Zawgyi ျဖင့္ဖတ္ရန္

လွ်ာကင္ဆာ ရဲ႕ ေရွ႕ေျပးလကၡဏာေတြဟာ လွ်ာရဲ႕အဖ်ားပိုင္း ၃ ပုံ ၂ ပုံကို ၾကည့္ျခင္းအားျဖင့္ ကိုယ္တိုင္ စစ္ေဆးႏိုင္ပါတယ္။ ေဆးပညာရွင္ေတြကေတာ့ လွ်ာရဲ႕ အဖ်ားပိုင္း ၃ ပုံ ၂ ပုံမွာ ျဖစ္ပြားေနတဲ့ ကင္ဆာကို ပါးစပ္ကင္ဆာအမ်ိဳးအစားအျဖစ္ သတ္မွတ္ၾကပါတယ္။ အကယ္၍ လွ်ာရဲ႕အရင္းပိုင္းမွာ ျဖစ္ပြားေနရင္ေတာ့ လည္ေခ်ာင္းကင္ဆာ အမ်ိဳးစားထဲမွာ သတ္မွတ္ၾကပါတယ္။

ေဆးလိပ္(စီးကရက္၊ ေဆးျပင္းလိပ္၊ ေဆးတံ) ေသာက္သူေတြ၊ ကြမ္းစားသူေတြနဲ႔ အရက္အလြန္ကြၽံ ေသာက္သုံးသူေတြမွာ လွ်ာကင္ဆာနဲ႔ လည္ေခ်ာင္းကင္ဆာျဖစ္ႏိုင္ေခ် ပိုၿပီးျမင့္မားပါတယ္။ ယူေကႏိုင္ငံရဲ႕ ကင္ဆာသုေတသနဌါနက လွ်ာကင္ဆာျဖစ္ႏိုင္တဲ့ ေအာက္ပါ ေရွ႕ေျပးလကၡဏာ (၇)ခ်က္ကို ေဖာ္ျပထားပါတယ္။

၁။ လွ်ာေပၚမွာ အနီေရာင္ (သို႔) အျဖဴေရာင္အကြက္ေတြ ေပၚလာၿပီး ျပန္ေပ်ာက္မသြားျခင္း
၂။ လည္ေခ်ာင္းနာ ၾကာရွည္ေနၿပီး မေပ်ာက္ျခင္း
၃။ လွ်ာေပၚမွာ ျပည္တည္နာ (သို႔) အဖု ရွိေနၿပီး မေပ်ာက္ျခင္း
၄။ တစ္ခုခုၿမိဳခ်လိုက္ရင္ နာက်င္ျခင္း
၅။ လွ်ာထုံေနျခင္း
၆။ လွ်ာကို မထိခိုက္ မကိုက္မိပါပဲ အလိုေလွ်ာက္ ေသြးထြက္ျခင္း
၇။ နား႐ြက္နာက်င္ျခင္း (ျဖစ္ခဲပါတယ္)

ေဖာ္ျပပါ အခ်က္ (၇)ခ်က္ထဲက တစ္ခုခုကို ခံစားေနရၿပီဆိုရင္ ဆရာဝန္နဲ႔ အျမန္ဆုံး ျပသသင့္ပါတယ္။ ကင္ဆာေရာဂါ ေပ်ာက္ကင္းႏိုင္တဲ့ ေဆးမရွိေသးတာမွန္ေသာ္ျငားလည္း ေစာေစာသိရွိပါက မျပန႔္ပြားေအာင္ တားျမစ္ႏိုင္တဲ့ နည္းလမ္းေတြရွိပါတယ္။

လည္ေခ်ာင္းကင္ဆာ၊ ပါးစပ္ကင္စာ တို႔ကို ကုသနည္းက ကင္ဆာအမ်ိဳးအစား နဲ႔ အ႐ြယ္အစားေပၚ မူတည္သလို၊ ဘယ္အဆင့္ေရာက္ၿပီး ဘယ္ေလာက္ေတာင္ ျပန႔္ႏွံ႔ေနၿပီလဲ ဆိုတာလည္း စစ္ေဆးရပါတယ္။ ဒါ့အျပင္ လူနာရဲ႕ က်န္းမာေရး အေျခအေနေပၚမူတည္ၿပီး ကုသနည္းေတြကို ေ႐ြးခ်ယ္ရပါတယ္။

အကယ္၍ ကင္ဆာဟာ ပါးစပ္ရဲ႕အတြင္းပိုင္းနဲ႔ လည္ေခ်ာင္းထိ မပ်ံ႕ႏွံ႔ေသးဘူးဆိုရင္ ခြဲစိပ္ကုသတာနဲ႔ပဲ လုံေလာက္ႏိုင္ပါတယ္။ အကယ္၍ အေတာ္ေလး ျပန႔္ႏွံ႔ေနၿပီဆိုရင္ေတာ့ ခြဲစိပ္တာ၊ ဓါတ္ကင္တာ၊ ဓာတုကုထုံးနဲ႔ကုတာေတြ လိုအပ္သလို ျပဳလုပ္ရမွာျဖစ္ပါတယ္။
ခံတြင္းကို စစ္ေဆးၾကည့္ျခင္းျဖင့္ ကင္ဆာေရာဂါကိုသာမက အစားေသာက္မွာ ဗီတာမင္ခ်ိဳ႕တဲ့ျခင္း စတဲ့ က်န္းမာေရး ျပသနာေတြကိုလည္း သိရွိႏိုင္ပါတယ္။

credit : popolay

Unicode ဖြင့်ဖတ်ရန်

ကွမ်းစားသူ များ စစ်ဆေးသင့်တဲ့ လျှာကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၇)ချက်

လျှာကင်ဆာ ရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ လျှာရဲ့အဖျားပိုင်း ၃ ပုံ ၂ ပုံကို ကြည့်ခြင်းအားဖြင့် ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။ ဆေးပညာရှင်တွေကတော့ လျှာရဲ့ အဖျားပိုင်း ၃ ပုံ ၂ ပုံမှာ ဖြစ်ပွားနေတဲ့ ကင်ဆာကို ပါးစပ်ကင်ဆာအမျိုးအစားအဖြစ် သတ်မှတ်ကြပါတယ်။ အကယ်၍ လျှာရဲ့အရင်းပိုင်းမှာ ဖြစ်ပွားနေရင်တော့ လည်ချောင်းကင်ဆာ အမျိုးစားထဲမှာ သတ်မှတ်ကြပါတယ်။

ဆေးလိပ်(စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ) သောက်သူတွေ၊ ကွမ်းစားသူတွေနဲ့ အရက်အလွန်ကျွံ သောက်သုံးသူတွေမှာ လျှာကင်ဆာနဲ့ လည်ချောင်းကင်ဆာဖြစ်နိုင်ချေ ပိုပြီးမြင့်မားပါတယ်။ ယူကေနိုင်ငံရဲ့ ကင်ဆာသုတေသနဌါနက လျှာကင်ဆာဖြစ်နိုင်တဲ့ အောက်ပါ ရှေ့ပြေးလက္ခဏာ (၇)ချက်ကို ဖော်ပြထားပါတယ်။

၁။ လျှာပေါ်မှာ အနီရောင် (သို့) အဖြူရောင်အကွက်တွေ ပေါ်လာပြီး ပြန်ပျောက်မသွားခြင်း
၂။ လည်ချောင်းနာ ကြာရှည်နေပြီး မပျောက်ခြင်း
၃။ လျှာပေါ်မှာ ပြည်တည်နာ (သို့) အဖု ရှိနေပြီး မပျောက်ခြင်း
၄။ တစ်ခုခုမြိုချလိုက်ရင် နာကျင်ခြင်း
၅။ လျှာထုံနေခြင်း
၆။ လျှာကို မထိခိုက် မကိုက်မိပါပဲ အလိုလျှောက် သွေးထွက်ခြင်း
၇။ နားရွက်နာကျင်ခြင်း (ဖြစ်ခဲပါတယ်)

ဖော်ပြပါ အချက် (၇)ချက်ထဲက တစ်ခုခုကို ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ ကင်ဆာရောဂါ ပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးတာမှန်သော်ငြားလည်း စောစောသိရှိပါက မပြန့်ပွားအောင် တားမြစ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

လည်ချောင်းကင်ဆာ၊ ပါးစပ်ကင်စာ တို့ကို ကုသနည်းက ကင်ဆာအမျိုးအစား နဲ့ အရွယ်အစားပေါ် မူတည်သလို၊ ဘယ်အဆင့်ရောက်ပြီး ဘယ်လောက်တောင် ပြန့်နှံ့နေပြီလဲ ဆိုတာလည်း စစ်ဆေးရပါတယ်။ ဒါ့အပြင် လူနာရဲ့ ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ကုသနည်းတွေကို ရွေးချယ်ရပါတယ်။

အကယ်၍ ကင်ဆာဟာ ပါးစပ်ရဲ့အတွင်းပိုင်းနဲ့ လည်ချောင်းထိ မပျံ့နှံ့သေးဘူးဆိုရင် ခွဲစိပ်ကုသတာနဲ့ပဲ လုံလောက်နိုင်ပါတယ်။ အကယ်၍ အတော်လေး ပြန့်နှံ့နေပြီဆိုရင်တော့ ခွဲစိပ်တာ၊ ဓါတ်ကင်တာ၊ ဓာတုကုထုံးနဲ့ကုတာတွေ လိုအပ်သလို ပြုလုပ်ရမှာဖြစ်ပါတယ်။
ခံတွင်းကို စစ်ဆေးကြည့်ခြင်းဖြင့် ကင်ဆာရောဂါကိုသာမက အစားသောက်မှာ ဗီတာမင်ချို့တဲ့ခြင်း စတဲ့ ကျန်းမာရေး ပြသနာတွေကိုလည်း သိရှိနိုင်ပါတယ်။

credit : popolay

LEAVE A REPLY