Zawgyi ျဖင့္ဖတ္ရန္

တြဲလာတဲ့သက္တမ္းၾကာလာတာနဲ႔ အမွ် သမီးရည္းစားေတြ တစ္ေယာက္ကိုတစ္ေယာက္ အခ်စ္ေလ်ာ့တာ၊ အခ်စ္ေပါ့တာေတြျဖစ္လာတတ္ပါတယ္။ ရည္းစားရွိတဲ့ေကာင္မေလးေတြ အေနနဲ႔ ဒီနည္းလမ္းေလးေတြကို လိုက္နာရင္ သင့္ေကာင္ေလးက သင့္ကို တိုးတိုးၿပီး ခ်စ္လာမွာျဖစ္ပါတယ္။

(၁) သင့္ဘဝမွာ သူ႔ေလာက္အေရးပါတဲ့ အျခားအရာေတြရွိပါေစ

သူမွသူ၊ သူ႔တစ္ေယာက္တည္းကိုပဲစဥ္းစား၊ သူ႔အနားမွာပဲတြယ္ကပ္ေနမယ္ဆို သင္ဟာသူ႔အတြက္ ၿငီးေငြ႕ဖြယ္ေကာင္းသလို၊ စိတ္ညစ္ဖို႔လည္းေကာင္းလာပါတယ္။ ဒါေၾကာင့္ သင့္မိသားစု၊ သင့္အလုပ္၊ ေက်ာင္းစာေတြ စသျဖင့္ သူ႔ေလာက္အေရးႀကီးတဲ့ အျခားအရာ ရွိေနပါေစ။ သူ႔အတြက္ခ်ည္းပဲ သင့္အခ်ိန္ေတြကို မသုံးသင့္ပါဘူး။

(၂) လြတ္လပ္ခြင့္ေပးပါ

ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့ မိန္းကေလးတစ္ေယာက္ဟာ ခ်စ္သူကို လိုတာထက္ပိုၿပီး မထိန္းခ်ဴပ္ပါဘူး။ သူ႔သူငယ္ခ်င္းေတြနဲ႔ အျပင္မသြားရ၊ မိန္းကေလးသူငယ္ခ်င္းမထားရ၊ တျခားေကာင္မေလးေတြကို မၾကည့္ရ စသျဖင့္ ခ်မွတ္ထားတဲ့ သင့္ရဲ႕ အူေၾကာင္ေၾကာင္စဥ္းမ်ဥ္းေတြက ၾကာလာရင္ သူ႔ကို သင့္အနားကေနေရွာင္ခြာ သြားေစမွာပါ။

(၃) ႐ိုးသား၍ ပြင့္လင္းပါ

Relationship တစ္ခုမွာ အလိုအပ္ဆုံးကေတာ့ ႐ိုးသားမႈပါ။ သူမႀကိဳက္တာကို သင္လုပ္လိုက္မိရင္ေတာင္ ႐ိုး႐ိုးသားသား ဝန္ခံလိုက္ပါ။ တကယ္လို႔ သူက သင္မလုပ္ခ်င္တဲ့အရာတစ္ခုခုကို တြန္းအားေပးေနခဲ့ရင္ေတာင္ မႀကိဳက္ေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာၿပီး ျငင္းပယ္လိုက္ပါ။ ဒီလိုလုပ္ျခင္းျဖင့္ သူ႔စိတ္ထဲမွာ သင့္ကို ယုံၾကည္ေလးစားလာမွာပါ။

(၄) လွလွပပ ျပင္ျပင္ဆင္ဆင္ေနပါ

မိန္းကေလးတစ္ေယာက္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အသြင္အျပင္ဟာ ေယာက်္ားေလးတစ္ေယာက္အဖို႔ အလြန္အေရးပါပါတယ္။ လွပတဲ့မိန္းကေလးတစ္ေယာက္ကို ခ်စ္သူေတာ္ထားရတဲ့ ေယာက်္ားေလးတစ္ေယာက္က စိတ္ထဲကေနႀကိတ္ၿပီး ဂုဏ္ယူေနတတ္တာပါ။ အလွမျပင္လည္းခ်စ္တယ္ဆိုတာ အပိုေတြပါ။ ျပင္ျပင္ဆင္ဆင္လွလွပပ ေနျခင္းက သူ႔ရဲ႕အခ်စ္ေတြကို တိုးလာေစတဲ့အျပင္ သင့္ရဲ႕ဆြဲေဆာင္မႈေတြကိုလည္း တိုးလာေစမွာပါ။

(၅) မိန္းကေလးဆန္ဆန္ေနပါ

ဆိုလိုတာက ႏူးညံ့သိမ္ေမြ႕ၿပီး မိန္းမပီပီသသ ေနတဲ့မိန္းကေလးေတြကို ေယာက်္ားေလးေတြက ပိုခ်စ္တတ္ၾကပါတယ္။ မိန္းကေလးဆန္တဲ့သင့္အၿပဳံး၊ သင့္အမူအရာေတြနဲ႔ သင့္စကားအေျပာအဆိုေတြက သင့္ခ်စ္သူရဲ႕ အခ်စ္ေတြကို ပိုပိုၿပီးတိုးလာေစမွာပါ။

(၆) ဘုရင္တစ္ပါးလိုဆက္ဆံပါ

မိန္းကေလးေတြက အခ်စ္ခံခ်င္ၾကတယ္။ ေယာက်္ားေလးေတြကေတာ့ အေလးစားခံခ်င္ၾကပါတယ္။ သင့္ခ်စ္သူ ရဲရင့္လာေအာင္၊ ေအာင္ျမင္လာေအာင္၊ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြရွိလာေအာင္ သင္ကတြန္းအားေပးရပါမယ္။ တစ္ခါတေလ သင္လုပ္ႏိုင္ေနတဲ့အရာေတြကိုေတာင္ သူ႔ကို အားကိုးျပလိုက္ပါ။ သူ႔ကိုသူဘုရင္တစ္ပါးလို႔ ထင္ျမင္သြားေစႏိုင္ေလာက္ အထိ သင္ေလးစားေပးႏိုင္တယ္ ဆိုရင္ေတာ့ သူ႔ရဲ႕ အခ်စ္ေတြဟာလည္း မိဖုရားျဖစ္တဲ့ သင့္ဆီကေနဘယ္မွ ထြက္သြားေတာ့မွာ မဟုတ္ပါဘူး။

Credit : Em Em (auntymay)

Unicode ဖြင့်ဖတ်ရန်

ကိုယ့်ချစ်သူ ကိုယ့်ကို အမြဲတမ်းအချစ်မလျော့စေမယ့် နည်းလမ်းများ

တွဲလာတဲ့သက်တမ်းကြာလာတာနဲ့ အမျှ သမီးရည်းစားတွေ တစ်ယောက်ကိုတစ်ယောက် အချစ်လျော့တာ၊ အချစ်ပေါ့တာတွေဖြစ်လာတတ်ပါတယ်။ ရည်းစားရှိတဲ့ကောင်မလေးတွေ အနေနဲ့ ဒီနည်းလမ်းလေးတွေကို လိုက်နာရင် သင့်ကောင်လေးက သင့်ကို တိုးတိုးပြီး ချစ်လာမှာဖြစ်ပါတယ်။

(၁) သင့်ဘဝမှာ သူ့လောက်အရေးပါတဲ့ အခြားအရာတွေရှိပါစေ
သူမှသူ၊ သူ့တစ်ယောက်တည်းကိုပဲစဉ်းစား၊ သူ့အနားမှာပဲတွယ်ကပ်နေမယ်ဆို သင်ဟာသူ့အတွက် ငြီးငွေ့ဖွယ်ကောင်းသလို၊ စိတ်ညစ်ဖို့လည်းကောင်းလာပါတယ်။ ဒါကြောင့် သင့်မိသားစု၊ သင့်အလုပ်၊ ကျောင်းစာတွေ စသဖြင့် သူ့လောက်အရေးကြီးတဲ့ အခြားအရာ ရှိနေပါစေ။ သူ့အတွက်ချည်းပဲ သင့်အချိန်တွေကို မသုံးသင့်ပါဘူး။

(၂) လွတ်လပ်ခွင့်ပေးပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်သူကို လိုတာထက်ပိုပြီး မထိန်းချူပ်ပါဘူး။ သူ့သူငယ်ချင်းတွေနဲ့ အပြင်မသွားရ၊ မိန်းကလေးသူငယ်ချင်းမထားရ၊ တခြားကောင်မလေးတွေကို မကြည့်ရ စသဖြင့် ချမှတ်ထားတဲ့ သင့်ရဲ့ အူကြောင်ကြောင်စဉ်းမျဉ်းတွေက ကြာလာရင် သူ့ကို သင့်အနားကနေရှောင်ခွာ သွားစေမှာပါ။

(၃) ရိုးသား၍ ပွင့်လင်းပါ

Relationship တစ်ခုမှာ အလိုအပ်ဆုံးကတော့ ရိုးသားမှုပါ။ သူမကြိုက်တာကို သင်လုပ်လိုက်မိရင်တောင် ရိုးရိုးသားသား ဝန်ခံလိုက်ပါ။ တကယ်လို့ သူက သင်မလုပ်ချင်တဲ့အရာတစ်ခုခုကို တွန်းအားပေးနေခဲ့ရင်တောင် မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး ငြင်းပယ်လိုက်ပါ။ ဒီလိုလုပ်ခြင်းဖြင့် သူ့စိတ်ထဲမှာ သင့်ကို ယုံကြည်လေးစားလာမှာပါ။

(၄) လှလှပပ ပြင်ပြင်ဆင်ဆင်နေပါ

မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ဟာ ယောကျ်ားလေးတစ်ယောက်အဖို့ အလွန်အရေးပါပါတယ်။ လှပတဲ့မိန်းကလေးတစ်ယောက်ကို ချစ်သူတော်ထားရတဲ့ ယောကျ်ားလေးတစ်ယောက်က စိတ်ထဲကနေကြိတ်ပြီး ဂုဏ်ယူနေတတ်တာပါ။ အလှမပြင်လည်းချစ်တယ်ဆိုတာ အပိုတွေပါ။ ပြင်ပြင်ဆင်ဆင်လှလှပပ နေခြင်းက သူ့ရဲ့အချစ်တွေကို တိုးလာစေတဲ့အပြင် သင့်ရဲ့ဆွဲဆောင်မှုတွေကိုလည်း တိုးလာစေမှာပါ။

(၅) မိန်းကလေးဆန်ဆန်နေပါ

ဆိုလိုတာက နူးညံ့သိမ်မွေ့ပြီး မိန်းမပီပီသသ နေတဲ့မိန်းကလေးတွေကို ယောကျ်ားလေးတွေက ပိုချစ်တတ်ကြပါတယ်။ မိန်းကလေးဆန်တဲ့သင့်အပြုံး၊ သင့်အမူအရာတွေနဲ့ သင့်စကားအပြောအဆိုတွေက သင့်ချစ်သူရဲ့ အချစ်တွေကို ပိုပိုပြီးတိုးလာစေမှာပါ။

(၆) ဘုရင်တစ်ပါးလိုဆက်ဆံပါ

မိန်းကလေးတွေက အချစ်ခံချင်ကြတယ်။ ယောကျ်ားလေးတွေကတော့ အလေးစားခံချင်ကြပါတယ်။ သင့်ချစ်သူ ရဲရင့်လာအောင်၊ အောင်မြင်လာအောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရှိလာအောင် သင်ကတွန်းအားပေးရပါမယ်။ တစ်ခါတလေ သင်လုပ်နိုင်နေတဲ့အရာတွေကိုတောင် သူ့ကို အားကိုးပြလိုက်ပါ။ သူ့ကိုသူဘုရင်တစ်ပါးလို့ ထင်မြင်သွားစေနိုင်လောက် အထိ သင်လေးစားပေးနိုင်တယ် ဆိုရင်တော့ သူ့ရဲ့ အချစ်တွေဟာလည်း မိဖုရားဖြစ်တဲ့ သင့်ဆီကနေဘယ်မှ ထွက်သွားတော့မှာ မဟုတ်ပါဘူး။

Credit : Em Em (auntymay)

LEAVE A REPLY