Zawgyi ဖြင့်ဖတ်ရန်

 






Credit:Zaw Zaw Moe

Unicode ဖြင့်ဖတ်ရန်

လိင်မှု ကိစ္စဟာ ပွင့်လင်း မြင်သာလာပြီး အချစ်စစ် ဆိုတာ ဈေးကြီး လာတယ် ။ အပျိုရည် လူပျိုရည် ပျက်မှာ ကြောက်ဖို့ ထက် ဖုန်းပျောက် မှာကို ပိုပြီး ကြောက်တတ် လာကြတယ် …. ။ ခေတ်မှီတယ် ဆိုတာ သောက်တတ် စားတတ် မှ ဆော်တွေ ဘဲတွေနဲ့ ပတ်ရှုပ် တတ်မှ လူရာဝင်တယ်လို့ ယူဆ ကြတယ် ။

ရေချိုးခန်း အိမ်သာဟာ ဓါတ်ပုံ ရိုက်ရတဲ့ စတူဒီယို တစ်ခု ဖြစ်လာတယ် …. ။ ဘုရားကျောင်းကန် ဟာ ချိန်းတွေ့ ဖို့ ဘုဖို့ နေရာကောင်း ဘိကောင်း ဖြစ်လာတယ် ။ အလိမ် အညာ သိမ်ဖျင်းတဲ့ ၁၀၀ ဖိုး သုံးပုဒ် တွေဟာ အမှန်တရား ဖြစ်လာတယ် …. ။ မိန်းကလေး တွေဟာ AIDS ဖြစ်မှာထက် ကိုယ်ဝန် ရမှာကို ပိုကြောက် လာကြတယ် ….. ။

တစ်စုံ တစ်ယောက်က အမှန်တရား ဘက်မှာနေပြီး လူတွေရဲ့ မကောင်းမှု အကျင့်ပျက်ခြစားမှုကို တော်လှန် ပုန်ကန်လာရင် အဲ့ကောင်ဟာ ပတ်ဝန်ကျင်း ရဲ့အဆိပ် ပြည်သူ့ ချဉ်ဖတ်ဖြစ်ပြီး ရွာပြင် ထုတ်ခံရမယ် …. ။

ရုပ်ရည်ထက် အဝတ်အစား ဖက်ရှင် နဲ့ သုံးဖြုန်းနိုင်မှုဟာ လူ့အဆင့်အတန်းဆိုတာဖြစ်လာတယ် ။ ငွေဟာ မိသားစု သူငယ်ချင်းအပေါင်းအသင်းနဲ့ လူမှုရေးထက် ပိုအရေးကြီးလာတယ် …. ။ လူငယ်တွေဟာ အချစ်ဆိုတာ တစ်ခုတည်းနဲ့ မိဘဆွေမျိုးတွေကို စွန့်ခွာဖို့ ဝန်မလေးကြတော့ဘူး ။

ယောင်္ကျားသားတွေဟာ အိမ်ထောင်ပြု ဖို့ ကြောက်ပြီး လိင်ဆက်ဆံဖို့ပဲ ပိုပြီမက်မောလာကြတယ် …. ။ အချစ်ကိုကစားသူဟာ ပျော်ရွှင်မှုတွေရပြီး အချစ်ကိုခံစားသူဟာ ပိုပြီးနာကျင်ရတယ် ။ အခုခေတ်မှာ အချစ်ဟာ ရေပေါ်ဆီ ။ လူသားမျိုးဆက်ရဲ့ လူသားဆန်မှု အသစ်အသစ်တွေလားတော့ မသိ … အဲ့တာတွေဟာ 21 ရာစုရဲ့အမှန်တရား ….. ။

Credit:Zaw Zaw Moe

LEAVE A REPLY