Zawgyi ျဖင့္ဖတ္ရန္

 

အားလံုးပဲမဂၤလာပါေနာ္။ ဒီတခါမွာေတာ့ စာဖတ္သူတို႔အားလံုးနဲ႔ ရင္းႏွီးၿပီးသားလည္းျဖစ္တယ္၊ အရသာလည္းရွိၿပီး ျပဳလုပ္ရလြယ္ကူတဲ့ ကိုးရီးယား ထမင္းလိပ္ျပဳလုပ္နည္းေလးကို မွ်ေဝေပးခ်င္ပါတယ္။

ပါဝင္ပစၥည္း

ေရညွိခ်ပ္ ၄ ခု
ဟင္းႏုႏြင္ရြက္အနည္းငယ္
ၾကက္ဥ ၂ လံုး (ခေလာက္လိုက္ပါ)
မုန္လာဥနီ တစ္ျခမ္း အရွည္လိုက္လွီးပါ
ဂဏန္းေခ်ာင္းအနည္းငယ္
မုန္လာဥဝါ (မထည့္ခ်င္လည္းရပါတယ္)
ထမင္း (ရွမ္းဆန္နဲ႔ခ်က္ရင္ပိုေကာင္းပါတယ္၊ ဆန္ဆီးတာနဲ႔ခ်က္ပါ) ၂ ခြက္
ႏွမ္းဆီ (ေမႊးေအာင္ထည့္တာပါ။ တျခားဆီလည္းရပါတယ္။) အနည္းငယ္
ဆားအနည္းငယ္

ျပဳလုပ္နည္း

အရင္ဆံုး ၾကက္ဥေမႊေၾကာ္ကို ခပ္ပါးပါးေလးေၾကာ္ၿပီး အရွည္လိုက္လွီးလိုက္ပါ။ ၿပီးရင္ မုန္လာဥနီကို အရွည္လိုက္လွီးၿပီး ဟင္းႏုႏြင္ရြက္ကိုပါ ျပဳတ္လိုက္ပါ။ပန္အိုးကို အပူေပးလိုက္ၿပီး မုန္လာဥနီ၊ ဂဏန္းတို႔ကိုခ်က္လုိက္ပါ။ထမင္းကို ပန္းကန္ထဲထည့္ၿပီး ဆီနဲ႔ ဆားထည့္ကာ နယ္လုိက္ပါ။

ၿပီးရင္ေတာ့ ေရညွိခ်ပ္ထဲထည့္ၿပီး ထမင္းထည့္ကာ၊ တျခားအစာပလာေတြထည့္ၿပီး လိပ္လိုက္ရံုပါပဲ။ၿပီးရင္ေတာ့ အတံုးေလးေတြလွီးၿပီး သံုးေဆာင္ႏိုင္ပါၿပီေနာ္။

Credit:myfood

Unicode ဖြင့်ဖတ်ရန်

ရိုးရှင်းလွယ်ကူတဲ့ ကိုးရီးယား ရေညှိထမင်းလိပ်ပြုလုပ်နည်း

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အားလုံးနဲ့ ရင်းနှီးပြီးသားလည်းဖြစ်တယ်၊ အရသာလည်းရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ကိုးရီးယား ထမင်းလိပ်ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ရေညှိချပ် ၄ ခု
ဟင်းနုနွင်ရွက်အနည်းငယ်
ကြက်ဥ ၂ လုံး (ခလောက်လိုက်ပါ)
မုန်လာဥနီ တစ်ခြမ်း အရှည်လိုက်လှီးပါ
ဂဏန်းချောင်းအနည်းငယ်
မုန်လာဥဝါ (မထည့်ချင်လည်းရပါတယ်)
ထမင်း (ရှမ်းဆန်နဲ့ချက်ရင်ပိုကောင်းပါတယ်၊ ဆန်ဆီးတာနဲ့ချက်ပါ) ၂ ခွက်
နှမ်းဆီ (မွှေးအောင်ထည့်တာပါ။ တခြားဆီလည်းရပါတယ်။) အနည်းငယ်
ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်ဥမွှေကြော်ကို ခပ်ပါးပါးလေးကြော်ပြီး အရှည်လိုက်လှီးလိုက်ပါ။ ပြီးရင် မုန်လာဥနီကို အရှည်လိုက်လှီးပြီး ဟင်းနုနွင်ရွက်ကိုပါ ပြုတ်လိုက်ပါ။ပန်အိုးကို အပူပေးလိုက်ပြီး မုန်လာဥနီ၊ ဂဏန်းတို့ကိုချက်လိုက်ပါ။ထမင်းကို ပန်းကန်ထဲထည့်ပြီး ဆီနဲ့ ဆားထည့်ကာ နယ်လိုက်ပါ။

ပြီးရင်တော့ ရေညှိချပ်ထဲထည့်ပြီး ထမင်းထည့်ကာ၊ တခြားအစာပလာတွေထည့်ပြီး လိပ်လိုက်ရုံပါပဲ။ပြီးရင်တော့ အတုံးလေးတွေလှီးပြီး သုံးဆောင်နိုင်ပါပြီနော်။

Credit:myfood

LEAVE A REPLY