Zawgyi ျဖင့္ဖတ္ရန္

လူတုိင္​း ဘယ္​သူမဆုိ အနာဂတ္​မွာ ၾကဳံလာမယ္​့ ျပသနာကုိႀကိဳျမင္​မယ္​ဆုိရင္​ အဲဒီ ျပသနာျဖစ္​လာေစမယ္​့ လမ္​းကုိလဲြဖယ္​ၾကမွာပါပဲ။

ထုိနည္​းတူပဲ ခ်စ္​သူနွစ္​ဦး ေပါင္​းသင္​းၿပီး ငါးနွစ္​ အတြင္​းႀကံဳလာမယ္​့ ျပသနာေတြကုိ ခ်စ္​ေနႀကိဳက္​ေနတဲ့ အခ်ိန္​ကတည္​းက ႀကိဳတင္​ ျမင္​ေတြ႕ သိရွိႏုိင္​မယ္​ ဆုိရင္​။ ။အရမ္​းခ်စ္​လွၿပီ ဆုိတဲ့ ခ်စ္​သူနွစ္​ဦးဟာ ေပါင္​းသင္​းေနထုိင္​ဖုိ႔ဆုိတာ ၁၀ %ေတာင္​ မေသခ်ာေတာ့ပါဘူး။

ကမၻာမွာ ၅နွစ္​ေအာက္​(မ်ားေသာအားျဖင္​့) အိမ္​ေထာင္​ရွင္​ေတြ ၄၀% ေလာက္​က ကြာရွင္​းပ်က္​စဲၾကတယ္​။ စိတ္​ဓာတ္​ရင္​့က်က္​ၿပီး ကေလးမ်က္​နွာ ငွဲ႔ႏုိင္​တဲ့သူေတြမွ အိမ္​ေထာင္​ထိန္​းသိမ္​းႏုိင္​ၾကတာပါ။

ဆင္​းရဲ ခ်မ္​းသာ ဘယ္​အသုိင္​းဝုိင္​းမဆုိ အိမ္​ေထာင္​ျပဳတဲ့သူတုိင္​း အခက္​ခဲ ျပသနာေတြ အနည္​းအမ်ားၾကဳံရၾကပါတယ္​။

ေမတၱာႀကီးတဲ့သူဘက္​က သုိ႔မဟုတ္​ ဥာဏ္​ႀကီးတဲ့သူဘက္​ကထိန္​းသိမ္​းႏုိင္​လုိ႔သာ အိမ္​ေထာင္​သက္​ ၾကာျမင္​့စြာ အုိမင္​းမစြမ္​းတဲ့ အထိ လက္​တဲြႏုိင္​ၾကတာပါ။ ဘာအခက္​ခဲ ျပသနာမွမၾကဳံလုိ႔ လက္​တဲြႏုိင္​တာ မဟုတ္​ပါဘူး။

ဆုိေတာ့ ခ်စ္​တတ္​တဲ့သူတုိင္​းမွာ အခ်စ္​မႈန္​မႈန္​ၿပီး ရူးသြပ္​စြာ ခ်စ္​ရတဲ့ ခံစားခ်က္​မ်ဳိးရွိၿပီးေတာ့ ရဲစြမ္​းသတၱိေတြ ခ်စ္​သူနဲ႔ ေနထုိင္​ရဖုိ႔ ဆုိရင္​ ဘာမဆုိ ရင္​ဆုိင္​ရဲတဲ့ ခြန္​အားေတြ ခ်စ္​ေနတဲ့အေတာအတြင္​းမွာေတာ့ အျပည္​့အဝ ရွိတတ္​ၾကပါတယ္​။

အဲဒါကုိ မ်က္​ကန္​းအခ်စ္​လုိ႔ေခၚတာ။ အနာဂတ္​ကုိ ႀကိဳ မျမင္​ႏုိင္​ေအာင္​ကုိ အခ်စ္​မ်က္​ကန္​း ကန္​းေနတာ။ တကယ္​ေတာ့ ဒါဟာေကာင္​းတဲ့ လကၡဏာေပါ့။
ဒီလုိသာ မကန္​းပဲ ေပါင္​းျပီးခါမွ ၾကဳံလာမယ္​့ ျပသနာကုိ ႀကိဳျမင္​ေနမယ္​ဆုိရင္​ေတာ့။ကမၻာမွာ လူမ်ဳိတုံးသြားပါလိမ္​့မယ္​။

ေနာက္​တခုက ရာခုိင္​နႈန္​း အနည္​းငယ္​ေသာ အိမ္​ေထာင္​သည္​ေတြက ဘယ္​ေလာက္​ပဲ အခက္​ခဲ ျပသနာေတြၾကဳံေစပါေစ ဘဝမုန္​တုိင္​းၾကားကေန နွစ္​ဦးစလုံး အတူရင္​ဆုိင္​ ေအာင္​ျမင္​ေက်ာ္​လႊားႏုိင္​ၾကတဲ့ စံထားေလာက္​တဲ့ အိမ္​ေထာင္​ရွင္​ေတြရွိပါတယ္​။

ဒီေတာ့ သူတို႔က ဘယ္​လုိလူေတြလဲ။??

စိတ္​ဓာတ္​ ခုိင္​မွာေသာသူ။ ။
စိတ္​ပ်က္​စရာၾကဳံလာတုိင္​း စိတ္​ဓာတ္​မက်ေအာင္​ ထိန္​းသိမ္​းႏုိင္​ေသာသူ။

ေမတၱာ ႀကီးေသာသူ။ ။ ဘယ္​သူမွားမွား ခြင္​့လႊတ္​ နားလည္​တတ္​ၿပီး ေမတၱာ ထားႏုိင္​ေသာသူ။

ကုိယ္​က်ဳိးမၾကည္​့တဲ့သူ။ ။
သားသမီး မ်က္​နွာပဲ ၾကည္​့ၿပီး သူတုိ႔ ဘဝေလးေတြအတြက္​ ကုိယ္​့ရဲ႕ စိတ္​ဆႏၵေတြကုိ ရုိက္​ခ်ဳိး ဖ်က္​ဆီးၿပီးသားသမီးေတြ မိစုံ ဖစုံနဲ႔ မ်က္​နွာမငယ္​ေအာင္​ ေနႏုိင္ေရး အတြက္​ ကုိယ္​က်ဳိးကုိ စေတးေသာသူ။

မာန စိတ္​ကုိ ရုိက္​ခ်ဳိးေသာသူ။ ။
လင္​မယားၾကားက မာနဟာ တျခားသူေတြၾကားမွာ ထားတဲ့ မာန ထက္​ အင္​မတန္ေၾကာက္​ဖုိ႔ ေကာင္​းပါတယ္​။လင္​မယားၾကားမွာ ထားတဲ့ မာနကုိ ရုိက္​ခ်ဳိး ဖ်က္​ဆီး ႏုိင္​ေသာသူ။

တာဝန္​ေက်ေသာသူ။ ။စယူတဲ့ တာဝန္​တခုကုိ အဆုံးတုိင္​ထမ္​း႐ြက္​ ႏုိင္​ေသာမိဘ။တခါ ဆုံးျဖတ္​တဲ့ ဆုံးျဖတ္​ခ်က္​ကုိ မျပင္​ေသာသူ။

ဒီလုိ အိမ္​ေထာင္​သည္​ေတြသာလ်င္​ ဆံျဖဴ အုိမင္​းတဲ့ ထိ အိမ္​ေထာင္​ေရးကုိ လွပခုိင္​ၿမဲ ေစၾကတာပါ။

အဲလုိ အိမ္​ေထာင္​သည္​ေတြ ျဖစ္​လာဖုိ႔အတြက္​ ခ်စ္​သူဘဝမွာ
မ်က္​စိမရွိတဲ့ အခ်စ္​နဲ႔ ခ်စ္​ၿပီး အရာရာကုိ ရင္​ဆုိင္​ ရဲတဲ့ သတၱိေတြ ရွိၾကပါေစ။ ။

ခ်စ္​သူ ကုိ ခ်စ္​ေနရင္​ သူ႔အနာဂတ္​ကုိ ႀကိဳမၾကည္​့ပါနဲ႔။

သူနဲ႔ ယူရင္​ ျပသနာေတြ အဲလုိၾကဳံရမွာ အထင္​နဲ႔ တျခား
တစ္​ေယာက္​နဲ႔ ယူရင္​လည္​း အတူတူပဲ ပုိေတာင္​ဆုိးခ်င္​ ဆုိးဦးမွာ။ ။

ဆုိေတာ့ ခ်စ္​သူရွိတဲ့ လူငယ္​ေတြ အိမ္ေထာင္​ျပဳဖုိ႔ ဘာလုိ႔တြန္​႔ဆုတ္​ ေနၾကတာလဲ။
လူပီသတဲ့ အလုပ္​ထဲ မွာ အိမ္​ေထာင္​ျပဳဖုိ႔လည္​း ပါပါတယ္​။အခ်စ္​အတြက္​ ကန္​းေနတဲ့ မ်က္​လုံးကုိ ခဲြစိတ္​ ျပဳျပင္​ရင္​ေတာ့ တသက္​လုံး အိမ္​ေထာင္​ ျပဳမိမွာ မဟုတ္​ဘူး။

Credit:sweaysone

Unicode ဖြင့်ဖတ်ရန်

လူတိုင်း ဘယ်သူမဆို အနာဂတ်မှာ ကြုံလာမယ့် ပြသနာကိုကြိုမြင်မယ်ဆိုရင် အဲဒီ ပြသနာဖြစ်လာစေမယ့် လမ်းကို
လွဲဖယ်ကြမှာပါပဲ။

ထိုနည်းတူပဲ ချစ်သူနှစ်ဦး ပေါင်းသင်းပြီး ငါးနှစ် အတွင်းကြုံလာမယ့် ပြသနာတွေကို ချစ်နေကြိုက်နေတဲ့ အချိန်ကတည်းက ကြိုတင် မြင်တွေ့ သိရှိနိုင်မယ် ဆိုရင်။ ။အရမ်းချစ်လှပြီ ဆိုတဲ့ ချစ်သူနှစ်ဦးဟာ ပေါင်းသင်းနေထိုင်ဖို့ဆိုတာ ၁၀ %တောင် မသေချာတော့ပါဘူး။

ကမ္ဘာမှာ ၅နှစ်အောက်(များသောအားဖြင့်) အိမ်ထောင်ရှင်တွေ ၄၀% လောက်က ကွာရှင်းပျက်စဲကြတယ်။ စိတ်ဓာတ်ရင့်ကျက်ပြီး ကလေးမျက်နှာ ငှဲ့နိုင်တဲ့သူတွေမှ အိမ်ထောင်ထိန်းသိမ်းနိုင်ကြတာပါ။

ဆင်းရဲ ချမ်းသာ ဘယ်အသိုင်းဝိုင်းမဆို အိမ်ထောင်ပြုတဲ့သူတိုင်း အခက်ခဲ ပြသနာတွေ အနည်းအများကြုံရကြပါတယ်။

မေတ္တာကြီးတဲ့သူဘက်က သို့မဟုတ် ဉာဏ်ကြီးတဲ့သူဘက်ကထိန်းသိမ်းနိုင်လို့သာ အိမ်ထောင်သက် ကြာမြင့်စွာ အိုမင်းမစွမ်းတဲ့ အထိ လက်တွဲနိုင်ကြတာပါ။ ဘာအခက်ခဲ ပြသနာမှမကြုံလို့ လက်တွဲနိုင်တာ မဟုတ်ပါဘူး။

ဆိုတော့ ချစ်တတ်တဲ့သူတိုင်းမှာ အချစ်မှုန်မှုန်ပြီး ရူးသွပ်စွာ ချစ်ရတဲ့ ခံစားချက်မျိုးရှိပြီးတော့ ရဲစွမ်းသတ္တိတွေ ချစ်သူနဲ့ နေထိုင်ရဖို့ ဆိုရင် ဘာမဆို ရင်ဆိုင်ရဲတဲ့ ခွန်အားတွေ ချစ်နေတဲ့အတောအတွင်းမှာတော့ အပြည့်အဝ ရှိတတ်ကြပါတယ်။

အဲဒါကို မျက်ကန်းအချစ်လို့ခေါ်တာ။ အနာဂတ်ကို ကြို မမြင်နိုင်အောင်ကို အချစ်မျက်ကန်း ကန်းနေတာ။ တကယ်တော့ ဒါဟာကောင်းတဲ့ လက္ခဏာပေါ့။
ဒီလိုသာ မကန်းပဲ ပေါင်းပြီးခါမှ ကြုံလာမယ့် ပြသနာကို ကြိုမြင်နေမယ်ဆိုရင်တော့။ကမ္ဘာမှာ လူမျိုတုံးသွားပါလိမ့်မယ်။

နောက်တခုက ရာခိုင်နှုန်း အနည်းငယ်သော အိမ်ထောင်သည်တွေက ဘယ်လောက်ပဲ အခက်ခဲ ပြသနာတွေကြုံစေပါစေ ဘဝမုန်တိုင်းကြားကနေ နှစ်ဦးစလုံး အတူရင်ဆိုင် အောင်မြင်ကျော်လွှားနိုင်ကြတဲ့ စံထားလောက်တဲ့ အိမ်ထောင်ရှင်တွေရှိပါတယ်။

ဒီတော့ သူတို့က ဘယ်လိုလူတွေလဲ။??

စိတ်ဓာတ် ခိုင်မှာသောသူ။ ။
စိတ်ပျက်စရာကြုံလာတိုင်း စိတ်ဓာတ်မကျအောင် ထိန်းသိမ်းနိုင်သောသူ။

မေတ္တာ ကြီးသောသူ။ ။ ဘယ်သူမှားမှား ခွင့်လွှတ် နားလည်တတ်ပြီး မေတ္တာ ထားနိုင်သောသူ။

ကိုယ်ကျိုးမကြည့်တဲ့သူ။ ။
သားသမီး မျက်နှာပဲ ကြည့်ပြီး သူတို့ ဘဝလေးတွေအတွက် ကိုယ့်ရဲ့ စိတ်ဆန္ဒတွေကို ရိုက်ချိုး ဖျက်ဆီးပြီးသားသမီးတွေ မိစုံ ဖစုံနဲ့ မျက်နှာမငယ်အောင် နေနိုင်ရေး အတွက် ကိုယ်ကျိုးကို စတေးသောသူ။

မာန စိတ်ကို ရိုက်ချိုးသောသူ။ ။
လင်မယားကြားက မာနဟာ တခြားသူတွေကြားမှာ ထားတဲ့ မာန ထက် အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။လင်မယားကြားမှာ ထားတဲ့ မာနကို ရိုက်ချိုး ဖျက်ဆီး နိုင်သောသူ။

တာဝန်ကျေသောသူ။ ။စယူတဲ့ တာဝန်တခုကို အဆုံးတိုင်ထမ်းရွက် နိုင်သောမိဘ။တခါ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို မပြင်သောသူ။

ဒီလို အိမ်ထောင်သည်တွေသာလျင် ဆံဖြူ အိုမင်းတဲ့ ထိ အိမ်ထောင်ရေးကို လှပခိုင်မြဲ စေကြတာပါ။

အဲလို အိမ်ထောင်သည်တွေ ဖြစ်လာဖို့အတွက် ချစ်သူဘဝမှာ
မျက်စိမရှိတဲ့ အချစ်နဲ့ ချစ်ပြီး အရာရာကို ရင်ဆိုင် ရဲတဲ့ သတ္တိတွေ ရှိကြပါစေ။ ။

ချစ်သူ ကို ချစ်နေရင် သူ့အနာဂတ်ကို ကြိုမကြည့်ပါနဲ့။

သူနဲ့ ယူရင် ပြသနာတွေ အဲလိုကြုံရမှာ အထင်နဲ့ တခြား
တစ်ယောက်နဲ့ ယူရင်လည်း အတူတူပဲ ပိုတောင်ဆိုးချင် ဆိုးဦးမှာ။ ။

ဆိုတော့ ချစ်သူရှိတဲ့ လူငယ်တွေ အိမ်ထောင်ပြုဖို့ ဘာလို့တွန့်ဆုတ် နေကြတာလဲ။
လူပီသတဲ့ အလုပ်ထဲ မှာ အိမ်ထောင်ပြုဖို့လည်း ပါပါတယ်။အချစ်အတွက် ကန်းနေတဲ့ မျက်လုံးကို ခွဲစိတ် ပြုပြင်ရင်တော့ တသက်လုံး အိမ်ထောင် ပြုမိမှာ မဟုတ်ဘူး။

Credit:sweaysone

LEAVE A REPLY