ၊ ပွစိပွစိလုပ်တာ လုံးဝမကြိုက်ပါဘူး။ အငြိုးအရမ်းကြီးတဲ့သူတွေဖြစ်တာကြောင့် သူတို့ကို သစ္စာမဖောက်မိပါစေနဲ့။ အချစ်ရေးမှာ အမြဲလိုလို အထီးကျန်ဆန်နေတတ်တဲ့သူတွေပါ။ အချိန်ပြည့် သည်းသည်းလှုပ်ချစ်ပြီး ဂရုစိုက်နိုင်တဲ့သူတွေကိုပဲ ချစ်ချင်ကြပါတယ်။

(၃) AB သွေး

အေဘီသွေးတွေဟာ အချစ်ကို တော်တော်ဦးစားပေးပါတယ်။ ချစ်သူကို ရူးရူးမူူးမူးချစ်ပေမယ့် အလိုတော့ မလိုက်ပါဘူး။ ခေါင်းအရမ်းမာတဲ့သူတွေ မို့လို့ပါ။ သူတို့ကိစ္စတွေကို စပ်စုတာ၊ မျက်စိဒေါက်ထောက်ကြည့်တာမျိုးတွေကို မုန်းပါတယ်။ အေဘီသွေးတွေရဲ့ သည်းမခံနိုင်စရာ အချက်ကတော့ ဘယ်အရာကိုမှ လေးလေးနက်နက်မရှိတာပါပဲ။ ဒါကြောင့်ပဲ ချစ်သူက သူတို့ကို စိတ်ကုန်ပြီး သစ္စာဖောက်သွားတတ်ပါတယ်။ သည်းခံနိုင်တဲ့ ချစ်သူမျိုးနဲ့မှ အဆင်ပြေပါတယ်။

(၄) O သွေး

အိုသွေးတွေဟာ အချစ်ကို အရမ်းဦးစားမပေးပါဘူး။ လျှို့ဝှက်ချက်တွေ အရမ်းများတဲ့သူတွေပါ။ ချစ်သူကို ဘယ်တော့မှ သည်းသည်းလှုပ် Over တွေ လုပ်မပြတတ်တဲ့သူတွေပါ။ စိတ်ဆိုးလာပြီဆိုရင် ဥပေက္ခာပြုတတ်တဲ့သူတွေပါ။ အချစ်ဦးကိုဘယ်တော့မှ မမေ့နိုင်ကြပါဘူး။ သူတို့ကို အချိန်ပေးနိုင်ပြီး နားလည်ပေးနိုင်တဲ့သူနဲ့မှ အဆင်ပြေမှာပါ။ အရမ်းရစ်ပြီး မျက်ရည်လွယ်တဲ့သူတွေပါ။ ဝမ်းနည်းလွယ်ပေမယ့် ဘယ်တော့မှ ထုတ်မပြဘဲ ကြိတ်ခံစားတတ်တဲ့သူတွေပါ။

Credit : Aunty May

LEAVE A REPLY