Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယားႏိုင္ငံဟာဆိုရင္ အႏုပညာနဲ႔ လူသိမ်ားတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ပရိတ္သတ္ခ်စ္ခင္တဲ့ မင္းသား၊မင္းသမီး အဆိုေတာ္ေတြ အမ်ားအျပားတည္ရွိရာ ေနရာပဲျဖစ္ပါတယ္။ ေတာင္ကိုးရီးယားႏိုင္ငံမွ နာမည္ေက်ာ္ Reality show တစ္ခုမၾကာခင္ ျမန္မာျပည္သို႔ လာေရာက္႐ိုက္ကူးေတာ့မွာျဖစ္ပါတယ္။ ဒီ တီဗြီရႈိးအစီအစဥ္မွာ ပါဝင္မည့္သူမ်ားဟာလဲ လာမယ့္ ဇြန္လ ၆ ရက္ေန႔ မွ ဆိုးလ္ၿမိဳ႕မွ ရန္ကုန္သို႔ ပ်ံသန္းဆိုက္ေရာက္လာေတာ့မွာပါ။ ျမန္မာႏိုင္ငံကို တီဗြီရႈိး႐ိုက္ကူးဖို႔ လာေရာက္မယ့္ အႏုပညာရွင္ေတြက ဘယ္သူေတြျဖစ္မလဲဆိုတာနဲ႔ ဘယ္ၿမိဳ႕နယ္မွာ႐ိုက္ကူးသြားမယ္ဆိုတာ သိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ရေအာင္။

ေတာင္ကိုးရီးယားႏိုင္ငံ နာမည္ေက်ာ္ အစီအစဥ္တစ္ခုျဖစ္တဲ့ law of the jungle ကို ျမန္မာႏိုင္ငံေတာင္ပိုင္း ၿမိတ္ၿမိဳ႕မွာ လာေရာက္႐ိုက္ကူးသြားမယ္လို႔သိရပါတယ္။ law of the jungle အစီအစဥ္ဟာဆိုရင္ အႏုပညာရွင္မ်ားအတြက္ ေတာတြင္းမွာ အစာေရစာ၊ ေနစရာမ်ားမေပးပဲ ကိုယ္တိုင္စတည္းခ်ေနထိုင္ေစကာ သူတို႔ကိုယ္တိုင္ ေတာထဲမွာ အစာရွာေဖြစားေသာက္ပုံ၊ ေခတ္မီအသုံးအေဆာင္မ်ားမရွိလဲ ေတာတြင္းတာဇံလို လိုက္ေလ်ာညီေထြ ေနထိုင္ၾကပုံ ေတြကို ႐ိုက္ကူးျပသတဲ့ အစီအစဥ္ပဲျဖစ္ပါတယ္။ ဒီအစီအစဥ္မွာဆိုရင္ ေခတ္မီအသုံးအေဆာင္ေတြ ဘာမွယူေဆာင္ခြင့္သိပ္မရွိတာေၾကာင့္ မင္းသား၊မင္းသမီးေတြရဲ႕ မိတ္ကပ္လိမ္းထားျခင္းမရွိတဲ့ မျပင္မဆင္ပုံစံေတြကို ျမင္ေတြ႕ႏိုင္တဲ့ အစီအစဥ္တစ္ခုလဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို လာေရာက္မယ့္ အႏုပညာရွင္ေတြကေတာ့ Law of the jungle ရဲ႕ ပင္တိုင္ host တစ္ဦးျဖစ္တဲ့ Kim Byung Man ၊ KARD အဖြဲ႕ဝင္ BM ၊ Pentagon အဖြဲ႕ဝင္ Hongseok ၊ အဆိုေတာ္ Hong Soo Ah၊ Nature အဖြဲ႕ဝင္ Saebom ၊ Astro အဖြဲ႕ဝင္ Sanha ၊ (G)I-dle အဖြဲ႕ဝင္ Yuqi တို႔ပဲျဖစ္ပါတယ္။

 

အႏုပညာရွင္ေတြအျပင္ ေဘာလီေဘာကစားသမား Moon Sung Min နဲ႔ UFC fighter တစ္ဦးျဖစ္တဲ့ Kim Dong Hyun တို႔လဲ ပါဝင္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံ မှာ လာရောက်ရိုက်ကူးမယ့် ကိုးရီးယားအဆိုတော်တွေပါဝင်တဲ့ နာမည်ကြီးတီဗွီအစီအစဉ်

တောင်ကိုးရီးယားနိုင်ငံဟာဆိုရင် အနုပညာနဲ့ လူသိများတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပရိတ်သတ်ချစ်ခင်တဲ့ မင်းသား၊မင်းသမီး အဆိုတော်တွေ အများအပြားတည်ရှိရာ နေရာပဲဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှ နာမည်ကျော် Reality show တစ်ခုမကြာခင် မြန်မာပြည်သို့ လာရောက်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီ တီဗွီရှိုးအစီအစဉ်မှာ ပါဝင်မည့်သူများဟာလဲ လာမယ့် ဇွန်လ ၆ ရက်နေ့ မှ ဆိုးလ်မြို့မှ ရန်ကုန်သို့ ပျံသန်းဆိုက်ရောက်လာတော့မှာပါ။ မြန်မာနိုင်ငံကို တီဗွီရှိုးရိုက်ကူးဖို့ လာရောက်မယ့် အနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာနဲ့ ဘယ်မြို့နယ်မှာရိုက်ကူးသွားမယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် အစီအစဉ်တစ်ခုဖြစ်တဲ့ law of the jungle ကို မြန်မာနိုင်ငံတောင်ပိုင်း မြိတ်မြို့မှာ လာရောက်ရိုက်ကူးသွားမယ်လို့သိရပါတယ်။ law of the jungle အစီအစဉ်ဟာဆိုရင် အနုပညာရှင်များအတွက် တောတွင်းမှာ အစာရေစာ၊ နေစရာများမပေးပဲ ကိုယ်တိုင်စတည်းချနေထိုင်စေကာ သူတို့ကိုယ်တိုင် တောထဲမှာ အစာရှာဖွေစားသောက်ပုံ၊ ခေတ်မီအသုံးအဆောင်များမရှိလဲ တောတွင်းတာဇံလို လိုက်လျောညီထွေ နေထိုင်ကြပုံ တွေကို ရိုက်ကူးပြသတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်မှာဆိုရင် ခေတ်မီအသုံးအဆောင်တွေ ဘာမှယူဆောင်ခွင့်သိပ်မရှိတာကြောင့် မင်းသား၊မင်းသမီးတွေရဲ့ မိတ်ကပ်လိမ်းထားခြင်းမရှိတဲ့ မပြင်မဆင်ပုံစံတွေကို မြင်တွေ့နိုင်တဲ့ အစီအစဉ်တစ်ခုလဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်မယ့် အနုပညာရှင်တွေကတော့ Law of the jungle ရဲ့ ပင်တိုင် host တစ်ဦးဖြစ်တဲ့ Kim Byung Man ၊ KARD အဖွဲ့ဝင် BM ၊ Pentagon အဖွဲ့ဝင် Hongseok ၊ အဆိုတော် Hong Soo Ah၊ Nature အဖွဲ့ဝင် Saebom ၊ Astro အဖွဲ့ဝင် Sanha ၊ (G)I-dle အဖွဲ့ဝင် Yuqi တို့ပဲဖြစ်ပါတယ်။

အနုပညာရှင်တွေအပြင် ဘောလီဘောကစားသမား Moon Sung Min နဲ့ UFC fighter တစ်ဦးဖြစ်တဲ့ Kim Dong Hyun တို့လဲ ပါဝင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Credit : popolay

LEAVE A REPLY